အောင်မြင်ပျော်ရွှင်တဲ့ အချစ်ရေးဆိုတာ လူတိုင်းလိုချင်တဲ့အရာတစ်ခုပါ။ Relationship တစ်ခု ရေရှည်ခိုင်မာတည်မြဲဖို့ဆိုတာ ထင်သလောက်တော့ မလွယ်ပါဘူး။ သို့သော်ကွီးတို့ရဲ့အချစ်ရေးကို အချိန်ကြာကြီးလက်တွဲခိုင်မြဲချင်တယ်ဆိုရင်တော့ အခုပြောမယ့် ပျော်ရွှင်တဲ့စုံတွဲတွေရဲ့ အလေ့အထကောင်းတွေ တချို့ကိုလေ့လာကြည့်လိုက်ပါ။

(၁) တူညီတဲ့ဝါသနာတွေရှိတယ်

Happy Couple Cooking Food At Home Kitchen

Photo : Women’s Health

ဝါသနာ ၊ ဓလေ့စရိုက် တူတဲ့ စုံတွဲတွေဟာ ပြတင်းတစ်ပေါက်တည်းကနေ အပြင်လောကကို ကြည့်သလို အမြင်တူမျှကြပါတယ်။ အမြင်တူခြင်းဟာ ပိုပြီး နီးစပ်စေတဲ့ အကြောင်းတရားပါ။ ဒီအကြောင်းတရားကြောင့်ပဲ ချစ်သူတွေဟာ နှစ်တွေအကြာကြီး အချစ်ရေးခိုင်မြဲကာ ပျော်ပျော်ကြီး လက်တွဲဖြစ်ကြတာ ဖြစ်ပါတယ်။

(၂) အချိန်တွေခွဲထားတယ်

happy couple sitting on sofa

Photo : Thehappy Couple Expert

တစ်ယောက်နဲ့ တစ်ယောက် ကိုယ်ပိုင်လွတ်လပ်ချိန်ဆိုတာ မဖြစ်မနေထားရှိဖို့ လိုအပ်ပါတယ်။ ရေရှည်လက်တွဲတဲ့ချစ်သူစုံတွဲတွေဟာ လူတစ်ယောက်ရဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့်ကို ကောင်းကောင်းနားလည်ကြပြီး ကိုယ့်ရဲ့သီးသန့်အချိန်လေးတွေမှာ အနှောက်ယှက်ပေးတာမျိုးတွေမလုပ်ပဲ လွတ်လပ်စွာနေခွင့်ပေးထားကြပါတယ်။

(၃) အပြန်အလှန်ပံ့ပိုးတယ်

Loving and happy couple hugging

Photo : ReGain

စိတ်ပိုင်း ရုပ်ပိုင်းအားဖြင့်ရော အပြန်အလှန်ပံ့ပိုးမှု မရှိရင် အချစ်ရေးဟာ တည်မြဲတာရှည်ဖို့ မလွယ်ပါဘူး။ လူဟာ Physical Support အပြင် Emotional Support ပါ လိုပါတယ်။ ကျဉ်းထဲကြပ်ထဲမှာ နားလည်ပံ့ပိုးပေးမယ့် လက်တွဲဖော်ဟာ တကယ့်အားဆေးပါ။ ဒါကြောင့်ပဲ လက်တွဲဖော်လို့ ခေါ်တာ ဖြစ်ပါတယ်။

(၄) ချစ်တာကိုသိစေတယ်

Happy Couple looking each other and laughing together

Photo : Wolipop

အချစ်ဆိုတာ တကယ်တော့ထုတ်ဖော်ပြသဖို့လည်း လိုအပ်ပါတယ်။ ချစ်တော့ချစ်တယ် အချစ်တွေကိုထုတ်မပြတက်ဘူးဆိုရင်လည်း ဒါဟာမှားယွင်းတဲ့ အယူအဆတစ်ခုလို့ပြောရမှာပါ။ တစ်ယောက်ကိုတစ်ယောက်ချစ်တဲ့အချစ်တွေကို ထုတ်ပြမှသာကြည်နူးပျော်ရွှင်ဖို့ကောင်းတဲ့ အချိန်တွေကိုပိုင်ဆိုင်ရနိုင်မှာဖြစ်ပါတယ်။

Featured Photo : Inspiring Tips