သင့်ရဲ့ဦးနှောက်က နေ့စဉ်စက္ကန့်နဲ့အမျှ ဖြစ်ပျက်သမျှအရာတွေကို လိုက်ပြီးမှတ်သားဖို့အတွက် အလုပ်လုပ်ရပါတယ်။ ဒါ့ကြောင့် ဦးနှောက်ကို အနားပေးဖို့အတွက် လိုအပ်ပါတယ်။ ဒီလိုမှမဟုတ်ဘဲ နေ့ ည အနားမပေးဘဲ အလုပ်လုပ်ခိုင်းနေပါက ရေရှည်မှာ ကျန်းမာရေးထိခိုက်နိုင်ပါတယ်။ စိုးရိမ်ပူပန်မှုကိုလည်း ပိုပြီးဆိုးရွားလာစေနိုင်ပါတယ်။

အိပ်ချိန်ပုံမှန်မရှိတာ

Source: HelpGuide.org

အိပ်ချိန်ပုံမှန်ထားရှိခြင်းဟာ သင့်ရဲ့ ခန္ဓာကိုယ်ကျန်းမာရေးအတွက်သာမက စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက်ပါ အလွန်အရေးပါပါတယ်။ အိပ်ချိန်မပြည့်ဝပါက စိုးရိမ်ကြောင့်ကျမှုကို ပိုမိုဆိုးရွားလာစေပါတယ်။ အရွယ်ရောက်ပြီးသူတစ်ယောက်အနေနဲ့ အနည်းဆုံး အိပ်ချိန် (၇) နာရီကနေ အများဆုံး (၉) နာရီ ကြားရှိသင့်ပါတယ်။ ည (၁၀) နာရီခွဲ နောက်ဆုံးထားပြီး အိပ်ရာဝင်ဖို့ အကြံပေးပါရစေ။

အတွေးလွန်ခြင်း

Source : By eyes of bishal

စိတ်ကူးစိတ်သန်းတွေရှိတာက ကောင်းပါတယ်။ ဒီလိုမှမဟုတ်ဘဲ မကောင်းတဲ့အရာတွေကိုသာတွေးပြီး အတွေးလွန်နေမယ်ဆိုရင် စိုးရိမ်ပူပန်မှုက ပိုဆိုးလာမှာပါ။ ဒီလိုအတွေးတွေလွန်ဖို့ သင့်ရဲ့စိတ်ကို သင်ကိုယ်တိုင်လွှတ်ထားလိုက်တာကြောင့်လည်း ဖြစ်ပါတယ်။ အတွေးမလွန်အောင် မိမိကိုယ်ကို ထိန်းနိုင်ဖို့ လိုအပ်ပါတယ်။ စိတ်တည်ငြိမ်စေမယ့် နည်းလမ်းလေးတွေ အသုံးပြုကြည့်ပါ။

ကော်ဖီအလွန်အကျွံ့သောက်ခြင်း

Source: Insider

ကော်ဖီကို နည်းလမ်းမှန်ကန်စွာသောက်သုံးပါက ကျန်းမာရေးအတွက် အထောက်အကူပြုပါတယ်။ ဒါပေမယ့် အလွန်အကျွံ့သောက်သုံးမယ်ဆိုရင်တော့ မလိုလားအပ်တဲ့ ကျန်းမာရေးပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။ စိတ်ဖိစီးစေတာ၊ ကတုန်ကယင်ဖြစ်လာတာ စိတ်မရှည်တာ ဒေါသထွက်တာ စိုးရိမ်ပူပန်မှုများလာတာ စသဖြင့် ခံစားရတက်ပါတယ်။

စိတ်ဖိစီးမှုကို ဘယ်လိုထိန်းချုပ် ရမှန်းမသိတာ

Source: American Heart Association

တချို့စိတ်ဖိစီးမှုတွေက ရှောင်လွှဲလို့မရတာမို့ ဖြေရှင်းဖို့သာအာရုံစိုက်သင့်ပြီး မလိုအပ်တဲ့အရာတွေကို ခေါင်းထဲကနေထုတ်ထားသင့်ပါတယ်။ ထိန်းချုပ်သင့်တာတွေကို ဘယ်လိုထိန်းချုပ်ရမလဲမေးရင်တော့ ကြုံတွေနေရတဲ့ ပြဿနာကို အကောင်းမြင်ဝါဒနဲ့ ရှေ့ဆက်သင့်ပြီး ယုံကြည်ရပြီး အကြံဉာဏ်ကောင်းတွေပေးနိုင်တဲ့ တစ်ယောက်ယောက်နဲ့ တိုင်ပင်ကာ အလောတကြီးမဟုတ်ဘဲ သွေးအေးအေးနဲ့သာ ဖြေရှင်းသင့်ပါတယ်။ မလိုအပ်တဲ့ စိတ်ဖိစီးမှုတွေကြားထဲ နစ်မွန်းမနေဘဲ ဖြေရှင်းသင့်တာကို အကောင်းမြင်စိတ်နဲ့ကြည့်ပြီး စိတ်ရှင်းရှင်ထား ကျော်လွှားသင့်ပါတယ်။