ခံတွင်းကျန်းမာရေးက လူတိုင်းအတွက် အလွန်အရေးကြီးပါတယ်။ အနောက်နိူင်ငံကလူတွေ တော်တော်များများဟာ သွားနှင့်ခံတွင်း ဆရာဝန်တွေနဲ့ ခြောက်လ တစ်ကြိမ်တွေ့ပြီး ကျန်းမာရေးစစ်ဆေးလေ့ရှိပါတယ်။

အမှန်တော့ ဒီလောက်ကြီးထိ လုပ်စရာမလိုအပ်ပါဘူး။ သင့်ရဲ့နေ့စဉ်ပြုနေလေ့ရှိတဲ့ အမူအကျင့်တွေက ခံတွင်းအတွက် အရေးပါပါတယ်။ ဒီနေ့ kwee ကနေပြီးတော့ နေ့စဉ် လုပ်နေကျ ဘယ်လိုအမူအကျင့်တွေက သွားကို ထိခိုက်ပျက်စီးစေနေသလဲ ဆိုတာပြောပြပေးသွားမှာပါ။

သွားတိုက်ကြမ်းခြင်း

Source: Minovi Dental

သွားပိုးစားခြင်းနဲ့ ခံတွင်းအနံ့ဆိုးခြင်းတို့အတွက် တစ်နေ့နှစ်ကြိမ်လောက်သွားတိုက်ပေးဖို့လိုအပ်တာမှန်ပါတယ်။ ဒါပေမယ့် တိုက်ပုံတိုက်နည်းမမှန်ပါက သွားကြွေလွှာတွေပျက်စီးပြီး သွားဖုံးထိခိုက်ပြီး သွားကိုထိခိုက်လွယ်စေပါတယ်။သွားတိုက်တဲ့အခါ သွားပွတ်တံပျော့ပျော့နဲ့ စက်ဝိုင်းပုံသဏ္ဍာန် ညင်သာစွာ တစ်နေ့နှစ်ကြိမ် တိုက်ပါ။

အက်စစ်ဓာတ်များလွန်းသောအစားအစာများအလွန်အကျွန်စားခြင်း

Source: Healthline

အက်စစ်ဓာတ်များတဲ့အစားအစာတွေ စားလွန်းရင် သွားကြွေလွှာပျက်စီးပါတယ်။ ကြွေလွှာပျက်စီးခြင်းရဲ့နောက်ဆက်တွဲအနေနဲ့ သွားပိုးစားခြင်း၊ သွားကျဉ်ခြင်းနဲ့တခြားပြဿနာတွေဖြစ်လာနိူင်ပါတယ်။ ပြီးတော့ အက်စစ်ဓာတ်များတဲ့အစားအစာတွေ စားပြီး အနည်းဆုံး နာရီဝက်လောက်ကြာတဲ့အထိ သွားမတိုက်ဖို့ လိုပါတယ်။

ပုလင်းအဖုံးတွေ၊ မုန့်ထုတ်တွေကိုသွားနဲ့ကိုက်ဖွင့်ခြင်း

Source: Defacto Dentists

မုန့်ထုတ်တွေကို သွားကိုအလွှာကွာစေပြီး ကျိုးပဲ့စေနိုင်ပါတယ်။ ပုလင်းအဖုံးတွေကို သွားနဲ့ကိုက်ဖွင့်ရင်ပိုဆိုးပါတယ်။ ဒါကြောင့် ပုလင်းအဖုံးတွေဖွင့်တော့မယ်၊ မုန့်ထုတ်တွေကိုဖောက်တော့မယ်ဆိုရင် ကက်ကြေး၊ပုလင်းအဖုံးဖွင့်တဲ့အရာတွေ အသုံးပြုပေးပါ။

ရေခဲတုံး ဝါးစားခြင်း

Source: WebMD

ရေခဲတုံးဝါးစားခြင်းက သွားကိုကျိုးအက်မှုဖြစ်စေနိုင်ပြီး အကာအကွယ်ဖြစ်တဲ့ ကြွေလွှာကို ထိခိုက်ပျက်စီးစေပါတယ်။ ဒါကြောင့် ရေခဲတုံးဝါးစားတဲ့အကျင့်ကို ဖျောက်ပေးဖို့လိုအပ်ပါတယ်။ အအေးဆိုင်တွေ ထိုင်ရင် မိမိသောက်မယ့်အအေးထဲမှာ ရေခဲတုံးတွေ မထည့်ပေးဖို့ ပြောပေးပါ။ ဒါမှာ ရေခဲဝါးတဲ့ အကျင့်ကို ဖျောက်နိူင်မှာပါ။

လိုအပ်တဲ့ရေပမာဏ မရရှိခြင်း

Source: BT

တစ်နေ့တာလုံးမှာ ရေအလုံအလောက်မသောက်ဘူးဆိုရင် ခန္ဓာကိုယ်က ရေဓာတ်ခန်းခြောက်လာနိူင်ပြီး ခံတွင်းမှာလည်း တံတွေးအထွက်နည်းစေပြီး အာခေါင်ခြောက်စေနိုင်ပါတယ်။ တံတွေးက အစားအစာနဲ့သောက်စရာတွေထဲက အက်စစ်တွေကို ပျော်ဝင်စေဖို့လုပ်ဆောင်ပေးတာကြောင့် အရေးပါတဲ့အရာတစ်ခုဖြစ်ပါတယ်။ ဒါ့ကြောင့် ရေသောက်နည်းရင် တံတွေးနည်းမယ်၊ တံတွေးနည်းရင် သွားပိုးစားဖို့ ဖြစ်လာနိူင်ပါတယ်။

ဒါကြောင့် မိမိသွားကိုချစ်တယ်နှမြောတယ်ဆိုရင်တော့ ရေအလုံအလောက်သောက်သုံးပေးဖို့ အကြံပေးချင်ပါတယ်။