လူလက်ပိုင်းရောက်လာတဲ့အချိန်မှာ ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်ဟာ အများကြီးပြောင်းလဲသွားလေ့ရှိပါတယ်။ ဇီဝဖြစ်ပျက်မှုတွေ နှေးကွေးသွားခြင်း၊ ဟော်မုန်းပြောင်းလဲခြင်း နဲ့ ကြွက်သားထု ပြောင်းလဲခြင်း စတာတွေကို ကြုံတွေ့ရလေ့ရှိပါတယ်။ လေ့လာမှုတွေအရ တစ်ချို့အလေ့အကျင့်ဆိုးတွေကို ရှောင်ရှားမယ်ဆိုရင်တော့ အထက်ပါ မလိုလားအပ်တဲ့ ပြောင်းလဲမှုတွေကို လျှော့ချပစ်နိုင်တယ်လို့ ဆိုထားပါတယ်။

ဒီနေ့ ပြောပြပေးမယ့် အကြောင်းအရာလေးကတော့ လူငယ်တွေကို ပျက်စီးစေသော နေ့စဉ်လုပ်မိတတ်သော အလေ့အကျင့်ဆိုးများ အကြောင်းပဲဖြစ်ပါတယ်။

အပြင်မှာ ထမင်းစားခြင်း

Source: 52-Weight-Loss-Missions

အပြင်မှာ ထမင်းထွက်စားရတာက ပျော်ဖို့ကောင်းပါတယ်။ ဒါပေမယ့် မကြာခဏအပြင်သွားပြီး စားမယ်ဆိုရင်တော့ ကောင်းတဲ့အကြံဉာဏ်တော့မဟုတ်ပါဘူးလို့ပြောပါရစေ။ ဘာလို့လဲဆိုတော့ အပြင်မှာ ထမင်းသွားစားခြင်းက အိမ်မှာစားတာထက် ငွေကြေးပိုမိုကုန်ကျစေပြီး အစားအသောက်တွေကိုလည်း ပိုပြီးစားမိနေတတ်လို့ပါပဲ။ အစားအသောက်တွေကို လိုအပ်တာထက်ပိုစားပါက ခန္ဓာကိုယ်မှာ အဆီပိုတွေ စုလာတတ်ပါတယ်။

ရေအလုံအလောက်မသောက်သုံးခြင်း

Source: Medical News Today

နေ့စဉ်ဘဝမှာ ရေကမရှိမဖြစ်လိုအပ်တဲ့ အရာတစ်ခုပါ။ ခန္ဓာကိုယ်က ရေဓာတ်ခန်းခြောက်တဲ့အချိန်တွေမှာ လူတော်တော်များများဟာ အချိုရည်တွေကို သောက်သုံးလေ့ရှိကြတယ်။ ဒါကကျန်းမာရေးကို ထိခိုက်စေပါတယ်။ ရေဆာတယ်လို့ ခံစားရတဲ့အချိန်တိုင်းမှာ ရေကိုပဲသောက်သုံးပေးပါ။ ဆိုဒါတွေ အချိုရည်တွေက ရေအစားသောက်သုံးပေးဖို့ မသင့်တဲ့အရာတွေဖြစ်ပါတယ်။

အစာပြေစားသောက်တဲ့အစားအစာတွေက ကျန်းမာရေးနှင့်မညီညွတ်ခြင်း

Source: Eminence Organic Skin Care

လူတိုင်းနီးပါး မုန့်တွေအစာပြေစားရတာကို ကြိုက်ကြတယ်။ ဒါပေမယ့်မိမိစားတဲ့ အစားအစာတွေကို ဂရုတစိုက်ရွေးချယ်ဖို့လိုအပ်ပါတယ်။ အထူးသဖြင့် ညဖက်မှာစားတတ်တဲ့အကျင့်ရှိသူတွေက ပိုပြီးသတိထားရပါမယ်။ ကျန်းမာရေးအတွက်ကောင်းပါတယ်ဆိုတဲ့ မုန့်တွေတော်တော်များများမှာ သကြားတွေ၊ ကယ်လိုရီတွေနဲ့ ပြည့်နှက်နေတတ်ပါတယ်။ ကျန်းမာရေးအတွက်ကောင်းမွန်တဲ့ မုန့်တွေမှာ ပရိုတင်း၊ အမျှင်ဓာတ် တွေပါဝင်ပြီး သကြားပါဝင်မှုနှုန်း နည်းပါးရပါမယ်။

အားကစားမလုပ်ခြင်း

Source: US News Health

လူလက်ပိုင်းရောက်လာတဲ့အချိန်မှာ တတ်ကြွလှုပ်ရှားနေဖို့က အလွန်အရေးကြီးပါတယ်။ ကြွက်သားထု ဆုံးရှုံးခြင်းမှ ကာကွယ်ဖို့အတွက် cardio လေ့ကျင့်ခန်းနှင့် ရုပ်ပိုင်းဆိုင်ရာ လေ့ကျင့်ခန်းတွေကို ပြုလုပ်ပေးသင့်ပါတယ်။ gym သွားဆော့မယ်ဆိုရင်တော့ ဆရာတွေရဲ့ ညွှန်ကြားမှုကို သေချာလိုက်နာသင့်ပါတယ်။

အသက်အရွယ်က လူတွေမထိန်းချုပ်နိုင်တဲ့ အရာတစ်ခုဖြစ်ပါတယ်။ နေ့စဉ် ပျော်ပျော်နေပါ။ ကျန်းမာအောင်နေပါ။