သင့်ပတ်ဝန်းကျင်းမှာ အချိန်တိုင်းလိုလိုတက်ကြွလန်းဆန်းနေတဲ့ သူမျိုးတွေ့ဖူးပါသလား။ ဒီလိုအမြဲတက်ကြွလန်းဆန်းနေသူတွေကို လူတိုင်းအားကျမိကြတာအမှန်ပါ။ တကယ်တော့ ကိုယ်ရဲ့တနေ့တာ ဖြတ်သန်းမှုပုံစံလေးတွေက တက်ကြွပျော်ရွှင်ဖွယ်ရာတနေ့တာဖြစ်ဖို့ အများကြီးသက်ဆိုင်ပါတယ်။ ဒီဆောင်းပါးလေးမှာတော့ အမြဲတက်ကြွလန်းဆန်းနေသူတွေမှာရှိတက်တဲ့အလေ့အကျင့်ကောင်းလေးတွေကို စာဖတ်သူတွေသိရှိစေဖို့ မျှဝေပေးလိုက်ပါတယ်။
(၁) အကောင်းမြင်စိတ်ထားတယ်

Source : TimeAndDate
အကောင်းမြင်စိတ်က လူတစ်ယောက်အပေါ်အများကြီးပြောင်းလဲသွားနိုင်ပါတယ်။ များသောအားဖြင့်အကောင်းမြင်စိတ်ထားခြင်းကြောင်း စိတ်ဖိစီးမှုတွေတော်ရုံမခံစားရပဲ လန်းဆန်းတက်ကြွနေတာဖြစ်ပါတယ်။ အကောင်းမြင်စိတ်က တကယ်ပဲ စိတ်ဖိစီးမှုနဲ့ မကောင်းတဲ့ခံစားချက်တွေကိုလျော့ကျစေပြီး တက်ကြွပျော်ရွှင်စေပါတယ်။
(၂) လေ့ကျင့်ခန်းပုံမှန်လုပ်တယ်

Source : Healthline
ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းပုံမှန်ပြုလုပ်ခြင်းရဲ့အကျိုးဆက်က နေ့ရက်တိုင်းကို တက်ကြွလန်းဆန်းနေစေတာဖြစ်ပါတယ်။ ဟုတ်ပါတယ်လေ့ကျင့်ခန်းပုံမှန်လုပ်သူတွေဟာ လေ့ကျင့်ခန်းမလုပ်သူတွေထက် စိတ်ပျိုကိုယ်နုခြင်းတွေပိုပြီး ပိုင်ဆိုင်ကြပါတယ်။ ကျန်းမာသန်စွမ်းတဲ့ခန္ဓာကိုယ်နဲ့ စိတ်ပိုင်းဆိုင်ရာမှာလည်း နုပျိုခြင်းတွေ ပိုင်ဆိုင်ခြင်းကြောင့် ကိုယ့်ကိုယ်ကိုယုံကြည်မှုပိုတိုးစေပြီး အချိန်တိုင်းလန်းဆန်းတက်ကြွနေတာဖြစ်ပါတယ်။
(၃) ကျန်းမာတဲ့အစားအစာတွေစားတယ်

Source : Eat This, Not That
အာဟာရပြည့်ဝကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာတွေစားခြင်းက သင့်ခန္ဓာကိုယ်စွမ်းအင်ကိုတိုးတက်စေပြီး လန်းဆန်းတက်ကြွစေပါတယ်။ များသောအားဖြင့် အချိန်တိုင်းလန်းဆန်းတက်ကြွနေသူတွေဟာ အစာအစားကိုဖြစ်သလိုမစားကြပါဘူး။ မနက်စာ နေ့လည်စာ ညစာကိုအချိန်မှန်စားပြီး အချိုဓာတ် အငံဓာတ်များတဲ့အစားအစာတွေကိုလည်းလျော့စားကြပါတယ်။ အချိုရည်တွေ ကိုလက်စထရောများတဲ့ အစားအစာတွေ ကယ်လိုရီပါဝင်မှုများတဲ့ ဆီကြော်တွေကိုလည်းရှောင်ကြပါတယ်။ ခန္ဓာကိုယ်အတွက် အာဟာရဓာတ်များစွာပေးစွမ်းတဲ့ လက်ဆတ်တဲ့ ဟင်းသီးဟင်းရွှက် ကျန်းမာတဲ့အဆီဓာတ် ပရိုတင်းဓာတ်စတဲ့အာဟာရပြည့်တဲ့အစားအစာတွေကိုသာသေချာရွေးချယ်စားသုံးကြတာဖြစ်ပါတယ်။
(၄) မကြာခဏရယ်မောတယ်

Source : Shutterstock
ရယ်မောခြင်းကလည်း လူတစ်ယောက်ကိုလန်းဆန်းတက်ကြွစေတဲ့ အလေ့အကျင့်ကောင်းဖြစ်ပါတယ်။ ဘဝကိုရယ်မောခြင်းတွေဖြစ်စေတဲ့ အရာတွေများများလုပ်ပြီး ပျော်ပျော်ပဲနေတဲ့အခါ စိတ်ဖိစီးမှုနဲ့ မကောင်းတဲ့ခံစားချက်တွေလျော့ကျပြီး ကျန်းမာသန်စွမ်းနေစေတာဖြစ်ပါတယ်။ဒါကြောင့် လန်းဆန်းတက်ကြွပြီး ကျန်းမာနုပျိုစေဖို့ရာ များများရယ်မောပေးဖို့လည်းမဖြစ်မနေလိုအပ်ပါတယ်။
