တကယ်အကောင်အထည်ဖော်ဖြစ်ဖို့ ခက်တဲ့အထဲမှာ ငွေစုတဲ့ အကျင့်လည်း ပါပါတယ်။ လက်ထဲမှာ ပိုက်ဆံများများ စုမိဆောင်းမိလာရင် လူတော်တော်များများဟာ သွေးပြောင်းလာတတ်ပါတယ်။ ဒီတော့ ပိုက်ဆံကို ပိုပြီး စုဆောင်းဖြစ်ဖို့နဲ့ စုထားတဲ့ ငွေကလေးတွေ အလဟဿဖြစ်မသွားစေဖို့ အကျင့်လုပ်ထားဖို့လိုပါတယ်။

(၁) သူငယ်ချင်းတစ်ယောက်နဲ့ Saving Challenge လုပ်ပါ

Source: pexels

ဘာ Challenge ၊ ညာ Challenge စသည်ဖြင့် ခေတ်စားနေတဲ့ အချိန်မှာ ပိုက်ဆံပိုစုဖြစ်ဖို့ သူငယ်ချင်းနဲ့ Saving Challenge လုပ်သင့်ပါတယ်။ ဘဏ် ဖြစ်စေ ငွေကြေးအဖွဲ့အစည်း တစ်ခုခု မှာ ဖြစ်စေ အလုပ်လုပ်နေတဲ့ သူငယ်ချင်းတစ်ယောက်နဲ့ အချိန်ကာလတစ်ခုခု သတ်မှတ်ပြီး တစ်လဘယ်လောက် စုမယ်ဆိုပြီး Challenge လုပ်ပါ။

ဒီနေရာမှာ Challenge ကို တအားကြီး Serious မဖြစ်ဖို့ လိုပါတယ်။ ဒီ Challenge ကြောင့် သူငယ်ချင်းနှစ်ယောက်အကြား မိတ်မပျက်ဖို့ သတိထားပြီး တစ်ယောက်ကို တစ်ယောက် ထိန်းထိန်းသိမ်းသိမ်း Challenge လုပ်သင့်ပါတယ်။

(၂) အသုံးအစွဲကို စိစစ်ပါ

Source: pexels

ငွေစုဖြစ်ဖို့အတွက် ငွေထွက်ပေါက်တွေ လိုက်ပိတ်ဖို့က အရေးကြီးပါတယ်။ ဖုန်းတွေ မသုံးခင်ကတော့ ကျွန်တော်တို့ရဲ့ နေYစဉ်အသုံးစရိတ်ကို သိရဖို့ စာရင်းစာအုပ်ကြီးနဲ့ မှတ်ခဲ့ကြပါတယ်။ ဒီနေ့ချိန်မှာ EveryDollar ၊ Goodbudget နဲ့ Mint တို့လို Apps တွေဟာ နေ့တိုင်း ကိုယ်သုံးဖြစ်တဲ့ အသုံးစရိတ်ကို မှတ်သား ပြသနိုင်ပြီ ဖြစ်ပါတယ်။ သူများကို ပေးရမယ့် အကြွေးပေးချိန်မှာတောင် မမေ့အောင် အချက်ပြ Alarm ပေးမယ့် စနစ်တွေ ပါလာလို့ ငွေသုံးမလွန်အောင် ကူညီပေးနိုင်တော့မှာပါ။

(၃) ခရစ်ဒစ်ကဒ်အသုံးပြုမှု လျှော့ပါ

Source: pexels

ခရစ်ဒစ်ကတ်တွေဟာ ငွေသုံးလွယ်စေတဲ့ တရားခံထဲမှာ ပါပါတယ်။ ပိုက်ဆံအိတ်ထဲက ငွေစက္ကူတွေ ထွက်သွားရင် ဒီနေ့ ဘယ်လောက်တောင် ငွေသုံးမိသွားတယ်လို့ မြင်သာထင်သာ ပြောနိုင်ပေမယ့် ခရစ်ဒစ်ကတ်လေး ကိုင်ထားမိလို့ သိလိုက်ပြီဆိုရင်တော့ အဲသလောက်အထိ စိတ်ထဲမှာ ထင့်မနေတတ်ပါဘူး။

(၄) နေ့စဉ် အသေးအဖွဲ အသုံးကလေးတွေ ဂရုစိုက်ပါ

Source: pexels

ဘတ်စ်ကားနဲ့ စီးသွားလို့ရမယ့်ခရီးအတွက် တက်စီဖိုး မပေးမိအောင် ကြိုးစားပါ။ အမျိုးသားတွေဟာ အပေါင်းအသင်းမင်သူ များပါတယ်။ မိတ်ဆွေတွေ ဆုံတဲ့ နေရာဟာ ဘီယာဆိုင်နဲ့ ဘားတွေ မဖြစ်အောင် ရှောင်ပြီး တတ်နိုင်သမျှ အအေးဆိုင်လိုကော်ဖီဆိုင်လိုနေရာမှာ တွေ့ဖို့ချိန်းသင့်ပါတယ်။

(၅) ကိုယ့်အားကိုယ် ကိုးတတ်ပါစေ

Source: pexels

ကိုယ်ဝတ်တဲ့ အဝတ်အစားလျှော်ဖို့ အတွက် ပင်မင်းဆိုင် သွားအပ်တဲ့ အကျင့်ကို လျှော့ချသင့်ပါတယ်။ အခန်းထဲက မီးကျွမ်းနေတဲ့ မီးချောင်းကို ကိုယ်တိုင်ပဲ လဲပါ။ ဒီလိုမျိုး ကိုယ်တစ်ယောက်တည်းနဲ့ လုပ်နိုင်တဲ့ အလုပ်တွေမှာ တစ်ခြားသူကို ပိုက်ဆံပေးတဲ့ အကျင့်ဖျောက်သင့်ပါတယ်။

(၆) အားလပ်ရက်မှာ ကိုယ့်ဘာသာ ထမင်းချက်စားပါ

Source: pexels

အလုပ်များလွန်းသူမို့ ရုံးနဲ့နီးရာမှာ ထမင်းသွားစားတတ်တာ ကိစ္စမရှိပေမယ့် စနေ ၊ တနင်္ဂနွေ ရုံးပိတ်ရက်မျိုးတွေမှာတော့ ကိုယ့်ဘာသာ ဈေးသွားပြီး ဟင်းလေးဘာလေး ချက်စားသင့်ပါတယ်။ ကျန်းမာရေးနဲ့လည်း ညီညွတ်သလို အိမ်ထမင်း အိမ်ဟင်းစားရလို့လည်း ခံတွင်းမြိန်စေမှာပါ။