အမေရိကန် လူငယ်ရက်ပ်ပါ Gunna ရဲ့ DS4EVER အယ်လ်ဘမ်ဟာ Billboard 200 ဇယားမှာ နံပါတ်တစ် စွဲခဲ့တယ်လို့ ဆိုပါတယ်။

DS4EVER ဟာ Gunna ရဲ့ ပဉ္စမမြောက်အယ်လ်ဘမ်ဖြစ်ပြီး Top 10 စာရင်းဝင်ခဲ့တဲ့ လေးခုမြောက် အယ်လ်ဘမ်လည်း ဖြစ်ပါတယ်။ ဇန်နဝါရီ ၇ ရက်နေ့မှာ ဖြန့်ချိခဲ့တဲ့ ဒီအယ်လ်ဘမ်မှာ သီချင်းပုဒ်ရေ ၁၉ ပုဒ် ပါဝင်ပြီး 21 Savage ၊ Chris Brown ၊ Future ၊ Lil Baby ၊ Roddy Rich နဲ့ Young Thug တို့လည်း ပါဝင်ပြီး Featuring ဆိုပေးထားပါတယ်။ ဒီအယ်လ်ဘမ်အကြောင်းနဲ့ ထွက်ရှိမယ့်ရက်အကြောင်းကို ဇန်နဝါရီ ၁ ရက်နေ့က စပြီး ကြေညာခဲ့တာပါ။

DS4EVER

Photo: Billboard

Gunna ရဲ့ DE4EVER ဟာ ဇန်နဝါရီ ၁၃ ရက်နေ့မှာ ကုန်ဆုံးတဲ့ ရက်သတ္တပတ်က အမေရိကန်နိုင်ငံအတွင်းမှာကို အချပ်ရေ ၁၅၀၃၀၀ ရောင်းချနိုင်ခဲ့တယ်လို့ MRC Data က ဖော်ပြပါတယ်။ အခွေဖြန့်ချိပြီး တစ်ပတ်အတွင်း အယ်လ်ဘမ်ရောင်းအားအရ ဒါဟာ Gunna ရဲ့ စံချိန်သစ်တင်လိုက်တဲ့ ရက်သတ္တပတ်လည်း ဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ်တုန်းက Lil Baby နဲ့ တွဲပြီး ထုတ်ခဲ့တဲ့ Drip Harder ခွေဟာ ထွက်ပြီး တစ်ပတ်အတွင်း အချပ်ရေ ၁၃၀၀၀၀ ရောင်းချနိုင်ခဲ့တာဖြစ်လို့ DE4EVER ဟာ ပိုပြီး အားကောင်းတဲ့ မှတ်တိုင်တစ်ခုဆီ ရွေ့လျားနိုင်ခဲ့ပြီလို့ ဆိုရမှာပါ။

DE4EVER ကို iTunes Store မှာ ၇.၉၉ ဒေါ်လာ နဲ့ ရောင်းချပြီး Gunna ရဲ့ တရားဝင် Web Store ပေါ်မှာတော့ Digital Album တစ်ချပ်ကို ၄ ဒေါ်လာနဲ့ ဝယ်ယူနိုင်မယ်လို့ ဆိုပါတယ်။ ဒီအယ်လ်ဘမ်ရဲ့ CD ဗားရှင်းကတော့ ဖေဖော်ဝါရီလကုန် မတ်လဆန်းအထိ ထွက်လာဖို့ မရှိသေးဘူးလို့လည်း ဆိုပါတယ်။ Billboard 200 စာရင်းမှာ နံပါတ် ၁ အယ်လ်ဘမ်အဖြစ် ရပ်တည်နိုင်တာ Gunna အတွက် ဒီတစ်ကြိမ်က ပထမဆုံးတော့လည်း မဟုတ်ပါဘူး။ ၂၀၂၀ ခုနှစ်က ထွက်ခဲ့တဲ့ သူ့ရဲ့ Wunna အယ်လ်ဘမ်ဟာ Billboard 200 မှာ နံပါတ်တစ်ဖြစ်ခဲ့ပါတယ်။

gunna

Photo: Daily Rap Facts

၂၀၁၈ ခုနှစ်က ထွက်ခဲ့တဲ့ Gunna ရဲ့ Drip Season 3 ဟာ Billboard 200 မှာ နံပါတ်စဉ် ၅၅ နေရာရောက်ခဲ့ပြီး Drip Harder မှာ နံပါတ် စဉ် ၄ နဲ့ ၂၀၁၉ မှာ ဖြန့်ချိခဲ့တဲ့ Drip or Drown 2 မှာ နံပါတ် ၃ နေရာတွေက ရပ်တည်ခဲ့ပါတယ်။ လောလောဆယ် The Weeknk ရဲ့ အယ်လ်ဘမ်သစ် Dawn FM ကတော့ အခုတစ်ပတ် Billboard 200 ဇယားမှာ ဒုတိယ နေရာက လိုက်နေပါတယ်။

Featured Photo: digital feed media