Zawgyi Version
Source: Love Panky
- အမျိုးသမီးတွေကို ကြောက်တာက အကြောင်းမဲ့ဖြစ်တာ ဒါမှမဟုတ် ပုံကြီးချဲ့တာကို သိပေမဲ့ ကြောက်စိတ်ကို မထိန်းချုပ်နိုင်တာ။
- ဦးနှောက် အလုပ်လုပ်ပုံ ပြောင်းလဲသွားတာ တွေကြောင့် ဖြစ်နိုင်ပါတယ်။
Source: abcnews.go
Unicode Version
Gynophobia (မိန်းမကြောက်သောရောဂါ) ဆိုတာဘာလဲ။
မိန်းမတွေကို ကြောက်တဲ့ ရောဂါကို Gynophobia လို့ခေါ်ပါတယ်။
Gynophobia (မိန်းမကြောက်သောရောဂါ) လက္ခဏာတွေက ဘာတွေလဲ။
Source: Love Panky
အမျိုးသမီးတွေအကြောင်းတွေးလိုက်တာနဲ့ ရုတ်တရက် ကြောက်သွားတာ ဒါမှမဟုတ် စိတ်ပူသွားတာ။
အမျိုးသမီးတွေကို ကြောက်တာက အကြောင်းမဲ့ဖြစ်တာ ဒါမှမဟုတ် ပုံကြီးချဲ့တာကို သိပေမဲ့ ကြောက်စိတ်ကို မထိန်းချုပ်နိူင်တာ။
အမျိုးသမီးတွေ နဲ့နီးနီးကပ်ကပ်နေရရင် ပိုပြီးစိုးရိမ်ကြောင့်ကြမှု ပိုလာတာ
အမျိုးသမီးတွေရှိတဲ့ ပွဲလမ်းသဘင်တွေကို ရှောင်ဖို့ကြိုးစားတာ ဒါမှမဟုတ် အမျိုးသမီးတွေကို တွေ့ရမှာ စိတ်ပူတာ။
အမျိုးသမီးတွေကို ကြောက်တဲ့စိတ်ကြောင့် နေ့စဉ်အလုပ်တွေအပေါ် ထိခိုက်မှုရှိလာတာ။
အမျိုးသမီးတွေ အနားရောက်လာတဲ့အခါ ဒါမှမဟုတ် သူတို့အကြောင်းတွေးလိုက်တာနဲ့ ခေါင်းမှုလာတာ၊ ဗိုက်အောင့်လာတာ တုန်လှုပ်သွားတာတွေ ဖြစ်လာတာ တွေက Gynophobia (မိန်းမကြောက်သောရောဂါ) ရဲ့လက္ခဏာတွေပါ။
ကလေးတွေမှာတော့ ထိတ်လန့်သွားတာ၊ ငိုယိုတာနဲ့ အမျိုးသမီးတွေနား သွားဖို့ ငြင်းဆိုတာတွေကို တွေ့ရတတ်ပါတယ်။
ဘာလို့ Gynophobia (မိန်းမကြောက်သောရောဂါ) ဖြစ်ရတာလဲ။
Source: acrossthemargin
Gynophobia ဟာ သီးခြား ကြောက်စိတ်လွန်ကဲမှု ရောဂါတခုပါ။ ဘာလို့လဲဆိုတော့ တစုံတခု ကိုအကြောင်းမဲ့ ကြောက်စိတ်ဝင်နေလို့ပါ။ တခြား ကြောက်စိတ်လွန်ကဲမှု ရောဂါတွေလိုပဲ Gynophobia ဟာ လူတယောက်ရဲ့ နေ့စဉ် လူနေမှုဘဝ၊ အလုပ်နဲ့ လူမှုဆက်ဆံ ရေးတွေကို ထိခိုက်စေနိူင်ပါတယ်။
ကျွမ်းကျင်သူတွေကတော့ ဒီရောဂါက ဘာကြောင့် ဖြစ်ရတာလဲ တိတိကျကျ မသိရသေးဘူးလို့ ဆိုထားပါတယ်။ ဒီရောဂါကို ဦးတည်သွားစေတဲ့ အကြောင်းအရင်းအချိုကတော့;
အမျိုးသမီးတွေနဲ့ ပက်သတ်ပြီး ဆိုးရွားတဲ့ အတွေ့အကြုံ တွေရှိခဲ့တာ။ ဥပမာ စိတ်ပိုင်းဆိုင်ရာနဲ့ရုပ်ပိုင်းဆိုင်ရာ အနိူင်ကျင့်မှု ခံခဲ့ရတာ။ ပစ်ပယ်ခံရဖူးတာ။ လိင်ပိုင်းဆိုင်ရာ အနိူင်ကျင့်ခံရတာ။
ပက်ဝန်းကျင် အခြေအနေ ဒါမှမဟုတ် မိဘအသိုင်းအဝိုင်း တွေကနေတဆင့် သင်ယူခဲ့တာ
ဦးနှောက် အလုပ်လုပ်ပုံ ပြောင်းလဲသွားတာ တွေကြောင့် ဖြစ်နိူူင်ပါတယ်။
တချို့လူတွေမှာ ဒီရောဂါက ပိုမိုဖြစ်လွယ်ပါတယ်။ gynophobia ဖြစ်လွယ်တဲ့ သူတွေကတော့;
Source: abcnews.go
ငယ်ရွယ်တဲ့ သူတွေမှာ ပိုပြီး ဖြစ်လွယ်ပါတယ်။ ၁၀ နှစ်နဲ့ အောက်ကလေးငယ်တွေမှာ ပိုပြီးတွေ့ရလေ့ရှိပါတယ်။
မိသားစုဝင်တွေထဲမှာ ကြောက်စိတ်လွန်ကဲတဲ့ ရောဂါရှိတာ။
အရင်တုံးက အမျိုးသမီးတွေနဲ့ ဆိုးရွားတဲ့ အတွေ့အကြုံရှိခဲ့တဲ့သူတွေ။
အမျိုးသမီး မကောင်းကြောင်းတွေ ဒါမှာမဟုတ် ဆိုးရွားတဲ့ အမျိုးသမီးတွေအကြောင့် ဖတ်နေတဲ့သူတွေ ဒါမှမဟုတ် တွေ့ကြုံခဲ့ရတဲ့ သူတွေမှာ ပိုပြီး ဒီရောဂါဖြစ်လွယ်ပါတယ်။
ဆရာဝန်နဲ့ ပြဖို့လိုအပ်လာ။
Source: Medical News Today
တကယ်လို့ ဒီ Gynophobia (မိန်းမကြောက်သောရောဂါ) ဟာ သင့်ရဲ့ ဘဝအတွက် အတားအဆီး တခုဖြစ်လာနေတယ်ဆိုရင်တော့ ကျွမ်းကျင်တဲ့ ဆရာဝန်တွေနဲ့ ပြသသင့်ပါတယ်။
ဆရာဝန်တွေက စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်မှုတွေ ကုသမှုတွေ ပြုလုပ်ပေးနိူင်ပါတယ်။ Gynophobia (မိန်းမကြောက်သောရောဂါ) ကို အရမ်းကြီး စိတ်ပူစရာမလိုပါဘူး။ ဂရုတစိုက် ကုသမှုနဲ့ နေ့စဉ်လူနေမှု ဘဝကို ပြောင်းလဲနိူင်မယ်ဆိုရင် ပျောက်ကင်းနိူင်ပါတယ်။