အောင်မြင်မှုဆိုတာ ဗလကြီးတဲ့သူတွေ ရတာ မဟုတ်ပါဘူး။ စိတ်ခွန်အားကြီးမားတဲ့သူတွေ ရရှိပိုင်ဆိုင်တဲ့ အရာ ဖြစ်ပါတယ်။ အောင်မြင်ပေါက်မြောက် ထိပ်တန်းရောက်နေတဲ့ ခေါင်းဆောင်တွေဟာ သူတို့ရဲ့ စိတ်အရည်အချင်း ကြီးမြင့်မှုကြောင့် အဲဒီလို နေရာတွေကို ‌ရောက်လာတာပါ။

အခက်အခဲတွေ ၊ စိန်ခေါ်မှုတွေနဲ့ ကြုံချိန်မှာ စိတ်ဓါတ်ကြံ့ခိုင်သူတွေဟာ ပိုကောင်းတဲ့ ရလဒ်ရအောင် ဦးဆောင်နိုင်ပါတယ်။ သင့်အနေနဲ့ ဒီလိုမျိုး အရည်အသွေးကောင်းတွေ လိုချင်တယ်ဆိုရင် စိတ်ဓါတ်ကြီးမြင့်တဲ့ ခေါင်းဆောင်တွေရဲ့ ဒီအလေ့အထတွေကို လိုက်နာကျင့်သုံးသင့်ပါတယ်။

(၁) ရှုံးနိမ့်မှုကို မကြောက်ဘူး

Photo: Unsplash

စိတ်ပိုင်းအရ ကြံ့ခိုင်သန်မာသူတွေဟာ အောင်မြင်မှုဆီ သွားတဲ့လမ်းမှာ အရှုံးတွေနဲ့ လမ်းခင်းထားတယ်ဆိုတာ သိထားသူတွေပါ။ အမှားတွေနဲ့ ရင်ဆိုင်ရင်း ၊ စိန်ခေါ်မှုတွေကို ဖြေရှင်းရင်း အခက်အခဲနဲ့ အတားအဆီးတွေရဲ့ အကြားမှာ ဆက်လက်ရပ်တည်နိုင်တဲ့ ဇွဲရှိကြသူတွေ ဖြစ်ပါတယ်။ သင်လည်း အောင်မြင်ချင်တယ်ဆိုရင် အရှုံးကို ကြောက်တဲ့ စိတ်ကို ဖယ်ရှားထားပြီး အမှားတွေကနေ သင်ယူသွားမယ်လို့ အဓိဌာန်သင့်ပါတယ်။

(၂) စွဲမြခိုင်မာမှု ရှိတယ်

Photo: Freepik

စိတ်ပျက်အားလျော့စရာတွေ ရှိခဲ့ရင်တောင် ပန်းတိုင်ကို ဆက်သွားမယ့်စိတ်က ယိမ်းယိုင်ပြိုလဲမသွားဘူး။ စိတ်ဓါတ်ဟာ စွဲမြဲခိုင်မာတဲ့ ယုံကြည်မှုနဲ့ ရှေ့ဆက်သွားဖို့ ပြင်ဆင်နေသူကို ဘယ်တံတိုင်းမှ ဆီးတားထားလို့ မရဘူးဆိုတာကို စိတ်ဓါတ်ကြံ့ခိုင်သူတွေက နားလည်ကြပါတယ်။ အောင်မြင်ဖို့ဆိုတာ အချိန်ဘယ်လောက် ကြာမယ်လို့ သေချာပြောမပြနိုင်တဲ့ အရာဖြစ်လို့ သင့်ဘက်က နေ့တိုင်းမှာ ထက်သန်ပြင်းပြတဲ့ စိတ်သာ လောင်စာထိုးပြီး ကြိုးစားနေဖို့ လိုမှာပါ။

(၃) အကောင်းမြင်တယ်

Photo: Freepik

ဘဝမှာ ဖြစ်ဖြစ် စီးပွားရေးမှာ ဖြစ်ဖြစ် သင်ထိန်းချုပ်ထားလို့ မရတဲ့ အရာတွေ အမြဲ ရှိပါတယ်။ အတက်အကျ အနိမ့်အမြင့်တိုင်းဟာ သင့်ကြောင့်ချည်းလည်း ဟုတ်ချင်မှ ဟုတ်မှာပါ။ ဘာပဲ ဖြစ်ဖြစ် အဆိုးပြီးရင် အကောင်းလာမယ်ဆိုတဲ့ မျှော်လင့်ယုံကြည်တဲ့ စိတ်ရှိမယ် ဆိုရင် ရှေ့ခရီးအတွက် အားအင်နဲ့ သတ္တိရရှိမှာ ဖြစ်ပါတယ်။ ဒီလို အကောင်းမြင်တဲ့ အတွက်ကြောင့်လည်း ဘဝမှာ ပိုကောင်းတာတွေ ဖန်တီးဖြစ်လာပါလိမ့်မယ်။

(၄) အထောက်အကူရှာတယ်

Photo: Freepik
စိတ်ဓါတ်အားကောင်းတယ်ဆိုတာနဲ့ပဲ တစ်ခြားသူတွေဆီက အကူအညီယူစရာမလိုဘူးလို့ ထင်ရင် မှားသွားမှာပါ။ ကြီးကျယ်တဲ့ အရာတွေကို တစ်ယောက်တည်းအားနဲ့ တည်ဆောက်ခဲ့တာ မဟုတ်ပါဘူး။ စိတ်ဓါတ်ကြံ့ခိုင်ထက်သန်သူတွေဟာ အားကောင်းတဲ့ ပံ့ပိုးမှုစနစ်တစ်ခုကို ဖန်တီးပြီး အဲဒီကနေမှ သူလိုချင်တဲ့အရာတွေကို တစ်ဆင့်ချင်း ပုံဖော်သွားတာ ဖြစ်ပါတယ်။

(၅) စွမ်းအင်စီမံခန့်ခွဲတယ်

Photo: Freepik

လူတိုင်း တစ်နေ့မှာ ၂၄ နာရီပဲ ပိုင်ဆိုင်တာပါ။ အလွန့်ကို ထူးခြားအောင်မြင်တဲ့သူတွေလည်း တစ်နေ့ ၂၄ နာရီထဲမှာ ကျင်လည်နေတာ ဖြစ်ပါတယ်။ ဒီထက်ပိုပြီး သူတို့လည်း အချိန်ပိုမရပါဘူး။ အရေးကြီးတာက သူတို့ဟာ စီမံခန့်ခွဲမှု ကောင်းပါတယ်။ အချိန်နဲ့ လူတွေကို သူ့နေရာ ၊ သူ့ကာလနဲ့သူ စီမံသလို သူတို့ရဲ့ စွမ်းအင်အရင်းအမြစ်ကိုလည်း ထိထိရောက်ရောက် စီမံခန့်ခွဲမှု လုပ်ပါတယ်။

ဒီလို စီမံခန့်ခွဲတာကြောင့်ပဲ သူ့အလုပ်နဲ့ ဘဝဟာ ဟန်ချက်မျှပြီး စည်းချက်ညီနေပါတယ်။ အောင်မြင်အောင် ခါးကုန်းပြီး ကြိုးစားစရာမလိုဘဲနဲ့ နည်းလမ်းကောင်းတွေ တည်ဆောက်တတ်သူဟာ စိတ်ပိုင်းအရ အားကြီးသူ ဖြစ်ပါတယ်။ စိတ်ခံစားမှုကို အလေ့အကျင့်လည်း လုပ်ထားလို့ သူတို့ဟာ လောကဓံအတက်အကျမှာ သိပ်ပြီး ဝမ်းသာမကဲ ဝမ်းနည်းမများသူတွေ ဖြစ်လာကြပါတယ်။