ငယ်ဘဝ အမှတ်တရတွေကို ပြန်လည်ဖော်ဆောင်ပေးမယ့် ဂိမ်းတွေထဲမှာ ကားသူခိုးဂိမ်းလို့ လူသိများတဲ့ Grand Theft Auto ကတော့ ထိပ်ဆုံးက ပါမယ်ထင်ပါတယ်။ Grand Theft Auto က PlayStation 2 ခေတ်မှာ ဂိမ်းချစ်သူ အားလုံးနီးပါး ကြိုက်နှစ်သက်ခဲ့ကြတဲ့ ဂိမ်းတစ်ခုဆိုလည်း မမှားပါဘူး။ ထူးခြားတဲ့ မစ်ရှင်တွေ ၊ အလန်းစား Driving Mechanics တွေနဲ့ Players တွေ စိတ်ကြိုက် တလွဲတွေ အများကြီး လုပ်လို့ရတဲ့ ထူးထူးခြားခြား ဂိမ်းတစ်ခုဖြစ်တဲ့အတွက် ဆော့ရတာ ဘယ်တော့မှ မပျင်းရပါဘူး။ ကားသူခိုးဂိမ်းကို ကြိုက်နှစ်သက်တဲ့ အမာခံဖန်တွေအတွက် ဒီတစ်ခေါက်မှာတော့ GTA နဲ့ ခပ်ဆင်ဆင် Android ဖုန်းဂိမ်းတွေကို မျှဝေပေးပါမယ်။
(၁) Payback 2 – The Battle Sandbox
Source : Apex Designs
ကားသူခိုး စတိုင် ထပ်တူနည်းပါး ဆော့လို့ရမယ့် အမိုက်စား ဂိမ်းတစ်ခုပါ။ GTA လိုပဲ လက်နက်အမျိုးမျိုး အသုံးပြုပြီး ပစ်ခတ်တိုက်ခိုက်ရတာတွေ ၊ တင့်ကား / ပြိုင်ကားတွေ မောင်းရတဲ့ Missions တွေနဲ့ အခြား စိတ်ဝင်စားဖို့ကောင်းတဲ့ Challenge Missions တွေ အများကြီး ပါပါတယ်။ ဂရပ်ဖစ်ပိုင်း အသင့်အတင့် ကောင်းမွန်တယ်လို့ ပြောလို့ရပြီး Smooth ဖြစ်တဲ့ Controls တွေပါလို့ ဂိမ်းချစ်သူတွေကြားမှာ Feedback ကောင်း ရထားပါတယ်။
(၂) Gangster Crime
Source : Woop Woop Games
Gameplay ကတော့ Grand Theft Auto အတိုင်းပါပဲ။ ကားတွေ မောင်း ၊ သေနတ်ပစ် ၊ လမ်းမပေါ်က ပစ်ခတ် တိုက်ခိုက်မှုတွေနဲ့ Gangster ဆန်ဆန် ဆော့ရမယ့် ဂိမ်းပါ။ အမိုက်စား Missions တွေလည်းပါလို့ ကားသူခိုး ဖန်တွေ သေချာပေါက် ဆော့ကြည့် သင့်ပါတယ်။
(၃) Gangstar Vegas: World of Crime
Source : Gangstar
ဇာတ်လမ်းသွား မိုက်မိုက်လေးနဲ့ ကားသူခိုးအထာ ဆော့ရမယ့် ဂိမ်းဖြစ်ပါတယ်။ ပုံမှန်အတိုင်း ကားခိုးတာ ၊ ပြိုင်ဖက်ဂိုဏ်းတွေနဲ့ အပြိုင်အဆိုင် ဖိုက်ရတာ ၊ ဇာတ်လမ်းသွား နောက်ဆက်တွဲ Missions တွေ ကစားရတာ အပါအဝင် စိတ်ဝင်စားဖို့ကောင်းတဲ့ Gameplay ပုံစံတွေ ပါဝင်ပါတယ်။ ဂိမ်းနဲ့ ပတ်သတ်တဲ့ Updates အသစ်တွေ ၊ Player Events တွေကိုလည်း ပေးနေတဲ့ အတွက် ကွီးတို့ ဆော့ကြည့်ဖို့ ညွှန်းပေးလိုက်ပါတယ်။
(၄) Cyberika
Source : Cyberika: a Mobile Action Cyberpunk RPG
ပုံမှန် GTA ဂိမ်းပုံစံကိုမှ အနာဂတ် ကမ္ဘာသစ်တစ်ခုနဲ့ ပေါင်းစပ်ထားတဲ့ အထာကျကျ ဂိမ်းဖြစ်ပါတယ်။ ပြောရရင် Cyberpunk ဂိမ်းစတိုင် ဖြစ်ပြီး ဂိမ်းဇာတ်ကောင်တွေ ၊ သုံးရတဲ့ Weapon တွေနဲ့ ကားတွေကလည်း လုံးဝအလန်းစားပါပဲ။ ရန်သူတွေနဲ့ တိုက်ခိုက်တာ ၊ ကားပြိုင်မောင်းရတာတွေ ပါဝင်ပြီး ဂရပ်ဖစ် ကောင်းကောင်းနဲ့ ခပ်မိုက်မိုက် Cyberpunk ဂိမ်းတွေ ကြိုက်တယ်ဆိုရင်တော့ Try ကြည့်သင့်ပါတယ်။
Source : Android Police
Featured Photo : Games. lol