တစ်ကိုယ်ရည်သန့်ရှင်းရေးသည် လူသားတိုင်းအတွက် အရေးကြီးပြီး သန့်ရှင်းသပ်ရပ်မှုအပြည့်နဲ့ ကြည့်ကောင်းနေစေပါတယ်။ တစ်ကိုယ်ရည်သန့်ရှင်းမှု မရှိသော ယောကျာ်းများအတွက် ပြင်ပမှု ရောဂါလက္ခဏာများသည် ခန္ဓာကိုယ်တွင်းသို့ အတားအဆီးမဲ့စွာဖြင့် ဝင်ရောက်လာမှာဖြစ်ပါတယ်။

ဒါ့ကြောင့် တစ်ကိုယ်ရည်သန့်ရှင်းရေးကို နေ့စဉ်ပုံမှန်ပြုလုပ်ပေးဖို့ရန်အတွက် သိထားသင့်တဲ့အချက်များကို ဝေမျှပေးလိုက်ရပါတယ်။

နှာခေါင်းမွှေးများကို ဖယ်ရှားပါ

grooming tips for men

Photo: Cnt Nar

နှာခေါင်းတွင်းရှိ နှာခေါင်းမွှေးတွေက အပြင်သို့ ထွက်နေခြင်းသည် သင်နဲ့ မျက်နှာချင်းဆိုင်စကားပြောနေရသူအဖို့ ကြည့်ရဆိုးစေပါတယ်။ သင်ကတော့ သင့် နှာခေါင်းမွှေးကို မှန်ကြည့်မှသာ မြင်ရမှာဆိုပေမယ့် အခြားသူက သင့်ကို အတော်ညစ်ပတ်တဲ့လူပါလားလို့ အထင်ခံရသွားစေပါတယ်။

မျက်ခုံးမွှေးများကို ပုံသွင်းပါ

grooming tips for men

မျက်ခုံးမွှေးတွေသည် ပြန့်ကျဲပြီး မညီမညာပေါက်နေတာဖြစ်ပါတယ်။ တကယ်လို့ သင်သည် မျက်ခုံးမွှေးများကို စနစ်တကျ ပုံသွင်းပြီး ရိတ်ထားမယ်ဆိုရင်တော့ သင့်ရဲ့မျက်နှာသည် ဆွဲဆောင်မှုရှိနေမှာဖြစ်ပါတယ်။

တစ်နေ့ နှစ်ကြိမ် သွားပုံမှန်တိုက်ပါ

grooming tips for men

လူတိုင်းရဲ့သွားတွေက ဖြူဖွေးဥနေမှာတော့ မဟုတ်ပါဘူး။ မျိုးရိုးလိုက်ပြီး သွားဝါတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒါပေမဲ့ ကိုယ့်ရဲ့သွားတွေကို ညီညီညာညာနဲ့ သွားကြေး(ချေး) များ ကင်းစင်အောင် ပြုလုပ်နိုင်ပါတယ်။ သွားကြားထဲမှာ အစာတွေ ကပ်မနေစေဖို့ အစားစားပြီးတိုင်း သွားကို ပုံမှန်ပလုတ်ကျင်းပေးလိုက်ပါ။ မနက်တစ်ကြိမ်၊ ညတစ်ကြိမ် သွားပုံမှန်တိုက်ပေးရပါမယ်။

အဝတ်အစားများကို တွန့်ကျေမနေစေဘဲ မီးပူတိုက်ပေးပါ

grooming tips for men

Photo: istockphoto.com

တွန့်ကျေနေသော အဝတ်အစားများကို ဝတ်ဆင်ခြင်းက သင့်ရဲ့ဖက်ရှင်ကို ကြည့်ရဆိုးစေပါတယ်။ ဒါပေမဲ့ အဝတ်အစားများကို ပုံမှန်မလျော်ဘဲ ဝတ်ပြီးသွားများကို ထပ်တလဲလဲ ဝတ်ဆင်ခြင်းက သင့်ရဲ့ခန္ဓာကိုယ်အနံ့ကို ပြင်းစေပါတယ်။ ဒါ့ကြောင့် ကိုယ့်ရဲ့အဝတ်အစားအပြင်အဆင်ကိုလည်း သေချာဂရုစိုက်ဖို့ လိုအပ်ပါတယ်။

ကိုယ့်မျက်နှာအသားအရေအတွက် သင့်တော်မယ့် မျက်နှာသစ်ဆေးများ အသုံးပြုပါ

grooming tips for men

ကိုယ်သုံးတဲ့ မျက်နှာသစ်ဆေးသည် ကိုယ့်မျက်နှာအသားအရေအတွက် သင့်တော်မှသာ မျက်နှာပေါ်မှာ ရှိတဲ့အညစ်အကြေးများ၊ ဝက်ခြံ၊ တင်းတိပ်များ ကင်းစင်ပြီး လှပချောမောတဲ့ မျက်နှာကို ပိုင်ဆိုင်နိုင်မှာပါ။ ဒါ့ကြောင့် မျက်နှာသစ်ခြင်းကိုလည်း မနက်တစ်ကြိမ်၊ ညတစ်ကြိမ် ပုံမှန်ပြုလုပ်ပေးရမှာဖြစ်ပါတယ်။

Source: Oprah.com

Featured Image Source: TheStyleWrites