မကြာခင်မှာ ၂၀၂၁ နှစ်သစ်ကိုရောက်တော့မှာဆိုတော့ နှစ်သစ်မှာကိုယ်ရောက်ချင်တဲ့ ရည်မှန်းချက်ပန်းတိုင်တွေ ဆီရောက်အောင်ကူညီနိုင်မယ့် အလေ့အကျင့်လေးတွေအကြောင်း ပြောပြပေးချင်ပါတယ်။ အောင်မြင်မှုရတဲ့ လူတွေနဲ့မရတဲ့လူတွေအကြား အဓိကကွာခြားချက်က မိမိကိုယ်ကိုတန်ဖိုးထားမှုလို့ ဆိုပါတယ်။ ဒါ့ကြောင့်ဒီနေ့ မျှဝေပေးမယ့် အချက်လေးတွေက မိမိကိုယ်ကိုတန်ဖိုးထားမှုပေါ်အခြေခံထားတဲ့ အလေ့အကျင့်ကောင်းတွေဖြစ်ပါတယ်။ စိတ်ဝင်စားရင် အောက်မှာဖတ်ကြည့်လိုက်ပါဦး။
(၁) မနက်ခင်းတိုင်း စာဖတ်ပါ

Source : Nohat
ပထမဆုံးတစ်ချက်က သင့်အနေနဲ့ နေ့သစ်တစ်နေ့ကိုစတင်တဲ့အခါ ဖုန်းထဲကိုဝင်လာတဲ့ သတင်းတွေ၊ ဆိုရှယ်မီဒီယာက အကြောင်းအရာတွေနဲ့ မစတင်ဘဲ မနက်ခင်းမှာသင်နှစ်သက်တဲ့ စာဖတ်လိုက်တာပဲ ဖြစ်ပါတယ်။ သင်ကြိုက်တဲ့စာအုပ်ထဲက စာပိုဒ်တစ်ပိုဒ်ဖြစ်စေ၊ ဆောင်းပါးတခုဖြစ်စေ ဖတ်လို့ပါတယ်။ ရည်ရွယ်ချက်ကတော့ မိုးလင်းတာနဲ့ဖုန်းတွေဆိုရှယ်မီဒီယာတွေနဲ့အာရုံမများဘဲ သင့်ရဲ့တစ်နေ့တာကို ကောင်းတဲ့လှုံ့ဆော်မှုတစ်ခုနဲ့ စတင်လိုက်တဲ့အတွက် အတွေးသစ်အမြင်သစ်တွေရရှိစေမှာဖြစ်ပါတယ်။
(၂) သင့်လိုချင်တဲ့အရာတွေကို အာရုံစိုက်စာရင်းပြုစုပါ

Source : Medical News Today
နှစ်သစ်မှာ သင်လိုချင်တဲ့အရာတွေတော်တော်များများကို အကောင်အထည်ဖော်ဖို့ဆိုရင် စာရင်းတစ်ခုလုပ်ထားဖို့ လိုပါမယ်။ ဒီလိုချရေးတာက လက်တွေ့လုပ်ဆောင်ဖို့ကိုအာရုံစိုက်မိစေသလို အချိန်ဆွဲခြင်းကိုလည်း လျော့စေပါ တယ်။ ပြီးတော့ သင့်ရဲ့စာရင်းထဲက ရည်မှန်းချက်တွေ တဖြည်းဖြည်းအကောင်အထည်ပေါ် လာတာကိုမြင်ရတဲ့အခါ အလွန်ကျေနပ်စရာကောင်းမှာပါ။
(၃) သင့်ရဲ့ဖြစ်နိုင်စွမ်းတွေကို ပိုတိုးတက်လာစေမယ့်သူတွေကိုရှာဖွေပါ

Source : Thought Catalog
ဒါက သင့်ဟာသင့်ကိုထောက်ပံ့ပေးနိုင်တဲ့ ချမ်းသာတဲ့မိသားစုက ပေါက်ဖွားတဲ့ သူဖြစ်ဖို့မလိုသလို သင်ပေါင်းတဲ့ သူငယ်ချင်းအားလုံးက သူဌေးတွေ ချည်းဖြစ်နေရမယ်လို့ ဆိုလိုတာမဟုတ်ပါဘူး။ သင်ဆိုရှယ်မီဒီယာမှာ ဘယ်သူတွေကို follow လုပ်ထားတာလဲ ၊ ဘယ်သူတွေရဲ့ဟော ပြောချက်တွေကို နားထောင်နေလဲဆိုတာ သတိပြုဖို့လိုပါတယ်။ ရှိသမျှ အကြောင်းအရာတွေကို အကုန်လိုက်လေ့လာတာမဟုတ်ဘဲ သင်လိုချင်တဲ့ အောင်မြင်မှုမျိုးရထားတဲ့သူတွေဆီကပဲ များများလေ့လာသင်ယူဖို့ပိုလိုပါတယ်။
(၄) တစ်နေ့ကို လေ့လာသင်ယူမှုတစ်ခုလုပ်ပါ

Source : Tiller Money
အောင်မြင်ချင်တယ်ဆိုရင် နေ့တိုင်းသင်ယူလေ့လာနေဖို့လိုပါတယ်။ အောင်မြင်ဖို့ ဆွေးနွေးပွဲတွေတက်ရမယ်၊ ဟောပြောချက်တွေ နားထောင်ရမယ်၊ စာအုပ်တွေအများကြီးဖတ်ရမယ်လို့မဟုတ်ဘဲ ရိုးရိုးရှင်းရှင်းလုပ်နိုင်တာ က နေ့စဉ်လေ့လာသင်ယူနေဖို့ပဲ ဖြစ်ပါတယ်။ ဒီလိုသာ သင်နှစ်သက်တဲ့ ပညာရပ်ဒါမှမဟုတ် လုပ်ဆောင်မှုတခု ကို အလေ့အကျင့်တခုနဲ့ ပုံမှန်လုပ်ဆောင်သွားတဲ့အခါ သင့်အနေနဲ့တိုးတက်မှု ရရှိလာမှာသေချာပါတယ်။
(၅) သင့်ကိုယ်သင်ဂရုစိုက်ပါ

Source : GoSkills
သင့်အနေနဲ့အောင်မြင်ချင်တယ်ဆိုရင် ကိုယ့်ကိုယ်ကိုဂရုစိုက်တတ်ဖို့က အရေးကြီးပါတယ်။ ဒါက အခြေခံလို အပ်ချက်တစ်ခုပါ။ သင့်ရဲ့စိတ်နဲ့ ခန္ဓာကိုစွမ်းအင်ပြည့်ဝအောင် လုံလောက်စွာအိပ်စက်အနားယူတာ၊ ရေများများ သောက်တာ၊ သင့်အိပ်ခန်းကို သန့်ရှင်းသပ်ရပ်အောင်ထားတာ စတာတွေလုပ်လို့ရသလို သင့်စိတ်ကိုဖိစီးမှုနည်း စေမယ့်နည်းလမ်းတွေကိုရှာဖွေပြီး သင့်ကိုပျော်ရွှင်စေမယ့်အရာတွေကိုလုပ်ဆောင်ပါ။
