Covid – 19 ကာလအတွင်း အိမ်တွင်းအောင်းရတဲ့ ရက်တွေများလို့ ဘော်ဒါတွေအားလုံးလည်း ပျင်းရိငြီးငွေ့နေကြမယ်ထင်ပါတယ်။ အိမ်မှာနေရင်း ပျင်းနေကြတဲ့ ဘော်ဒါတို့အတွက် ရင်ခုန်စိတ်လှုပ်ရှားမှုအပြည့်ပေးမယ့် ပြိုင်ပွဲကြီးအကြောင်းရော သိပြီးကြပြီလား။ ဒီပြိုင်ပွဲကြီးကတော့ အကြမ်းဆုံးအပစ်အခတ်စွမ်းရည်တွေကိုမှ ကြိုက်နှစ်သက်တဲ့ဘော်ဒါတို့အတွက် Grand Royal Signature နဲ့ Vibrant Entertainment တို့မှ ပူးပေါင်းစီစဉ်တင်ဆက်လိုက်တဲ့ Vibrant We Are #1 League Season – 1 PUBG Mobile ပြိုင်ပွဲကြီးပဲဖြစ်ပါတယ်။

မြန်မာတစ်နိုင်ငံလုံးက PUBG Mobile ချစ်သူတွေ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး ပြည်တွင်းက PUBG Mobile Team ပေါင်း (၄၀၀) အားပြိုင်ကြမယ့် ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာ ပြိုင်ပွဲကြီးတစ်ခုပဲဖြစ်ပါတယ်။ ပြိုင်ပွဲပုံစံက Online League ဖြစ်တာကြောင့် အခုလိုအကန့်အသတ်ကာလတွေမှာ ပြိုင်ပွဲဝင်ကစားသမားတွေရော အားပေးကြမယ့် ဘော်ဒါတို့ပါ အပြင်သွားစရာမလိုပဲ အွန်လိုင်းကနေ အန္တရာယ်ကင်းကင်း ယှဉ်ပြိုင်ကစားကြမယ့် အမိုက်စားပွဲစဉ်တွေကို လက်မလွတ်တမ်း ကြည့်ရှုအားပေးနိုင်မှာဖြစ်ပါတယ်။

Online League ဆိုပေမယ့် ဆုကြေးအနေနဲ့က ဒေါ်လာ ၂၅၀၀ တောင်ဆိုတော့ တစ်သင်းနဲ့ တစ်သင်း အကြိတ်အနယ် ရင်ဆိုင်ယှဉ်ပြိုင်ပြီး ချန်ပီယံဆုကို အရယူကြမှာဖြစ်တာကြောင့် ရင်ခုန်စရာပြိုင်ပွဲတစ်ပွဲဖြစ်မယ်ဆိုတာ အသေအချာပါပဲ။ Open Qualifier အုပ်စုပတ်လည်ပွဲစဉ်တွေကို ဇူလိုင်လ (၄) ရက်နေ့ စတင်ယှဉ်ပြိုင်နေပြီဖြစ်ပါတယ်။ လာမယ့် ဇူလိုင်လ (၁၉) ရက်နေ့ဆိုရင် Open Qualifier ယှဉ်ပြိုင်ခဲ့တဲ့ Team (၄၀၀) ထဲကနေ နောက်ဆုံးကျန်ခဲ့တဲ့ (၈) သင်းက League Stage ကို တက်ရောက်လာမှာဖြစ်ပြီး ဖိတ်ခေါ်အသင်း(၁၆) သင်းနဲ့ ဆက်လက်ယှဉ်ပြိုင်ကြရမှာဆိုတော့ ပြိုင်ပွဲ ပွဲစဉ်တိုင်းက လုံးဝကို အမိုက်စားပါပဲ။

ပြိုင်ပွဲတစ်လျှောက်လုံးက ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာ ပွဲစဉ်တွေအားလုံးကို Vibrant We Are #1 League Page မှာ တိုက်ရိုက်ထုတ်လွင့်ပြသပေးသွားမှာဖြစ်တာကြောင့် ဘော်ဒါတွေနဲ့ အတူတူရင်ခုန်စွာ စောင့်မျှော်အားပေးလိုက်ပါဦးနော်။ Signature ဘော်ဒါတို့အတွက် ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာ ပြိုင်ပွဲကြီးကို အားပေးရင်း Grand Royal Signature က ချီးမြှင့်မယ့် ဆုလက်ဆောင်တွေရယူနိုင်မယ့် အစီအစဉ်တစ်ခုလည်းရှိပါသေးတယ်။ ဘော်ဒါတို့ရဲ့ဖုန်းမှာ အလန်းစား PUBG (Mobile) Wallpaper တွေချိန်းလိုက်ရုံနဲ့ ဆုလက်ဆောင်ရမှာဆိုတော့ လုံးဝမိုက်ပြီပေါ့။ ကံစမ်းမဲ အစီအစဉ်လေးမှာပါဝင်ချင်တဲ့ ဘော်ဒါတို့အနေနဲ့ လုပ်ဆောင်ရမယ့် စည်းကမ်းချက်းလေးတွေကို အသေးစိတ်ပြောပြပေးချင်ပါတယ်။

ပထမတစ်ချက်ကတော့ အလန်းစား PUBG (Mobile) Wallpaper တွေထဲကမှ ကိုယ်အကြိုက်ဆုံး တစ်ပုံကို ရွေးချယ်ပြီး ဖုန်း Wallpaper ပြောင်းရမှာပါ။ နောက်တစ်ချက်ကတော့ ပြောင်းထားတဲ့ ပုံကို https://www.facebook.com/101095994951423/posts/143149980746024/ ဒီပိုစ့်အောက်မှာ #GrandRoyalSignature #SignatureXPUBGMWallpaper #DiscoverYourChickenDinner ဆိုတဲ့ Hashtag စာသားနဲ့အတူ ဖိုတိုကောမန့်ပေးရမှာဖြစ်ပါတယ်။ ကံစမ်းထားတဲ့ ဘော်ဒါတွေထဲက Winner (၁၀) ဦးကို ရွေးချယ်ပြီး Grand Royal Signature က Bluetooth Speaker တွေကို ဆုလက်ဆောင်တွေအဖြစ် ချီးမြှင့်သွားမှာပါဖြစ်ပါတယ်။ ကံစမ်းနိုင်တဲ့ ကာလက ဇူလိုင်လ (၃၁) ရက်နေ့အထိပဲဆိုတော့ အမြန်ဆုံး Wallpaper ပြောင်းလိုက်ပါ Signature ဘော်ဒါရေ။

အခုလိုအစီအစဉ်တွေအပြင် တခြားစိတ်ဝင်စားစရာကောင်းတဲ့ အစီအစဉ်တွေလည်း ရှိသေးတာကြောင့် Vibrant We Are #1 League (https://web.facebook.com/weare1league/) ရဲ့ Facebook Page ကို Like & See First လုပ်ထားပြီး စောင့်မျှော်ကြည့်ရှုလိုက်ရအောင်။