Gym ဆိုတာ ဖက်ရှင်ရှိုးပြရာ နေရာမဟုတ်ဘူးဆိုပေမယ့် Gym သွားတဲ့သူတိုင်း ကိုယ်ဘာဝတ်သွားရမလဲဆိုတာနဲ့ ပတ်သက်လို့ ခဏခဏ စဉ်းစားနေမိကြမှာပါ။ အားကစားလုပ်ဖို့ သွားတဲ့အချိန်မှာ ဝတ်တဲ့ အဝတ်အစားတွေဟာ သက်တောင့်သက်သာရှိပြီး Gym ကစားရာမှာ ကိုယ့်ကိုယ်ကိုယ် ပိုပြီး ယုံကြည်မှုရှိစေဖို့ လိုပါတယ်။ နည်းနည်း ထပ်ပြီး ကွန့်ရမယ်ဆိုရင်တော့ Gym ကစားချိန်မှာ ကိုယ့်ရဲ့ ကိုယ်လုံးကိုယ်ပေါက်အလှကိုပါ ပေါ်လွင်အောင် Gym ဖက်ရှင်တွေက အထောက်အကူပြုပေးဖို့ လိုပါတယ်။ ဒါကြောင့် Gym မှာ ဆွဲဆောင်မှုရှိပြီး အားကစားလုပ်တာကို ပိုပံ့ပိုးပေးနိုင်မယ့် ဖက်ရှင်ပစ္စည်းတို့အကြောင်း မိတ်ဆက်ပေးလိုက်ပါတယ်။
(၁) Athletic Long-Sleeve

Photo: Luxe Digital
အားကစားရုံထဲကို သွားမယ်ဆိုရင် ဝတ်သင့်တဲ့ အဝတ်အစားတွေထဲက တစ်မျိုးက အားကစားသမားဝတ် လက်ရှည် T-Shirt ပဲ ဖြစ်ပါတယ်။ လက်ရှည်တီရှပ်တွေရဲ့ အားသာချက်က ဝတ်ထားတဲ့သူရဲ့ ကိုယ်လုံးကိုယ်ပေါက် ပြေပြစ်မှုကို မြင်သာစေပြီး အားကစားလုပ်ရာမှာလည်း သက်တောင့်သက်သာအဆင်ပြေတာပါပဲ။ အထူးသဖြင့် အပေါ်ပိုင်း ရင်အုံနဲ့ လက်မောင်းသားကောင်းသူတွေ ဝတ်လိုက်ရင် Long-Sleeve လက်ရှည် တီရှပ်တွေက ပိုလို့တောင် ကြည့်လို့ကောင်းပါတယ်။
(၂) Long Socks

Photo: Footwear News
ခြေအိတ်ရှည် Long Socks တွေက ဝိတ်မတဲ့သူတွေ ၊ Squatt ထိုင်တဲ့သူတွေအတွက် အသုံးတည့်တဲ့ Gym ပစ္စည်းလည်း ဖြစ်သလို Athletic ဆန်တဲ့ ဖက်ရှင်လည်း ပေးပါတယ်။ ခြေသလုံးသားကို တင်ပေးတဲ့စတိုင်မျိုး ဖြစ်လို့လည်း Gym မှာ ကိုယ့်ဘော်ဒီကို ပိုအကောင်ထွက်သယောင် ဖြစ်စေချင်သူတို့ ဝတ်ပေးသင့်ပါတယ်။ အရောင်ကတော့ အနက်ဖြစ်ဖြစ် အဖြူဖြစ်ဖြစ်ဘာပဲဝတ်ဝတ် အဆင်ပြေပါတယ်။
(၃) Shorts

Photo: HiConsumption
Gym မှာ ဝတ်ဖို့အတွက် ဘောင်းဘီတို ရွေးမယ်ဆိုရင် Seven-Inch Shorts လို့ ခေါ်တဲ့ ဒူးအထက် ၂ လက်မနဲ့ ၄ လက်မအကြားပဲ ရှိတဲ့ ဘောင်းဘီတို Shorts တွေ ရွေးသင့်ပါတယ်။ ဒါဟာ Squat ကစားရာမှာလည်း လှုပ်ရှားမှုကို အပြည့်အဝလုပ်နိုင်စေပြီး ပေါင်ကြွက်သားနဲ့ ဒူးခေါက်ခွက်ရဲ့ လုပ်ဆောင်ချက်ကို ပံ့ပိုးပေးနိုင်လို့ ဖြစ်ပါတယ်။ နောက်ပြီး Weight မချိန် ပေါင်ကြွက်သားစိုင်တွေရဲ့ ကြွက်သားလှုပ်ရှားမှုကို ပိုဖော်ပြနိုင်လို့ ဖြစ်ပါတယ်။
(၄) Joggers

Photo: menstylefashion
Tailored Joggers တွေကလည်း သင့် Gym ဖက်ရှင်မှာ အရေးပါတဲ့ အစိတ်အပိုင်းတွေ ဖြစ်နိုင်ပါတယ်။ Joggers တွေက သက်တောင့်သက်သာ ရှိတယ်။ ဝတ်တဲ့လူကို ကြည့်ကောင်းစေတယ်။ ကိုယ့်ဘော်ဒီနဲ့ Fit ဖြစ်တဲ့ Joggers ဘောင်းဘီတွေ ရွေးပါ။ Joggers တွေ ဝတ်ရင် Long Socks တွေ ဝတ်စရာတော့ မလိုပါဘူး။
(၅) Muscle Shirt

Photo: Men’s Health
အားကစားလုပ်သူတွေ အထူးသဖြင့် Strength Training ကစားတဲ့သူတွေအတွက် Muscle Shirt တွေက ရိုးရိုး Sports T-Shirt တွေထက် လူကို ပိုပြီး ဆွဲဆောင်မှု ရှိစေပါတယ်။ Muscle Shirt တွေက ကြွက်သားအလှပြဖို့ အကောင်းဆုံး တီရှပ်တွေထဲက တစ်ခုပါ။ နောက်ထပ်အားသာချက်က Muscle Shirt တွေဟာ ဈေးသက်သာတာပါပဲ။
