ကိုယ်ထူးကိုယ်ချွန် ချမ်းသာလာတဲ့ မီလီလျံနာသူဌေးတွေမှာ ကောင်းမွန်တဲ့ ငွေကြေးဆိုင်ရာ အလေ့အကျင့်တွေ ရှိပါတယ်။ သူတို့ရဲ့ ဇွဲရှိမှု၊ လိမ္မာပါးနပ်မှုနဲ့ ကောင်းမွန်တဲ့အလေ့ အကျင့်တွေကနေပဲ ချမ်းသာကြွယ်သူတစ်ယောက်ဖြစ်လာအောင် တွန်းပို့ပေးခဲ့တာပါ။ ဒီတစ်ခေါက်တော့ ကိုယ်ထူးကိုယ်ချွန် ချမ်းသာလာတဲ့ မီလီလျံနာသူဌေးတွေရဲ့ ငွေကြေးဆိုင်ရာ အလေ့အကျင့်ကောင်းတွေကို မျှဝေပေးချင်ပါတယ်။

(၁) ငွေစုတဲ့အလေ့အကျင့်ကို တစိုက်မတ်မတ် ကျင့်သုံးကြတယ်

They establish savings goals early in their lives

Photo : Mint – Intuit

ချမ်းသားသူတွေရဲ့  ၉၄ % လောက် သူတို့ ဝင်ငွေထဲကနေ လစဉ် ၂၀ % ကို စုငွေအဖြစ် စုဆောင်းတက်ကြပါသတဲ့။ အခုမှငွေစုတဲ့ အလေ့အ ကျင့်ကို စလုပ်မယ်သူတွေအနေနဲ့ ကိုယ်ဝင်ငွေရဲ့ ၂၀ % ကိုစုငွေအဖြစ် မစုဆောင်းနိုင်သေးရင်တော့ ၅ % သို့မဟုတ် ၁၀ % စသည်ဖြင့် နည်းနည်းချင်းစပြီး စုဆောင်းသွားနိုင်ပါတယ်။ အဓိကအားဖြင့် ငွေစုတဲ့အလေ့အကျင့်ကို တစိုက်မတ်မတ် ပြုစုပြိုးထောင် ကျင့်သုံးသွားနိုင်ဖို့ပဲ ဖြစ်ပါတယ်။ ငွေစုတဲ့ အကျင့်ဟာ အနာဂတ်ရည်းမှန်းချက်များကို ပြည့်ဝအောင်ကူညီပေးနိုင်ရုံမက ပိုလျှံတဲ့ငွေကြေးသုံးစွဲမှုတွေကို လျော့ချပေးနိုင်ပြီး ချမ်းသာတဲ့လူတစ်ယောက်အဖြစ်ပြောင်းလဲပေးနိုင်ပါတယ်။

(၂) ချွေတာတတ်ကြတယ်

They are frugal
Photo : Forbes

လေ့လာမှုတွေအရ ချမ်းသာသူ ၆၇ % ဟာ ငွေကြေးအသုံးအစွဲနဲ့ ပတ်သတ်ပြီး ချွေတာတတ်တယ်လို့ ဆိုပါတယ်။ ချွေတာတယ်ဆိုတာ ငွေကို ဉာဏ်ရှိရှိနဲ့ သုံးတာကို ဆိုလိုတာပါ။ မြင်သာအောင်ပြောရမယ်ဆိုရင် မလိုအပ်တဲ့ပစ္စည်းတွေအတွက် ငွေသုံးခြင်းကိုရှောင်ကြဉ်ကြသလို
ပစ္စည်းတစ်ခုဝယ်ရာမှာလည်း ဈေးသက်သာတဲ့ ပေါချောင်ကောင်းပစ္စည်းတွေထက် ကွာလတီကောင်းပြီး ရေရှည်သုံးလို့ အဆင်ပြေမယ့် အရည်အသွေးပြည့်မီတဲ့ ပစ္စည်းတွေသာ ဝယ်တာမျိုး ဖြစ်ပါတယ်။ ငွေကို ဉာဏ်ရှိရှိနဲ့ တွက်ချွက်သုံးတက်မယ်ဆိုရင် မလိုအပ်တဲ့ ငွေကြေးယို့စိမ့်ပေါက်တွေကို ပိတ်နိုင်ပြီး ငွေကြေးသုံးစွဲမှုအပိုင်းမှာ ပိုမိုစနစ်ကျလာစေမှာပါ။

(၃) ဝင်ငွေနဲ့ မမျှတတဲ့ နေထိုင်မှုပုံစံကို ရှောင်ကြတယ်

They avoid lifestyle creep
Photo : Best Life

လူတိုင်းကတော့ အဆင့်အတန့်မြင့်တဲ့ စားသောက်ဆိုင်တွေ ၊ နောက်ဆုံးပေါ် နာမည်ကြီးကုန် အမှတ်တံဆိပ်တွေကို သုံးစွဲချင်ကြသူတွေ ချည်းပါပဲ။ သို့သော် ချမ်းသာသူတစ်ယောက်ဖြစ်ဖို့ ကြိုးစားနေချိန်မှာ ကိုယ့်ရဲ့ဝင်ငွေနဲ့ မမျှတဲ့ နေထိုင်မှုပုံစံကို မရွေးချယ်မိဖို့ အရေးကြီးပါတယ်။ ဝင်ငွေနဲ့ မမျှတဲ့ နောက်ဆုံးပေါ်ဖုန်းတွေ ၊ ဈေးကြီးတဲ့ စားသောက်ဆိုင်တွေ ၊ branded အဝတ်အစားတွေကို ဝယ်ယူသုံးစွဲပြီး ကိုယ့်ရဲ့နေထိုင်မှုပုံစံကို အဆင်မြင့်တင်ရုံနဲ့ အနာဂတ်မှာ ချမ်းသာကြွယ်ဝသူတစ်ယောက် ဖြစ်လာနိုင်မှာ မဟုတ်ပါဘူး။ ချွေတာစုဆောင်းခြင်းနဲ့ ရောင့်ရမ်းတင်း တိမ်တက်ခြင်းကသာ သင့်ကိုလူချမ်းသာတစ်ယောက်ဖြစ်လာအောင် ပြုစုပြိုးထောင်ပေးနိုင်မှာပါ။

(၄) လက်ဖွာတဲ့ သူငယ်ချင်းတွေကို ရှောင်ကြတယ်

They avoid spendthrift friends
Photo : HuffPost

ကိုယ်ထူးကိုယ်ချွန် ကြယ်ဝချမ်းသာတဲ့ သန်းကြွယ်သူဌေးတွေမှာတွေ့ရတဲ့ လက္ခဏာရပ်တစ်ခုက ကိုယ်နဲ့ စိတ်တူကိုယ်တူ ရည်မှန်းချက်တူတဲ့ သူတွေနဲ့သာ ပေါင်းသင်းဆက်ဆံတာ ဖြစ်ပါတယ်။ လက်ဖွာပြီး အသုံးအဖြုန်းကြီးတဲ့ မိတ်ဆွေသူငယ်ချင်းတွေကို တက်နိုင်သလောက် ရှောင် ကြပါတယ်။ အပေါင်းအသင်းကဏ္ဍကလည်း တကယ့်ကိုအရေးကြီးတာကြောင့် အရာရာကို စည်းစနစ်မရှိ အသုံးအဖြုန်းကြီးကြီး သုံးတက်တဲ့သူတွေထက်စာရင် ကိုယ်လူပဲ ငွေကြေးဆိုင်ရာစည်းစနစ်တကျနဲ့ မြင့်မားတဲ့ အနာဂတ်ရည်မှန်းချက်ရှိသူတွေနဲ့သာ ပေါင်းသင်းဆက်ဆံတာ ပိုပြီးကောင်းမွန်တဲ့ ရွေးချယ်မှုဖြစ်စေမှာပါ။

Featured Photo : Medium