တချို့သော အလေ့အကျင့်တွေက ဖျောက်ရခက်တာအမှန်ပါပဲ။ အထူးသဖြင့် မနက်ခင်းတွေမှာ အချိန်သိပ်မရတာကြောင့် အကျင့်ဆိုးတွေ ရတတ်ကြပါတယ်။ မနက်ခင်းဆိုတာ အလေ့အကျင့်ဆိုးတွေနဲ့အစပြုဖို့ အကောင်းဆုံးနည်းလမ်း မဟုတ်ပါဘူး။ ဒါကြောင့်အခုပြောပြမယ့်အလေ့ကျင့်လေးတွေလုပ်မိနေတယ်ဆိုရင် ချက်ချင်းရပ်တန့်ဖို့ အကြံပြုချင်ပါတယ်။

(၁) ရေပူချိုးခြင်း

Hot showers

Source: Chai Bisket

ရေပူနဲ့ ရေချိုးတာက အကြောအချင်တွေ ပြေစေပါတယ်။ မနက်ခင်း ရေပူနဲ့ ချိုးမယ်ဆိုရင် အိပ်ရာပေါ်ပြန်သွားချင်တဲ့ စိတ်ဖြစ်ပေါ်လာတတ်ပါတယ်။ ဒါကြောင့် ရေအေးနဲ့ချိုးတာက ပိုကောင်းပါတယ်။ ရေအေးနဲ့မချိုးနိုင်ရင် ရေပူနဲ့အရင် ချိုးပြီး နောက်ဆုံးမှာ ရေးအေးနဲ့ ၁ မိနစ်လောက် ပြန်ချိုးပေးပါ။ ရေအေးနဲ့ ရေချိုးတာက တစ်နှစ်ကို ၉ ပေါင်ခန့် ကျစေပါတယ်။

(၂) Black Coffee သောက်ခြင်း

 black coffee

Source: IndiaTV News

မနက်နိုးနိုးခြင်း black coffee သောက်တာက cortisol ပါဝင်မှုနှုန်းကို မြင့်တတ်စေပြီး နှလုံးခုန်မြန်စေကာ စိုးရိမ်ပူပန်ခြင်းကို ဖြစ်စေပါတယ်။ လေ့လာမှုတွေအရ black coffee သောက်ဖို့အကောင်းဆုံးအချိန်က အိပ်ရာထပြီး နောက် ၃ နာရီ သို့ ၄ နာရီ လို့ ဆိုထားပါတယ်။ မနက်ခင်း black coffee သောက်တာကို မဖျောက်နိုင်ဘူးဆိုရင်တော့ ခရင် ဒါမှမဟုတ် နို့ ဖြစ်ဖြစ် ထည့်ပြီးသောက်ပေးသင့်ပါတယ်။

(၃) ဖုန်းသုံးခြင်း

hand holding mobile smart phone

Source: The Conversation

တစ်နေ့တာလုံးမှာ မနက်ခင်းက အရေးကြီးပါတယ်။ ဒါကြောင့် မနက်ခင်းနိုးတာနဲ့ ဖုန်းကိုင်ပြီး ဆိုရှယ်မီဒီယာပေါ်မှာအချိန်ဖြုန်းတာတွေ မလုပ်သင့်ပါဘူး။ အလုပ်နဲ့ ပက်သတ်တဲ့ အီးမေးလ်စစ်တာတွေကလည်း မလုပ်သင့်ပါဘူး။ ကိုယ်ကြိုက်တဲ့ သီချင်းကိုဖွင့် ကိုယ်ချစ်ခင်တဲ့သူတွေကို အချိန်ပေးပြီး အရသာရှိတဲ့ အစားအစာတွေကို ချက်ပြုက်စားသောက်တာက မနက်ခင်းကို ပိုမိုပြည့်စုံစေပါတယ်။

(၄) ရေမချိုးခြင်း

Man washing hair in shower

Source: The Guardian

ဟားဗက်က ဆရာဝန်တွေရဲ့ပြောဆိုချက်အရ မနက်ခင်းရေချိုးတဲ့အခါမှာ လန်းဆန်းတတ်ကြွစေပြီး ပြဿနာတွေကို လွယ်လွယ်ကူကူဖြေရှင်းဖို့ အထောက်အကူပြုကြောင်း ဆိုထားပါတယ်။ မနက်ခင်းရေချိုးခြင်းက ဦးနှောက်ကို လှုံ့ဆော်ပေးပြီး အကြံဉာဏ်အသစ်တွေ ရရှိစေပါတယ်။ ဒါကြောင့် မနက်ခင်းရေမချိုးတဲ့ အကျင့်ကို ဖျောက်ဖို့ လိုအပ်ပါတယ်။ ရေချိုးမယ်ဆိုရင်လည်း အပေါ်မှာပြောခဲ့သလို ရေပူချိုးတာကိုရှောင်ကပြီး ရေအေးနဲ့သာချိုးပါ။

Featured Photo : Drip Drop