ကျန်းမာကြံ့ခိုင်တဲ့ Healthy Lifestyle တစ်ခုကို ထိန်းသိမ်းဖို့ဆိုရင် ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း လုပ်ဆောင်ခြင်းဟာ နံပါတ်တစ် အရေးကြီးဆုံးပါပဲ။ လေ့ကျင့်ခန်း ပုံမှန်လုပ်တာက စိတ်ရောကိုယ်ပါ ကျန်းမာကြံ့ခိုင်ပြီး တက်ကြွလန်းဆန်းတဲ့ နေ့ရက်တွေကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် Gym ကစားတာ ၊ ကိုယ်လက်လှုပ်ရှားမှု လုပ်တာဟာ သီးသန့်အချိန်တစ်ခုတော့ ပေးရပါတယ်။ ဒီလို အားကစားလုပ်ဖို့အတွက် အချိန်သီးသန့် မပေးနိုင်တဲ့ သူတွေအနေနဲ့ လိင်မှုကိစ္စ ချစ်တင်းနှော ခြင်းဟာ စဉ်းစားစရာ တစ်ခုပါ။ ဘာကြောင့်လဲဆိုရင် လိင်မှုဆိုင်ရာ လှုပ်ရှားမှုတွေဟာ လေ့ကျင့်ခန်း လုပ်ဆောင်သကဲ့သို့ အကျိုးကျေးဇူးများစွာ ပေးနိုင်လို့ပါပဲ။
(၁) နှလုံးခုန်နှုန်းကို တိုးစေတယ်
Photo : News18
လိင်မှုဆိုင်ရာ လှုပ်ရှားမှုတွေဟာ Cardiovascular လေ့ကျင့်ခန်းတွေ ၊ Aerobic လေ့ကျင့်ခန်းတွေနည်းတူ နှလုံးခုန်နှုန်းကို တိုးစေပြီး နှလုံးကျန်းမာရေးအတွက် အထောက်အကူ ပြုပါတယ်။ နှလုံးခုန်နှုန်း မြင့်မားလာတာနဲ့အမျှ နှလုံးကြွက်သားတွေကို သန်မာလာစေပြီး ခန္ဓာကိုယ်တွင်း သွေးလည်ပတ်မှုကိုလည်း ကောင်းမွန်စေဖို့ ကူညီပေးပါတယ်။
(၂) ကယ်လိုရီ လောင်ကျွမ်းစေတယ်
Photo : MedicalNewsToday
ကယ်လိုရီ လောင်ကျွမ်းဖို့ ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေ လုပ်စရာ မလိုပါဘူး။ ချစ်တင်းနှော ခြင်းဟာ ကယ်လိုရီ လောင်ကျွမ်းစေနိုင်တဲ့ အကောင်းဆုံး ကိုယ်လက်လှုပ်ရှားမှု တစ်ခုပါပဲ။ ခန္ဓာကိုယ် အလေးချိန် ၊ ဆက်ဆံမှု ကြာချိန် ၊ လှုပ်ရှားမှုအရှိန် အနှိမ့်အမြင့် အပေါ်မူတည်ပြီး လောင်ကျွမ်းနိုင်တဲ့ ကယ်လိုရီပမဏဟာ ကွဲပြားပါတယ်။ ပျှမ်းမျှအားဖြင့် ၂၅ မိနစ် ဝန်းကျင် ဆက်ဆံမှုအတွင်းမှာ အမျိုးသားတစ်ယောက်ဟာ ၁၀၁ ကယ်လိုရီခန့် လောင်ကျွမ်းနိုင်ပြီး အမျိုးသမီးတစ်ယောက်ကတော့ ၆၉ ကယ်လိုရီ လောင်ကျွမ်းနိုင်တယ်လို့ လေ့လာမှုတွေက ဖော်ပြထားပါတယ်။
(၃) ကြွက်သားတွေ ကျစ်လစ်စေတယ်
Photo : AugustMan
ချစ်တင်းနှော တဲ့အခါ ခန္ဓာကိုယ်တစ်လုံးက ကြွက်သားအစိတ်အပိုင်း အားလုံးကို လှုပ်ရှားပေးရတာ ဖြစ်ပါတယ်။ ခန္ဓာကိုယ်အပေါ်ပိုင်း ကြွက်သားတွေကစလို့ ဝမ်းဗိုက် ၊ နောက်ကျောနဲ့ ပေါင် ၊ ခြေသလုံး ကြွက်သားတွေအထိ မတူညီတဲ့ ကြွက်သားအုပ်စု တော်တော်များများကို ချိတ်ဆက်မှု လှုပ်ရှားပေး ရပါတယ်။ ဒါကြောင့် ပုံမှန်လိင်မှုဆိုင်ရာ လှုပ်ရှားမှုတွေကို လုပ်ဆောင်ခြင်းဟာ ခန္ဓာကိုယ်မှာရှိတဲ့ ကြွက်သားအုပ်စုတွေ အားလုံးကို ထိရောက်မှုရှိစေပြီး ကြွက်သားတွေ ကျစ်လစ်သန်မာလာစေဖို့အတွက် အထောက်အကူ ဖြစ်စေပါတယ်။
(၄) ခန္ဓာကိုယ် ပျော့ပြောင်းမှုနဲ့ တည်ငြိမ်မှုကို မြှင့်တင်ပေးတယ်
Photo : Online Counselling4U
ချစ်တင်းနှော တဲ့အချိန်အတွင်းမှာ မတူညီတဲ့ လိင်မှုဆိုင်ရာ လှုပ်ရှားမှုတွေကို ပြောင်းလဲလုပ်ဆောင်ကြတယ် မဟုတ်လား ? ဒီလို အမျိုးမျိုးသော လှုပ်ရှားမှုတွေဟာ ကြွက်သားတွေရဲ့ တင်းမာမှုတွေကို ပြေလျော့စေပြီး ခန္ဓာကိုယ်ရဲ့ ပျော့ပြောင်းမှုနဲ့ တည်ငြိမ်မှုကို မြှင့်တင်ပေးပါတယ်။ ဒါကြောင့် မတူညီတဲ့ လိင်ပိုင်းဆိုင်ရာ လှုပ်ရှားမှုတွေဟာ ခန္ဓာကိုယ်တစ်ခုလုံးရဲ့ ဟန်ချက်ညီမှုကို မြှင့်တင်ပေးပြီး လေ့ကျင့်ခန်း လုပ်ဆောင်သကဲ့သို့ ပေါ့ပါးသွက်လက်မှုတွေကို ခံစားရရှိနိုင်မှာ ဖြစ်ပါတယ်။
Source : Healthshots
Featured Photo : Stylist