အောင်မြင်နေတဲ့သူတွေမှာ လက်ခံကျင့်သုံးတဲ့ အလေ့အထကောင်းတွေရှိကြပါတယ်။ သင့်အနေနဲ့ တစ်နေ့မှာအောင်မြင်မှုပန်းတိုင်စီ အရောက်လှမ်းမယ်လို့ စိတ်ကူးထားတယ်ဆိုရင်တော့ အခုပြောပြပေးမယ့် အလေ့အကျင့်ကောင်းလေးတွေက အထောက်အကူဖြစ်စေမှာပါ။

Successful Businessman

Photo : PSL Funding

ကျွန်တော်တို့အများစုဟာ ကိစ္စတစ်ခုခုလုပ်တော့မယ်ဆိုရင် ကိုယ့်ကိုလူတွေဘယ်လိုမြင်မလဲ လူတွေဘယ်လိုထင်သွားမလဲဆိုတဲ့ တခြားသူတွေရဲ့အမြင်ကိုအရမ်းအာရုံစိုက်မိ ကြပါတယ်။ တကယ်တော့ အောင်မြင်နေသူတွေဟာ ပတ်ဝန်းကျင်ရဲ့ဝေဖန်မှု အမြင်တွေကို သိပ်မကြည့်ကြပါဘူး။ ကိုယ့်လျောက်ရမယ့် လမ်းရဲ့ ဦးတည်ချက်ကိုပဲ ရှေးရှု့တက်ကြတာဖြစ်ပါတယ်။ ဒါမှလည်းမျှော်မှန်းထားတဲ့အောင်မြင်မှုပန်းတိုင်ကိုအရောက်လှမ်းနိုင်မှာပါ။

အောင်မြင်ဖို့ကြိုးစားနေသူတစ်ယောက်အတွက် အချိန်တိုင်းက ရွှေထက်အဖိုးတန်ပါတယ်။ ဘဝအတွက်ဘားမှအကျိုးမရှိ စေမယ့်အရာတွေအတွက် အချိန်တွေကိုဖြုန်းတီးပစ်မှာမဟုတ်ပါဘူး။ ကိုယ့်ဘဝအတွက်လေ့လာသင်ယူစရာတွေကိုဆက်လက်လေ့လာမယ် ကိုယ့်ရဲ့ အောင်မြင်မှုပန်းတိုင်အတွက် ဖြည့်စရာရှိတဲ့အရာတွေကိုထပ်ဖြည့်မယ်စသည်ဖြင့် အချိန်ကိုအကျိုးရှိစွာ ဖြတ်သန်းကြတာဖြစ်ပါတယ်။

အောင်မြင်နေသူတွေအတွက် အမှားဆိုတာအကောင်းဆုံးသင်ခန်းစာတစ်ခုလို့သတ်မှတ်ထားကြတာပါ။ ကိုယ့်ရဲ့အမှားကို တပါးသူအပေါ်ပုံချတာမျိုးလုံးဝလုပ်လေ့မရှိပါဘူး။အမှားကိုရဲရဲဝံ့ဝံ့ဝန်ခံရဲ့ပြီးအမှားကနေ အကောင်းဆုံးသင်ခန်းစာယူကာ နောက်တစ်ကြိမ်ထပ်မမှားဖို့ကြိုးစားကြတာဖြစ်ပါတယ်။

businessman talking phone

Photo : Times of India

အောင်မြင်နေသူတွေကတော့ ကျန်းမာရေးကိုအထူးဂရုစိုက်ကြပါတယ်။ ကျန်းမာရေးမကောင်းဘူးဆိုရင် ကိုယ်လိုချင်တဲ့အောင်မြင်မှုပန်းတိုင်ကလည်း အလှမ်းဝေးနေအုန်းမှာပါ။ဒါကြောင့် ခန္ဓာကိုယ်ကို အဆိပ်အတောက်ဖြစ်စေမယ့် ဆေးလိပ်သောက်ခြင်း အရက်သောက်ခြင်း ကျန်းမာရေးနဲ့ မညီညွှတ်တဲ့အစားအသောက်တွေစားသုံးခြင်း အားကစားမလုပ်ခြင်း စတဲ့ကျန်းမာရေးကိုထိခိုက်စေမယ့် အရာတွေကိုအတက်နိုင်ဆုံးရှောင်ရှားပြီး နေထိုင်ကြတာဖြစ်ပါတယ်။

Featured Photo : Lightfield Studios