တစ်ခါတစ်ရံမှာ ကျွန်တော်တို့သည် ကိုယ်ကိုယ်တိုင်အတွက် အဆိုးဆုံရန်သူတစ်ယောက်ဖြစ်နိုင်ပါတယ်။ ကိုယ့်ရဲ့အောင်မြင်မှုကို ဖျက်ဆီးစေမယ့် အလေ့အကျင့်ဆိုးများကို မသိလိုက်လို့ပဲဖြစ်စေ သိသိရက်နဲ့ဖြစ်စေ ပြုလုပ်မိတတ်ကြပါတယ်။

အခုဖော်ပြပေးမယ့် အလေ့အကျင့်ဆိုးများကို သင် ပြုလုပ်မိနေပြီလားဆိုတာကို ပြန်လည်ဆန်းစစ်ကြည့်လိုက်ပါ။ ထိုအလေ့အကျင့်များကို အချိန်မှီ ဖျောက်ဖျက်နိုင်မှသာ သင့်ဘဝ အောင်မြင်မှုအတွက် အကျိုးရှိမှာပါ။

အလုပ်များခြင်းကို ကိုယ့်ကိုယ်ကိုယ် တိုးတက်နေတယ်လို့ အထင်မှားနေခြင်း

Bad habits for men that can lead to failure

အလုပ်များတာက အလုပ်များတာ သပ်သပ်ပါ။ အလုပ်များလွန်းလို့ သင့်ရဲ့တိုးတက်မှုအတွက် ဘာမှ မလေ့လာနိုင်ရင် သင့်ရဲ့အောင်မြင်မှုနဲ့ အလှမ်းဝေးသွားနိုင်ပါတယ်။ ဒါ့ကြောင့် အလုပ် လုပ်သင့်တဲ့အချိန်မှာလည်း အလုပ်လုပ်ရမှာဖြစ်သလို ကိုယ့်ရဲ့တိုးတက်မှုအတွက်လည်း အချိန်ပေးရမှာဖြစ်ပါတယ်။

အရဲစွန့်ရမှာကို ကြောက်ရွံ့ခြင်း

Bad habits for men that can lead to failure

အပြောင်းအလဲကို ကြောက်ရွံ့ခြင်း၊ အရဲစွန့်ရမှာကို ကြောက်ရွံ့နေခြင်းသည် သင့်ရဲ့တိုးတက်မှုကို အဟန့်အဟားဖြစ်စေပြီး နေရာတစ်နေရာမှာပဲ ပုံသေ ရပ်သွားမှာဖြစ်ပါတယ်။ တစ်နေရာတည်းမှာပဲ ရပ်မနေချင်ဘူး။ အောင်မြင်တိုးတက်ချင်တယ်ဆိုရင်တော့ ပြောင်းလဲမှုများ၊ စိန်ခေါ်မှုများ၊ အရဲစွန့်ခြင်းများကို လက်ခံရမှာဖြစ်ပါတယ်။

ကိုယ့်ရည်မှန်းချက်နဲ့ မသက်ဆိုင်တဲ့ အားနည်းချက်ကို အာရုံစိုက်နေမိခြင်း

Bad habits for men that can lead to failure

သင်သည် အောင်မြင်တဲ့စီးပွားရေး လုပ်ငန်းရှင်တစ်ယောက်ဖြစ်ချင်နေတယ်။ သင့်ရဲ့အားနည်းချက်သည် အသံမကောင်းတာဆိုရင်တော့ ထိုအားနည်းချက်သည် သင့်ရဲ့ရည်မှန်းချက်နဲ့ လုံးလုံး မသက်ဆိုင်တဲ့အတွက်ကြောင့် ဂရုစိုက်စရာမလိုပါဘူး။

ဒါပေမဲ့ သင့်ရဲ့အားနည်းချက်သည် လူအများနဲ့ ပေါင်းသင်းဆက်ဆံမှုမှာ အားနည်းတာဆိုရင်တော့ ထိုအားနည်းချက်ကို တဖြည်းဖြည်းချင်း ပြင်ယူရမှာဖြစ်ပါတယ်။ ကိုယ်က ဘယ်ကို သွားချင်သလဲ ကိုယ့်ရဲ့အားနည်းချက်က ဘာတွေလဲဆိုတာ သေချာသိထားမှသာလျှင် ပြင်ဆင်ရလွယ်ကူမှာဖြစ်ပါတယ်။

အတုအယောင်တွေအပေါ်မှာ သာယာနေမိခြင်း

Bad habits for men that can lead to failure

တစ်ယောက်ယောက်က သင့်ကို မြှောက်ပင့်ချီးမွမ်းတဲ့အခါ ထိုသူက စိတ်ရင်းအမှန်နဲ့ ပြောတာလည်း သင့်ကို စိတ်ထဲမပါဘဲ ပြောတာလားဆိုတာ ဆုံးဖြတ်ရခက်ပါတယ်။ တချို့လူတွေကလည်း အကျိုးလိုလို့ ညောင်ရေလောင်းဆိုသလို သင့်ဆီက တစ်စုံတစ်ရာမျှော်လင့်နေလို့ မြှောက်ပင့်နေတာလည်းဖြစ်ပါတယ်။

ထိုကဲ့သို့သော အတုအယောင်တွေပေါ်မှာ သာယာမနေဘဲ ကိုယ် လုပ်စရာရှိတာသာ အာရုံစိုက်ပြီး လုပ်ကိုင်ပါ။ ဘယ်သူက ဘယ်လိုပဲ မြှောက်ပင့်ပြောဆိုနေပါစေ စိတ်ကြီးမဝင်သွားဘဲ ကိုယ်ရဲ့ပုံမှန်အပြုအမူအတိုင်းသာ ပြုမူရမှာဖြစ်ပါတယ်။

Source: Forbes.com

Featured Image Source: Entrepreneur.com