သင့်ရဲ့ တနေ့တာ တာဝန်ဝတ္တရာများ၊ သင့်ရဲ့ပတ်ဝန်းကျင်နဲ့ မိမိရဲ့လူနေမှုအဆင့်အတန်းတို့နဲ့ ပတ်သက်ပြီး စိတ်မသက်မသာခံစားနေရပါသလား။ မနက်ခင်း အိပ်ရာနိုးထလာချိန်မှာ တက်ကြွလန်းဆန်းမနေဘဲ ဇွန်ဘီကြီးတစ်ကောင်လို ငူငူငိုင်ငိုင်ကြီးဖြစ်နေပါသလား။
ဒါဆိုရင်တော့ သင့်ရဲ့အပြုအမူများကို ပြောင်းလဲဖို့အချိန်တန်နေပြီပဲ ဖြစ်ပါတယ်။ သင့်ရဲ့လူနေမှုအဆင့်အတန်းကို မြင့်မားလာစေပြီး စိတ်ခံစားချက်များလည်း ကောင်းမွန်စေဖို့ရန်အတွက် ဘယ်လိုအလေ့အကျင့်ကောင်းတွေက ကူညီနိုင်မလဲဆိုတော့ …
စိတ်တည်ငြိမ်အောင် ကြိုးစားပါ
မဖြစ်လာသေးတဲ့အရာကို ကြိုတင်ပြီးတော့ ပူပန်တွေးတောမနေပါနဲ့။ စိတ်တည်ငြိမ်ဖို့အတွက် တရားထိုင်လို့ရသလို၊ ယောဂဆော့ကစားလို့လည်း ရပါတယ်။ ထိုကဲ့သို့လုပ်ဆောင်ခြင်းသည် စိတ်ဖိစီးမှုများကို လျော့ချပေးပြီး သွေးပေါင်ချိန်ကို မှန်ကန်စေကာ စိတ်ပျော်ရွှင်လာအောင် ကူညီပေးပါတယ်။
မိမိအိပ်ခန်း၊ အိမ်ခန်းများကို သန့်ရှင်းနေအောင် ပြုလုပ်ပါ
မိမိအခန်းက ရှုပ်ပွပေရေညစ်ပတ်နေမယ်ဆိုလျှင် ထိုအရာကို မြင်နေရတဲ့သင့်စိတ်သည်လည်း လန်းဆန်းတက်ကြွနေမှာမဟုတ်တော့ပါဘူး။ အဆင့်မြင့်မြင့်နဲ့သပ်ရပ်လှပတဲ့ အိမ်တစ်လုံးဖြစ်ဖို့ဆိုရင် သင့်ရဲ့အိမ်ကို သန့်ရှင်းသပ်ရပ်နေအောင် အမြဲတမ်းသန့်ရှင်းရေးပြုလုပ်ဖို့လိုအပ်ပါတယ်။
နေ့စဉ်သင်ယူမှုပြုလုပ်ပါ
သင်ယူလေ့လာမှုမရှိတဲ့ဘဝသည် ရွေ့လျားမှုမရှိ၊ စီးဆင်းမှုမရှိတဲ့ရေကန်တဲ့ အလားသဏ္ဍာန်တူပါတယ်။ သင်ယူမှုရပ်တန့်လိုက်တဲ့နေ့သည် သင့်ဘဝကြီးက ရှင်လျက်နဲ့ သေဆုံးသွားတဲ့ဘဝနဲ့ တူပါတယ်။ သင့်ရဲ့ယခုလူနေမှုဘဝထက် ပိုပြီး အဆင့်အတန်းမြင့်တဲ့ဘဝကို ပိုင်ဆိုင်ချင်တယ်ဆိုရင် နေ့စဉ်မပြတ်လေ့လာသင်ယူဖို့လိုအပ်ပါတယ်။
မနက်စာ စားဖို့မမေ့ပါနဲ့
အလုပ်များလွန်းလှတဲ့ အောင်မြင်ကျော်ကြားသူတွေတောင် သူတို့ရဲ့မနက်စာကို မမေ့မလျော့ စားသုံးကြပါတယ်။ မနက်စာသည် တစ်နေ့တာလုံးအတွက် အရေးကြီးဆုံးအရာဖြစ်ပါတယ်။ မနက်စာ မစားပါက ဦးနှောက်ရဲ့လုပ်ငန်းဆောင်တာများ ကျဆင်းလာပြီး မှတ်ဉာဏ်ချို့ယွင်းတတ်လာပါတယ်။ တစ်နေ့တာလုံးပေါ့ပါးလန်းဆန်းပြီး မှတ်ဉာဏ်အားကောင်းချင်တယ်ဆိုရင်တော့မ နက်စာကို မဖြစ်မနေ စားသုံးရပါမယ်။
မိမိရဲ့ ပုံရိပ်ကို မြင့်မားလာအောင် လုပ်ဆောင်ပါ
ရုံးသွားတော့မယ်ဆိုရင် သေသေချာချာမီးပူတိုက်ထားတဲ့အဝတ်အစားကို ဝတ်ဆင်မယ်၊ တစ်ကိုယ်ရည်သန့်ရှင်းမှုရှိပြီး ကျော့ကျော့မော့မော့နေခြင်းသည် ကိုယ့်ရဲ့ဖက်ရှင်ပုံရိပ်ကို မြင့်တင်ခြင်းပဲဖြစ်ပါတယ်။ ကိုယ့်ကို အခြားသူများက အထင်ကြီးအားကျအောင် ကိုယ့်ရဲ့လုပ်ဆောင်မှုတစ်ခုချင်းစီကိုလည်း ကောင်းမွန်နေအောင် ကြိုးစားရမှာဖြစ်ပါတယ်။
ရည်မှန်းချက် ပန်းတိုင်များထားရှိပါ
အသက်ဘယ်လောက်ရောက်ရင် ပိုက်ဆံဘယ်လောက်စုမိနေရမယ်၊ ကိုယ့်ရဲ့ဘဝကို ဒီ့ထက်ပိုပြီး မြင့်မားလာအောင် ဘယ်လိုလုပ်ဆောင်မလဲ အစရှိသည့်ရည်မှန်းချက် ပန်းတိုင်များထားကာ ကိုယ့်ရဲ့အနာဂတ်ကို ပိုမိုလှပလာအောင် ပုံဖော်ဖန်တီးလိုက်ပါ။
Source: Wanderlustworker.com
Featured Image Source: Entrepreneur