စိတ်ဓာတ်ကြံ့ခိုင်ခြင်းဆိုတာ မွေးရာပါအရည်အချင်းတစ်ခုတော့ မဟုတ်ပါဘူး။ ဘဝ အနိမ့်အမြင့် အတက်အကျလိုက် အတွေ့အကြုံများစွာကိုကျော်ဖြတ်ရင်း စိတ်ပိုင်းဆိုင်ရာကြံ့ခိုင်မှု ရှိလာဖို့ တဖြေးဖြေး သင်ယူလေ့ကျင့်ကြရတာပါ။ ဒီတစ်ခေါက် ပြောပြပေးမှာကတော့ စိတ်ဓာတ်ကြံ့ခိုင်တဲ့ သူတစ်ယောက်ဖြစ်ဖို့ လေ့ကျင်ယူလို့ရနိုင်မယ့် အလေ့အကျင့်ကောင်းလေးတွေ အကြောင်းပါ။

(၁) စိတ်ကို အနားပေးပါ

man relaxing on sofa

Photo : Verywell Mind

နေ့စဉ်အတွေးပေါင်းများစွာ ၊ ဆုံးဖြတ်မှုပေါင်းများစွာဟာ စိတ်နဲ့ လုပ်ဆောင်ရတာပါ။ စိတ်ကို ခိုင်းစေမှုလွန်ကဲလာရင် မလိုလားအပ်တဲ့ အတွေးလွန်ခြင်းတွေ စိတ်ဖိစီးမှုနဲ့ စိတ်ပိုင်းဆိုင်ရာပင်ပန်းမှုတွေ ဖြစ်လာတက်ပါတယ်။ ဒါကြောင့်တစ်ချို့ အချိန်တွေမှာ စိတ်ကိုလေဟာနယ်တစ်ခုထဲ လွတ်ထားသလို ရှင်းလင်းထားပြီး အနားကောင်းကောင်းပေးဖို့ လိုပါတယ်။

(၂) ကိုယ့်ကိုယ်ကိုချစ်ပါ

Young business man isolated on white who is bored, fatigued and need a relax day
Photo : Freepik

အများစုဟာ ကိုယ့်ကိုယ်ကို အလိုမကျခြင်းတွေ ၊ အပြစ်တင်မှုတွေနဲ့ လွန်ဆွဲနေတက်ကြတာပါ။ ဒါဟာကောင်းတဲ့ အလေ့အကျင့် မဟုတ်ပါဘူး။ ကြာလာရင် ကိုယ့်ကိုယ်ကို ယုံကြည်မှုလုံးဝပျောက်ဆုံးသွားတက်ပြီး ရှေ့ဆက်ရမယ့်ဘဝခရီးမှာ နှောင့်နှေးကြန့်ကြာမှုတွေ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကို ဂရုစိုက်ပါ ချစ်မြတ်နိုးပါ။

(၃) ကိုယ့်လုပ်နိုင်စွမ်းအပေါ် ယုံကြည်မှုရှိပါ

man focused at work
Photo : Men’s Journal

သံသရစိတ်က ကျွန်တော်တို့ရဲ့အစွမ်းအစနဲ့ လုပ်နိုင်ကိုင်နိုင်စွမ်းတွေကို လျော့သွားစေတက်ပါတယ်။ တစ်စုံတစ်ခုကို သင်ကြိုးစားကြည့်တော့မယ်ဆိုရင် ငါလုပ်နိုင်တယ်ဆိုတဲ့စိတ်ကို အပြည့်အဝသွင်းထားပါ။ ကိုယ်စွမ်းကိုယ်စကို အပြည့်အဝယုံကြည်ထားဖို့ လိုပါတယ်။

(၄) ကိုယ်ကာယကြံ့ခိုင်အောင်လေ့ကျင့်ပါ

a half naked healthy african sportsman doing push ups indoors

Photo : 30 Day Fitness Challenge

ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာဟာ အမြဲဆက်စပ်မှုရှိပါတယ်။ စိတ်ကြံ့ခိုင်မှုရှိဖို့ဆို ကိုယ်ကာယ ကျန်းမာကြံ့ခိုင်အောင် လုပ်ဖို့လိုပါတယ်။ အားကစားပုံမှန်လုပ်ဆောင်ခြင်းဟာ ခန္ဓာကိုယ်ကြံ့ခိုင်သန်စွမ်းရုံသာမက စိတ်စွမ်းရည်ကိုပါမြှင့်တင်ပေးပြီး တီထွင်ဖန်တီးနိုင်စွမ်း မှတ်ဉာဏ်နှင့်သိမြင်မှု ၊ ဘဝအတွက် စိတ်အားထက်သန်မှုစတဲ့ စိတ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုတွေရစေမှာပါ။

Featured Photo : The Good Men Project