ကိုယ့်ကောင်မလေးနဲ့ သာယာပျော်ရွှင်တဲ့ Relationship တစ်ခု ဖန်တီးဖို့ဆိုတာ လွယ်မယောင်နဲ့ ခက်ခဲနက်နဲတဲ့ကိစ္စတစ်ခုပါ။ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုရှိဖို့ဆိုတာကလည်း အပြောသာလွယ်ပြီး အမှန်တကယ် ကျင့်ကြံရတာက ခက်ခဲလွန်းလှပါတယ်။

တစ်ယောက်နဲ့တစ်ယောက် နားလည်မှုရှိရမှာဖြစ်တဲ့အပြင် အခုဖော်ပြပေးမယ့် အကျင့်ဆိုးတွေကိုလည်း ရှောင်ရှားနိုင်မှသာလျှင် ကိုယ့်ချစ်သူကောင်မလေးနဲ့ သက်ဆုံးတိုင် လက်တွဲသွားနိုင်မှာပါ။

ချုပ်ခြယ်လွန်းခြင်း

habits for men to avoid if they want to be in a healthy relationship

ကိုယ့်ကောင်မလေးကို အသေးအဖွဲအရာလေးကအစ လိုက်လံပြီး ချုပ်ချယ်ခြင်းသည် သင်တို့နှစ်ယောက်စလုံးအတွက် မကောင်းပါဘူး။ သူ(မ)ကို ကိုယ်ပိုင်ဆုံးဖြတ်ခွင့်နှင့် လွတ်လပ်ခွင့်ပေးရပါမယ်။

သဝန်တိုလွန်းခြင်း

habits for men to avoid if they want to be in a healthy relationship

သဝန်တိုခြင်းသည် တစ်ခါတရံမှာတော့ ချစ်စရာကောင်းတဲ့အပြုအမူတစ်ခုပါ။ ဒါပေမဲ့ အချိန်တိုင်းမှာ တွေ့သမျှလူတိုင်းနဲ့ သဝန်တိုနေမယ်ဆိုရင်တော့ ချစ်စရာမကောင်းတော့ပါဘူး။ ကိုယ့်ကောင်မလေးရဲ့ သူငယ်ချင်းအပေါင်းအသင်းများ၊ လုပ်ဖော်ကိုင်ဖက်များနဲ့ သဝန်တိုနေတဲ့အခါ သင့်ကောင်မလေးသည်လည်း နေထိုင်ရတာ မလွတ်မလပ်ဖြစ်လာပြီး သူ(မ)ရဲ့ Social ကွန်ရက်သည်လည်း တဖြည်းဖြည်း ကျုံ့သထက် ကျုံ့သွားပါလိမ့်မယ်။

လိမ်ညာခြင်း

habits for men to avoid if they want to be in a healthy relationship

လိမ်ညာခြင်းသည် တစ်ခေါက်စလိုက်တာနဲ့ အဆုံးသတ်နိုင်တော့မှာမဟုတ်ပါဘူး။ တစ်ယောက်နဲ့တစ်ယောက် ယုံကြည်နားလည်မှုရှိနိုင်ဖို့ဆိုရာမှာ တစ်ယောက်နဲ့တစ်ယောက် လျှို့ဝှက်ချက်များ၊ လိမ်ညာခြင်းများ ရှိနေလို့မရပါဘူး။

အလုပ်ကိုပဲ ဦးစားပေးနေခြင်း

habits for men to avoid if they want to be in a healthy relationship

ကိုယ့်ရဲ့ကောင်မလေးထက် ကိုယ့်ရဲ့အလုပ်ကိုသာ ဦးစားပေးနေတဲ့ ဘဝလက်တွဲဖော်သည် လက်တွဲဖော်ကောင်းတစ်ယောက် ဘယ်တော့မှမဖြစ်နိုင်ပါဘူး။ စစချင်းမှာတော့ သင့် ကောင်မလေးက သင့်ကို အလုပ်ကြိုးစားတဲ့သူလို့ အထင်ကြီးကောင်း အထင်ကြီးပါလိမ့်မယ်။ ဒါပေမဲ့ သူ(မ)အတွက် အချိန်မပေးနိုင်ဘူး။ ချိန်းတွေ့တိုင်းမှာလည်း မအားဘဲ အလုပ်ကိုသာ အာရုံရောက်နေမယ်ဆိုရင် သင်တို့နှစ်ယောက် တဖြည်းဖြည်း ဝေးကွာသွားပါလိမ့်မယ်။

အကြိုက်များ ဆန့်ကျင်လွန်းခြင်း

habits for men to avoid if they want to be in a healthy relationship

ဆန့်ကျင်ဘက်အရာတွေသည် တစ်ခုနဲ့တစ်ခု ဆွဲငင်တတ်ကြပါတယ်။ အကြိုက်မတူတဲ့လူသားတွေသည်လည်း အစပိုင်းမှာတော့ တစ်ယောက်ကိုတစ်ယောက် စိတ်ဝင်စားကောင်း စိတ်ဝင်စားပါလိမ့်မယ်။ ဒါပေမဲ့ တစ်ယောက်နဲ့ တစ်ယောက် အကြိုက်ချင်းမတူတဲ့အတွက်ကြောင့် တစ်ချိန်လုံး ရန်သတ်နေရပါလိမ့်မယ်။ ဒီအချက်သည် သင်တို့နှစ်ယောက်အနာဂတ်အတွက် နှစ်ယောက်တစ်အိမ်မက် တည်ဆောက်တဲ့အခါ တော်တော်လေး တိုင်ပင်ညှိနှိုင်းဖို့ လိုပါလိမ့်မယ်။

Source: Brightside.me

Featured Image Source: Stock.adobe.com