လေ့ကျင့်ခန်း မှန်မှန်ပြုလုပ်ခြင်းနှင့် ကျန်းမာရေးနှင့် ညီညွှတ်တဲ့အစားအစာများ စားသုံးခြင်းသည် ကျန်းမာလှပပြီး အဆီပိုများ ကင်းဝေးတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်စေပါတယ်။ ဒါပေမဲ့ Gym သွားပြီး လေ့ကျင့်ခန်း ပြုလုပ်ဖို့လည်း မအားဘူး ၊ အဆီလည်း ကျချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် နည်းလမ်း ကောင်း (၅) သွယ်ကို ပြုလုပ်ပေးနိုင်ပါတယ်။
ရေနွေးဖြင့် ရေချိုးပါ

ညနေခင်းမှာ ရေနွေးနွေးဖြင့် ရေချိုးခြင်းသည် စိတ်ဖိစီးမှုများကို ဖယ်ရှားပေးနိုင်တဲ့ အကောင်းဆုံး နည်းလမ်းပဲ ဖြစ်ပါတယ်။ ရေနွေးနွေးဖြင့် ရေချိုးတဲ့အခါ ခန္ဓာကိုယ်က သာမန်အပူချိန်အတိုင်းဖြစ်အောင် လိုက်လံထိန်းညှိ ပေးရပါတယ်။ ထိုကဲ့သို့ ထိန်းညှိစဥ်မှာ ကယ်လိုရီများစွာကို လောင်းကျွမ်းသွားအောင် ကူညီပေးနိုင်ပါတယ်။ ဒါပေမဲ့ ထိုကဲ့သို့ဖြစ်ဖို့ဆိုရင် ကွီးတို့အနေနဲ့ ရေနွေးဖြင့် တစ်နာရီခန့် ရေချိုးပေးဖို့ လိုအပ်ပါတယ်။
ရေအေး သောက်ပါ

တစ်နေ့တာလုံးမှ ရေဓာတ်ပြည့်ဝစွာ နေထိုင်ခြင်းသည် ယေဘုယျ ကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်တဲ့ အလေ့အကျင့်တစ်ခုဖြစ်ပါတယ်။ ရိုးရိုး ရေနှင့် ရေနွေးပူတို့ သောက်သုံးခြင်းထက် ရေအေး သောက်သုံးခြင်းသည် ကွီးတို့ရဲ့ ခန္ဓာကိုယ်ပေါ်ရှိ အဆီပိုများကို လျော့ချပေးနိုင်ပါသေးတယ်။
အိမ်သန့်ရှင်းရေးနှင့် အိမ်အလုပ်များ လုပ်ပါ

အိမ်သန့်ရှင်းရေး ပြုလုပ်ခြင်းနှင့် အိမ်အလုပ်များသည် အမျိုးသမီးတွေနှင့်သာ သက်ဆိုင်တာ မဟုတ်ပါဘူး။ လူသားတိုင်း တတ်မြောက်ထားသင့်တဲ့ ဘဝရှင်သန်ရပ်တည်ရန်အတွက် လိုအပ်တဲ့ အရည်အချင်းတစ်ခုပဲ ဖြစ်ပါတယ်။ ရေချိုးခန်းနံရံများနှင့် မှန်များ တိုက်ချွတ်ခြင်း အိမ်ခန်းထဲရှိ ဖုန်မှုန့်နှင့် အမှိုက်သရိုက်များ လှည်းကျင်းခြင်း အစရှိတဲ့ အိမ်အလုပ်များကို ၁ နာရီခန့် ပြုလုပ်ပေးခြင်းသည် ခန္ဓာကိုယ်ထဲရှိ ကယ်လိုရီများ ၁၀၀ ကျော်ခန့် လောင်ကျွမ်းသွားစေပါတယ်။ Gym သွားစရာလည်း မလို၊ အိမ်လည်း သန့်ရှင်းသပ်ရပ်သွားပြီး အဆီပိုများလည်း လောင်ကျွမ်းသွားစေမယ့် အကောင်းဆုံး နည်းလမ်း တစ်ခုပဲဖြစ်ပါတယ်။
လက်ဖက်စိမ်း ရေနွေးကြမ်း သောက်သုံးပါ

လက်ဖက်စိမ်းထဲတွင် Antioxidants များ ကြွယ်ဝစွာ ပါဝင်ပြီး အသားအရေကို ငယ်ရွယ်နုပျိုနေစေပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်တွင်းရှိ ကယ်လိုရီများကိုလည်း လောင်ကျွမ်းသွားစေပါတယ်။ ဒါပေမဲ့ တစ်ရက်လျှင် Green Tea တစ်ခွက်တည်း သောက်ရုံနဲ့တင် အလုပ်ဖြစ်မှာမဟုတ်ပါဘူး။ တစ်နေ့လျှင် ၃ ခွက်မှ ၅ ခွက်ခန့် သောက်ဖို့ လိုအပ်ပါတယ်။
မိမိရဲ့ အခန်းအပူချိန်ကို အေးနေအောင် ထားပါ

မိမိရဲ့ အခန်းအပူချိန်ကို အေးနေအောင် ထားခြင်းသည် ဝိတ်ကျချင်သူများအတွက် Gym သွားစရာမလိုဘဲ ဝိတ်ကျအောင် ကူညီပေးနိုင်တဲ့ လျှို့ဝှက် နည်းလမ်း တစ်ခုဖြစ်ပါတယ်။ ဝိတ်ကျဖို့အတွက် ရေအေး သောက်သုံးသလိုပဲ အခန်းအပူချိန်ကို အေးအေးလေးထားပြီး အိပ်စက်ခြင်းသည်လည်း ကိုယ်အလေးချိန်ကျအောင် ကူညီပေးပါတယ်။
ကွီးတို့ဆီမှာရော ဝိတ်ကျဖို့အတွက် ဘယ်လို လျှို့ဝှက်နည်းလမ်းများ ရှိပါသလဲ။ နည်းလမ်းကောင်းများ ရှိပါက ဝိတ်ကျချင်သူများအတွက် ဝေမျှပေးခဲ့နိုင်ပါတယ်။
Source: Brightside
Featured Image: Millennialgentleman
