Kwee ပရိတ်သတ်တို့ အားလုံးပဲ မင်္ဂလာပါ။ ကျန်းမာကြံ့ခိုင်တဲ့ခန္ဓာကိုယ်ကိုရရှိဖို့အတွက် အဆီတွေလောင်ကျွမ်းစေဖို့ဆိုတာဟာ သင့်ရဲ့အလေ့အထတွေနဲ့ ရည်မှန်းချက်တွေဟာ ထပ်တူကျနေမှဖြစ်မှာပါ။

သင့်တင့်လျှောက်ပတ်တဲ့ တစ်နေ့တာကို လိုက်နာကျင့်သုံးမှ ကိုယ်လိုချင်တဲ့ ပန်းတိုင်ကို အရောက်လှမ်းနိုင်မှာဖြစ်လို့ ထိုတစ်နေ့တာထဲမှာ ဘယ်လိုအလေ့အထတွေကို ထည့်သွင်းလုပ်ဆောင်ရမလဲဆိုတာ အခုပဲကြည့်လိုက်ရအောင်ပါ။

၁။ မနက်စောစောမှာ လက်ဖက်စိမ်း သို့မဟုတ် လီမွန်တီးသောက်ပါ

Source: Easy Health Options

Antioxidants တွေ ကြွယ်ဝစွာပါဝင်တဲ့ လက်ဖက်ရည်ကြမ်း သို့မဟုတ် လီမွန်တီးတစ်ခုခုကို မနက်စောစောမှာ သောက်သုံးပေးခြင်းဟာ သင့်ရဲ့အစာအိမ်ကို သန့်ရှင်းရေးပြုလုပ်ပေးရုံသာမက မလိုလားတဲ့အဆီတွေကိုပါ လောင်ကျွမ်းစေမှာဖြစ်ပါတယ်။

၂။ စားသုံးတဲ့ပမာဏကို သတိထားပါ။

Source: The Everyday Man

ကိုယ်ဘယ်လောက်စားသုံးလိုက်လဲဆိုတာကို ဂရုပြုဖို့လိုပါတယ်။ သရေစာတွေပဲဖြစ်ဖြစ် ဒါမှမဟုတ် ၂ ခါ ၃ ခါ ထပ်ယူတာတွေကို သေချာသတိထားဖို့လိုပါမယ်။ မဟုတ်ရင် လိုအပ်တာထက်ပိုပြီး စားသုံးခြင်းကြောင့် ကိုယ်အလေးချိန်တက်လာစေနိုင်ပါတယ်။

၃။ အစာစားတဲ့အချိန်ကို ဂရုစိုက်ပါ။

Source: Mother Nature Network

သင်ဟာ ညဖက်အချိန်မတော်မှ အစားထစားတတ်သူလား ဒါမှမဟုတ် အချိုတွေတအားကြိုက်သူလားဆိုတာ ကိုယ့်ဘာသာသုံးသပ်ပါ။ အငမ်းမရ အစားစားခြင်းဟာ ကိုယ်အလေးချိန်တက်စေခြင်းရဲ့ အဓိကအကြောင်းအရင်းဖြစ်တာကြောင့် အထူးသတိပြုပါ။

၎။ အစပ်စားပါ။

အစာစားတဲ့အချိန်တွေမှာ ငရုပ်သီးအစပ်ကို ထည့်သွင်းစားသုံးခြင်းက ခန္ဓာကိုယ်အတွင်းရှိ အပူတွေကိုထုတ်ပေးတဲ့ Capsaicin ပါဝင်တာကြောင့် ကယ်လိုရီတွေကို ပိုပြီးလောင်ကျွမ်းစေပါတယ်။

၅။ ဖိုက်ဘာ၊ Carbs နဲ့ ပရိုတင်းတို့စားပေးပါ။

Source: Redbook

ကိုယ်အလေးချိန်လည်းကျစေပြီး ကျန်းမာကြံ့ခိုင်တဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ ဖိုက်ဘာ၊ ကောင်းမွန်တဲ့ Carbs နဲ့ ပရိုတင်းတို့ များများထည့်သွင်းစားသုံးပါ။

၆။ အိပ်ပါ

Source: Best Health Magazine Canada

အားအင်ပြည့်ဝနေဖို့အတွက် အိပ်ရေးဝဝအိပ်စက်ဖို့လိုအပ်ပါတယ်။ အိပ်ရေးဝမယ်ဆိုရင် ဟော်မုန်းလည်ပတ်မှုကိုလည်း ဟန်ချက်ညီစေကာ ဗိုက်ဆာချိန်လည်း နည်းသွားမှာဖြစ်ပါတယ်။

၇။ အားကစားလုပ်ပါ။

Source: Game On Family

အကယ်လို့ လေ့ကျင့်ခန်းလုပ်ရတာက တအားပင်ပန်းတယ်လို့ထင်တယ်ဆိုရင် ကိုယ်နှစ်သက်တဲ့ ဝါသနာပါတဲ့ ဘောလုံးကန်ခြင်း၊ ကြက်တောင်ရိုက်ခြင်း၊ ဘော်လီဘောတို့လို အားကစားတွေကို ကစားလိုက်ပါ။ ခန္ဓာကိုယ်ပါလိုက်ပြီး လှုပ်ရှားရတဲ့ အားကစားတွေဖြစ်လို့ အဆီတွေကို လောင်ကျွမ်းစေမှာပါ။

၈။ အစာမစားခင် ရေတစ်ခွက်သောက်ပါ။

Source: Shutterstock

အစားအသောက်မစားခင်အချိန်တိုင်းမှာ ရေတစ်ခွက်ကို အဝသောက်ပေးမယ်ဆိုရင် အစားအများကြီးမစားမိစေသလို မြန်မြန်ဆန်ဆန်လည်း စားမိတော့မှာ မဟုတ်ပါဘူး။

၉။ အစားပုံမှန်စားပါ။

Source: healthyeatinghub.com.au

ညစာမစားခြင်း၊ မနက်စာမစားခြင်းတို့ဟာ ကိုယ်အလေးချိန်ကျဖို့အတွက် ကျန်းမာရေးကို ထိခိုက်နိုင်တာကြောင့် သူ့ဟာနဲ့သူ သင့်တင်လျောက်ပတ်တဲ့ အချိန်ကိုရွေးထားပြီး အစားမှန်မှန်စားပါ။

၁၀။ ရယ်မောပါ။

Source: Shutterstock

နေ့စဉ်နေ့တိုင်း ရယ်မောပေးပါ။ တစ်နေ့မှာ တစ်နာရီလောက် ရယ်မောခြင်းဟာ ကယ်လိုရီတွေကို လောင်ကျွမ်းစေနိုင်ပါတယ်။

Featured Image Source: healthied.com