လက်ထပ်ဖို့အတွက် ဆုံးဖြတ်ထားတဲ့ အမျိုးသားတွေမှာ အရင်ဆုံးကြုံတဲ့ အခက်အခဲတစ်ခုက စေ့စပ်လက်စွပ် ဘယ်လိုဝယ်ရမလဲဆိုတာပါပဲ။ တစ်ခါမှလည်း လက်စွပ်မဝယ်ဘူးတဲ့သူ ၊ ကိုယ့်ကောင်မလေးရဲ့ လက်အရွယ်အစားနဲ့ စေ့စပ်လက်စွပ်အမျိုးအစားတွေနဲ့ နားဝေးတဲ့သူဆို ပိုဆိုးပါတယ်။

ဒီတော့ စေ့စပ်လက်စွပ်ဝယ်ရာမှာ ပြဿနာမရှိစေဖို့ အခုပြောမယ့် အချက်တွေကို နားလည်ထားသင့်ပါတယ်။

(၁) ပိုက်ဆံကောင်းကောင်းစုထားပါ

Source: Pixabay

စေ့စပ်လက်စွပ်ဝယ်တာဟာ အိမ်ထောင်ပြုတဲ့စရိတ်နဲ့ စာရင် ဘာမှမဟုတ်ဘူးဆိုပေမယ့် လက်ထဲ ပိုက်ဆံ လုံလုံလောက်လောက် ရှိတော့ အမျိုးအစား ပိုကောင်းတဲ့ စေ့စပ်လက်စွပ်ကို ဝယ်လို့ ရတာကြောင့်ပါ။ နောက်တစ်ခုကလည်း ဒီလက်စွပ်ကြောင့် ရှေ့ဆက်သွားမယ့် ဘဝခရီးမှာ အကြွေးတင်သွားတာမျိုး မဖြစ်စေသင့်ပါဘူး။

(၂) ကောင်မလေးရဲ့ လက်စွပ်ဆိုဒ် သိအောင် လုပ်ထားပါ

Source: Pixabay

ဒီလိုလုပ်ရာမှာ ကာယကံရှင် မသိအောင် လုပ်တာ ပိုကောင်းပါတယ်။ တကယ်လို့ ကောင်မလေးရဲ့ လက်စွပ် အရွယ်အစား မသိဘူးဆိုရင်တော့ ဝယ်လိုက်ရင် တစ်လွဲတွေ ဖြစ်ကုန်မှာပါ။ ကောင်မလေးကို Surprise လုပ်ဖို့အတွက် သူ့လက်စွပ်အဟောင်းကို လက်ဝတ်ရတနာရောင်းတဲ့ ဆိုင်ကို ယူသွားတာ ပိုအဆင်ပြေပါတယ်။

(၃) သူ့အကြိုက်ကို သိအောင်လုပ်ပါ

Source: Pixabay

စေ့စပ်လက်စွပ်ဆိုရင် သူမ ကြိုက်တတ်တဲ့ ပုံစံမျိုးကို အမှုမဲ့ အမှတ်မဲ့ မေးထားသင့်ပါတယ်။ Shopping Mall ကြီးတွေဘက် သွားဖြစ်လို့ လက်ဝတ်ရတနာဆိုင်တွေ ရှေ့ရောက်ချိန်မှာလည်း သူမကို ဘယ်လိုပုံစံ ကြိုက်သလဲဆိုတာ စကားတောက်ကြည့်သင့်ပါတယ်။

(၄) သတ္ထုအမျိုးအစား

Source: Pixabay

ဒီတစ်ခါ စဉ်းစားရမှာက ဘယ်လို လက်စွပ်မျိုး ဝယ်မလဲ ဆိုတဲ့ အချက်ပါ။ ရွှေ ၊ ငွေ ၊ ပလတ်တီနမ်နဲ့ Rose Gold စတဲ့ သတ္ထုအမျိုးအစားတွေထဲက တစ်ခုချင်း ရွေးရတော့မှာပါ။ ပလတ်တီနမ်ဟာ အကြမ်းခံမှုမြင့်မားတာကြောင့် နှစ်ပေါင်းများစွာ လက်မှာ ဝတ်ဖို့ အဆင်ပြေပေမယ့် ရွှေထက် အရောင်မှိန်တာ ပိုမြန်ပါတယ်။

ရွှေကျတော့လည်း ပလတ်တီနမ်ထက် အရောင်ပိုတောက်ပေမယ့် သတ္ထုသား ပျော့တာကို ထည့်တွက်ရမှာပါ။ အခုနောက်ပိုင်းမှာ ငွေလက်စွပ်ကို လူကြိုက်များလာတာကြောင့် ခေတ်မီတာ ကြိုက်တဲ့ အမျိုးသမီးဆိုရင် ပလတ်တီနမ်နဲ့ ငွေ တစ်ခုခု ရွေးသင့်ပါတယ်။

(၅) စိန်ဝယ်မယ်ဆို

Source: Pixabay

စေ့စပ်လက်စွပ်မှာပါတဲ့ ကွင်း အမျိုးအစား ရွေးပြီးပြီဖြစ်လို့ လက်စွပ်မှာ ကွပ်မယ့် စိန်ကို စဉ်းစားရတော့မှာပါ။ စိန်ရွေးရာမှာ အကွက် Cut ၊ အရောင် Color ၊ ကြည်လင်ရှင်းသန့်မှု Clarity နဲ့ အလေးချိန် ကာရက် Carat ကို ကြည့်ရမှာပါ။ စိန်ပုံစံကိုတော့ အဝိုင်းကွက် ၊ လေးထာင့် ဒီဇိုင်း ၊ သုံးမြောင့်ချွန် ၊ ဘဲဥပုံနဲ့ အသည်းနှလုံးဆိုပြီး ဒီဇိုင်း အမျိုးမျိုး ရှိပါတယ်။

စိန်သွေးကောင်းတဲ့ လက်ရာဟာ အရေးကြီးပါတယ်။ စိန်ကွက်ဖော်တာ လှမလှဟာ မျက်စိနဲ့ မြင်ရုံနဲ သိပါတယ်။ ကာလာကတော့ အရောင်မဲ့ D အဆင့်ကနေ အဝါနုရောင် Z အဆင့်ထိ ရှိပြီး တကယ်တမ်း အရောင်မဲ့တဲ့ စိန်ဟာ ရှားသလောက် ဈေးကြီးလွန်းပါတယ်။ အဖြူရောင် စိန်ကတော့ လူသုံးအများဆုံး ဖြစ်ပါတယ်။ အရာင်အပြင် စိန်ရဲ့ အနာမဲ့မှုနဲ့ အလေးချိန်ကာရက်များမှုကလည်း ဈေးစကားပြောပါတယ်။

(၆) လက်စွပ်ပုံစံ

Source: Pixaby

လက်စွပ်ပုံစံအမျိုးအစားမှာ Tiffany ကုမ္ပဏီရဲ့ ပင်တိုင်ဒီဇိုင်းကလည်း လူကြိုက်များပါတယ်။ ရိုးရှင်းတဲ့ဂန္တဝင် လက်စွပ်ဒီဇိုင်း ဖြစ်ပြီး မိန်းကလေးတွေနဲ့ ပိုလိုက်ဖက်ပါတယ်။ Eternity Band အမျိုးအစားမှာတော့ လက်စွပ်ကွင်းတစ်လျှောက်မှာ စိန်တွေ စီထားတာ ဖြစ်ပါတယ်။ အလားတူ ဒီဇိုင်းကိုမှ Channel Setting ဒီဇိုင်းမျိုးလည်း ထွက်ထားပါတယ်။

ပေါ့ပေါ့ပါးပါး Lifestyle မျိုးကို သဘောကျတဲ့ အမျိုးသမီးတွေအတွက် စိန်တစ်ပွင့်တည်းကို ပလတ်တီနမ်ကွင်းနဲ့ ပတ်ထားတဲ့ Bezel Setting ဒီဇိုင်းမျိုးကိုလည်း ရွေးသင့်ပါတယ်။