အလေ့အကျင့် တစ်ခုဖြစ်ဖို့အတွက် (၂၁) ရက်နီးပါး လုပ်ဆောင်ရတယ်လို့ ကြားဖူးကြပါလိမ့်မယ်။ ဒါပေမယ့် ဒီအချက်က သက်သေပြထားခြင်း မရှိသေးပါဘူး။ လေ့လာမူတွေအရတေ့ အလေ့အကျင့် တစ်ခုလုပ်ယူဖို့အတွက် အနည်းဆုံး (၆၆) ရက်ကြာတယ်လို့ ဆိုထားပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် လူတွေမှတ်ယူထားတဲ့ ရွံစရာအလေ့အထတွေတစ်ချို့က ကျန်းမာရေးအတွက် အထောက်အကူပြုကြပါတယ်။

Kwee page က ကျန်းမာရေးအတွက်ကောင်းတဲ့ ရွံစရာအလေ့အထလေးတွေကို ဖော်ပြပေးလိုက်ပါ။

ရေချိုးနေစဉ် ဆီးသွားခြင်း

Source: Bright Side

ရေချိုးနေရင်း ဆီးသွားတာကို တခြားသူတွေကို ပြောပြရတာ ရွံစရာကောင်းပါတယ်။ ဒါပေမယ့် လေ့လာသူတွေရဲ့ တွေ့ရှိချက်အရ (၇၅) ရာခိုင်နှုန်းသောလူတွေဟာ သူတို့ဘဝမှာ အနည်းဆုံးတစ်ကြိမ်တော့ ရေချိုးနေရင်း ဆီးသွားကြပါတယ်။

ဆီးထဲမှာပါတဲ့ အက်ဆစ်တစ်မျိုးနဲ့အမိုးနီးယားတွေဟာ ခြေချောင်းတွေ မှိုစွဲတဲ့ အန္တာရာယ်ကနေ ကာကွယ်ပေးပါတယ်။ ပြီးတော့ ရေချိုးနေရင်း ဆီးသွားခြင်းက ရေချွေတာရာ ရောက်စေပါတယ်။

တံတွေးထွေးခြင်း

Source: Goal.com

အများပြည်သူသွားလာလှုပ်ရှားတဲ့နေရာတွေမှာ တံတွေးထွေးခြင်းက အင်မတန် ရွံစရာကောင်းပါတယ်။ ဒါပေမယ့် လေ့ကျင့်ခန်းလုပ်နေတဲ့အချိန်မှာ တံတွေးထွေးခြင်းက အသက်ရှူရလွယ်ကူအောင် ကူညီပေးပါတယ်။ ဒါကြောင့် ဘောလုံးသမားတွေက ကစားကွင်းထဲမှာ ခဏခဏ တံတွေးထွေးနေခြင်း ဖြစ်ပါတယ်။

လေလည်ခြင်း

Source: FM101.9

ပုံမှန်လူတစ်ယောက်ဟာ တစ်နေ့ကို (၁၄) ကြိမ်ခန့် ခန္ဓာကိုယ်ထဲက ဂတ်စ်တွေ အပြင်ကို ထုတ်လွှတ်လေ့ရှိပါတယ်။ တစ်ချိုအချိန်တွေမှာ လူတွေက သတိမထားမိလိုကြဘူး။

အစာခြေစနစ်က အစာစားပြီး (၆) နာရီအကြာလောက်မှာ ကာဗွန်ဒိုင်အောက်ဆိုက်၊ မီသိန်း ဓာတ်ငွေ့တွေကို ထုတ်လုပ်ပါတယ်။ လေလည်ခြင်းက ဒီဓာတ်ငွေ့တွေကို အပြင်ဘက်ကို ထုတ်လွှတ်ပေးပါတယ်။ တကယ်လို့ လေလည်တာကို ထိန်းထားမယ်ဆိုရင် ဗိုက်နာခြင်း ဗိုက်ဖောင်းခြင်းစတာတွေကို ဖြစ်ပေါ်စေနိူင်ပါတယ်။

လေချဉ်တတ်ခြင်း

Source: Harvard Health

အစာအများကြီး စားပြီးတဲ့အခါမှာ လေချဉ်တတ်တာက ဗိုက်အတွက် ကောင်းမွန်စေပါတယ်။ လေချဉ်တတ်ခြင်းက ဗိုက်အတွင်းမှာရှိတဲ့ မလိုအပ်သော လေတွေကို ထုတ်လွှတ်ပေးပါတယ်။ ဒါပေမယ့် တစ်နေကုန် လေချဉ်တွေ တတ်နေမယ်ဆိုရင်တော့ ဆရာဝန်နဲ့ ပြေးတွေ့လိုက်တာ အကောင်းဆုံးပါ။ အစာအိမ်နဲ့ ပက်သက်တဲ့ ရောဂါတခုခု ဖြစ်ပွားနိူင်ချေ ရှိနေတတ်ပါတယ်။

ရေမချိုးခြင်း

Source: Daily Express

နေ့တိုင်းရေချိုးနေခြင်းက အရေးပြာတွေပေါ်က လိုအပ်တဲ့ အဆီတွေကို ဆေးကြောပစ်နေတာနဲ့တူပါတယ်။ ဆပ်ပြာ မတိုက်ပဲနဲ့တောင် ရေချိုးခြင်းက အရေပြားပေါ်က လိုအပ်တဲ့ ဘတ်တီးရီးယားတွေကို သေစေနိုင်ပါတယ်။ ဒါကြောင့် တစ်ပက်ကို နှစ် ကြိမ် (သို့) သုံး ကြိမ်ခန့် ရေမချိုးဘဲ နေခြင်းက ကျန်းမာရေးအတွက် ကောင်းမွန်စေပါတယ်။