တစ်ကိုယ်ရည်သန့်ရှင်းရေးသည် လူတိုင်းအတွက် အရေးကြီးတဲ့အရာတစ်ခုဖြစ်ပါတယ်။ တစ်ကိုယ်ရည်သန့်ရှင်းမှသာလျှင် ကျန်းမာရေးနဲ့ ညီညွှတ်ပြီး ဖက်ရှင်ကျ ခန့်ညားနိုင်မှာပါ။

မိမိဖက်ရှင်ကို အလေးထားတဲ့ ယောကျာ်းများအတွက် တစ်ကိုယ်ရည်သန့်ရှင်းရေးကို ဘယ်လိုပြုလုပ်ရမလဲဆိုတာ ဝေမျှပေးချင်ပါတယ်။

မိမိအသုံးပြုနေတဲ့ ဆံပင်အတွက် ထုတ်ကုန်ပစ္စည်းများကို သေချာလေ့လာပါ

grooming tips for men

ကိုယ့်ရဲ့ဆံကေသာအမျိုးအစားကို သေချာသိထားဖို့လိုပါမယ်။ ကိုယ့်ဆံပင်က ဗောက်ထတတ်တဲ့ဆံကေသာလား၊ ကြမ်းတမ်းခြောက်သွေ့တဲ့ဆံကေသာလားဆိုတာ သိဖို့ကြိုးစားပါ။ ထို့နောက် တစ်ပတ်လျှင် နှစ်ကြိမ်ခန့် ခေါင်းလျှော်ပေးပါ။

ကိုယ့်ကိုယ်ပိုင်ရနံ့ကို ရှာဖွေပါ

grooming tips for men

ရေမွှေးအသုံးပြုတဲ့အခါ ရေမွှေးရနံ့တစ်ခုတည်းကို အသုံးပြုပါ။ ဒါမှမဟုတ် ရာသီဥတုအလိုက် အသုံးပြုနိုင်ပါသေးတယ်။ အဓိကအားဖြင့် ရေမွှေးရနံ့ နှစ်မျိုးခန့်ရှိရင် အဆင်ပြေပါပြီ။

မျက်နှာ ကြေးချွတ်ပါ

grooming tips for men

ကြေးချွတ်ဖို့အတွက် Scrub အမျိုးမျိုးပေါ်နေပြီဖြစ်ပါတယ်။ ကိုယ့်အသားအရေနဲ့ လိုက်ဖက်တဲ့ Scrub များ ဝယ်ယူပြီး တစ်ပတ်လျှင် တစ်ကြိမ်ခန့် Scrub တိုက်ပေးနိုင်ပါတယ်။ ဒါဆိုရင် မျက်နှာက အညစ်အကြေးကင်းစင်ပြီး ကြည်လင်နေမှာပါ။

မျက်နှာရှိ အမွှေးအမျှင်များကို သတိထားပါ

grooming tips for men

တချို့တွေက နှုတ်ခမ်းမွှေးအရှည်မြန်တတ်ကြပါတယ်။ တစ်ပတ်လျှင် နှစ်ကြိမ်ခန့်ရိတ်မှ အဆင်ပြေသူများဖြစ်ပါတယ်။ ထိုကဲ့သို့ အမွှေးအမျှင် သန်မာသူများအနေနဲ့ ကိုယ့်ရဲ့မျက်နှာကို ညှင်းသိုးသိုးကြီးမဖြစ်အောင်လို့ ကြည့်ကောင်းနေအောင်လို့ ပြုပြင်ထိန်းသိမ်းဖို့ လိုအပ်ပါတယ်။

နေလောင်ကာခရင်မ် လိမ်းကျံပါ

grooming tips for men

နေပူသည်ဖြစ်စေ၊ မိုးအုံ့နေသည်ဖြစ်စေ၊ အပြင်ထွက်ပြီဆိုတာနဲ့ နေလောင်ကာခရင်မ် မဖြစ်မနေ လိမ်းပေးဖို့လိုအပ်ပါတယ်။ နေလောင်ကာခရင်မ်သည် သင့်အသားအရေကို ခရမ်းလွန်ရောင်ခြည်ဒဏ်မှ ကာကွယ်ပေးပြီး အသားအရေမပျက်စီးအောင် ထိန်းသိမ်းပေးတာပါ။ နေလောင်ကာခရင်မ် ဝယ်တဲ့အခါမှာလည်း SPF 30 နှင့်အထက်ရှိသော နေလောင်ကာခရင်မ်မျိုးကို ရွေးချယ်ဝယ်ယူပေးပါ။

သွားကျန်းမာရေးကို ဂရုစိုက်ပါ

grooming tips for men

သွားနှင့် သွားဖုံးကျန်းမာနေဖို့အတွက် တစ်ရက်လျှင် နှစ်ကြိမ် သွားတိုက်ဖို့လိုအပ်ပါတယ်။ အစား စားပြီးတိုင်းမှာလည်း ပလုတ်ကျင်းဖို့ မမေ့ပါနဲ့။ သင့်သွားနဲ့ သွားဖုံးက ကျန်းမာနေမှသာ ကိုယ်အလိုရှိရာကို စားသုံးနိုင်မှာမဟုတ်လား။ ဒါ့အပြင် ပြုံးရယ်လိုက်တိုင်းမှာ သွားများက ဖြူဝင်းညီညာနေမှသာလျှင် ဆွဲဆောင်မှုတိုးမှာဖြစ်ပါတယ်။

Source: Esquire.com

Featured Image Source: Urban Men Outfits