ငယ်ရွယ်တဲ့ ကောင်မလေးတွေအနေနဲ့ ချစ်သူတစ်ယောက်ရွေးချယ်တော့မယ်ဆိုရင် ကိုယ်ထက်အသက်ကြီးတဲ့ ကိုကိုတွေကို ရွေးချယ်တာများပါတယ်။ မိန်းကလေးသဘာဝဆိုးချင် နွဲ့ ချင်ကြတဲ့သူတွေဖြစ်တဲ့အတွက် အရာရာစိတ်ရှည်သီးခံနိုင်တဲ့ နားလည်ပေးနိုင်တဲ့ ကိုကိုတွေကသာ သူတို့အတွက်အကောင်းဆုံးအဖော်မွန်လို့ သတ်မှတ်ထားကြတာဖြစ်ပါတယ်။ ဒါကြောင့် ကိုယ့်ထက်အသက်ငယ်တဲ့ခေးတွေနဲ့မှ ချစ်ကြိုးသွယ်ချင်ပါတယ်ဆိုတဲ့ ကွီးတွေအနေနဲ့ကတော့ ခေးတွေအများစု သဘောကျနှစ်သက်တဲ့ ကိုကိုတွေရဲ့ ပုံစံက ဘယ်လိုရှိတယ်ဆိုတာ သိထားဖို့တော့လိုမယ်နော်။

(၁) သည်းခံတတ်ရပါမယ်

Source : temando.io

ငယ်ရွှယ်လှပတဲ့ခေးအများစုက ကိုကိုတွေကို ကလေးလေးတစ်ယောက်လို ဆိုးချင်နွဲ့ချင်ကြတာပါ။ စိတ်ကောက်တာ ဆိုးတာနွဲ့တာတွေအားလုံး သည်းခံခွင့်လွတ်ပေးနိုင်ရပါမယ်။ ဒါမှလည်းညီမလေးတွေသဘာကျတဲ့ ကိုကိုတစ်ယောက်ဖြစ်မှာဖြစ်ပါတယ်။

(၂) ဦးစားပေးတတ်ရပါမယ်

Source : singleinthecity.ca

အရာရာဦးစားပေးတတ်တဲ့ ကိုကိုတွေကလည်း ခေးတွေရဲ့ အသည်းစွဲဖြစ်ပါတယ်။ သူတို့ကို ကလေးတစ်ယောက်လိုသဘောထားပြီး ဘယ်အရာမဆိုဦးစားပေးတာ ရှေ့တန်းတင်တာတွေကို ပိုပြီးသဘောကျကျပါတယ်။ ကိုယ်ထက်ငယ်တဲ့ညီမလေးတွေနဲ့ ချစ်သူဖြစ်ချင်ရင်တော့ ဦးစားပေးတတ်ဖို့ ပြင်ဆင်ထားရပါမယ်။

(၃) ဦးစီးဦးဆောင်နိုင်ရပါမယ်

Source : freepik.adobe.vip

မိန်းကလေးအများစုဟာ သူတို့ကိုဦးစီးဦးဆောင်နိုင်တဲ့ အမျိုးသားတွေကို ပိုပြီးသဘောကျတာဖြစ်ပါတယ်။ခေးတွေ သဘောကျရတဲ့ ကိုကိုတစ်ယောက်ဖြစ်ဖို့ဆိုရင် ပိုပြီးတောင်လိုအပ်ပါသေးတယ်။ အရာရာမှာ ရဲရဲဝံ့ဝံ့နဲ့ဦးဆောင်နိုင်တဲ့ ရှေ့ဆောင်လမ်းပြကောင်းတစ်ယောက်ဖြစ်ဖို့ အများကြီးလိုအပ်ပါတယ်။

(၄) လူကြီးဆန်ရပါမယ်

Source : kbc.co.ke

ဆိုးတက်နွဲ့တတ်တဲ့ ခေးတစ်ယောက်ပိုင်ဆိုင်ထားပြီး သူမနဲ့ အပြိုင်စိတ်ကောက်နေမယ်ဆိုရင်တော့ ဘယ်လိုမှအဆင်ပြေမှာမဟုတ်ပါဘူး။ သူတို့ကို လူကြီးဆန်ဆန် အဖေတစ်ယောက်လိုကာကွယ်ပြီး အကိုတစ်ယောက်လို ဂရုစိုက်ကာ ချစ်သူတစ်ယောက်လို ချစ်တတ်မှ အဆင်ပြေမှာဖြစ်ပါတယ်။ အမှားအမှန်ကိုလည်း ခွဲခြားပြကာ သူတို့ဘဝအတွက် လူကြီးဆန်ဆန်နဲ့ ကောင်းမွန်တဲ့အကြံပေးမှုတွေကိုလည်း ပြုလုပ်နိုင်ရမှာဖြစ်ပါတယ်။

(၅) လေးစားမှုရှိရပါမယ်

Source : lukasleonte.com

အသက်ငယ်သည်ဖြစ်စေကြီးသည်ဖြစ်စေ လူတစ်ယောက်နဲ့ တစ်ယောက်မှာ အပြန်အလှန်လေးစားမှုတော့ရှိသင့်ပါတယ်။ ချစ်စရာကောင်းတဲ့ ညီမလေးတွေက ကိုယ့်ထက်အသက်ငယ်ပေမယ့်လည်း သူတို့ နဲ့ ထိုက်တန်တဲ့လေးစားမှုတော့ ပေးရပါမယ်။ ဒါမှလည်း ကိုယ့်အပေါ်မှာပြန်လည်လေးစားမှုရရှိမှာဖြစ်ပြီး အဆင်ပြေတဲ့ အချစ်ခရီးလမ်းကိုလျှောက်လှမ်းနိုင်မှာဖြစ်ပါတယ်။