လူတိုင်းမှာအကျင့်ဆိုးတခုမဟုတ်တခု ရှိကြတယ်။ ဒါဟာ ပုံမှန်ပါပဲ။ ဒါပေမယ့် တစ်ချို့အကျင့်ဆိုးတွေက သင့်ရဲ့အလုပ် (သို့) လူမူဘဝမှာ အောင်မြင်မူမရတဲ့ အကြောင်းအရင်းလည်းဖြစ်နိူင်ပါတယ်။ ဘဝဟာ သင်ဖြစ်ချင်သလို ဖြစ်လာလေ့မရှိပါဘူး။အောင်မြင်တဲ့သူတစ်ယောက်ဖြစ်ဖို့အတွက် ဘယ်လိုအကျင့်ဆိုးတွေကို ဖျောက်ရမလဲဆိုတာ ဒီနေ့ kwee page ကပြောပြပေးသွားမှာပါ။

အမြဲတမ်းနောက်ကျနေခြင်း

Source: RantNow

နောက်ကျတယ်ဆိုတာ မကောင်းတဲ့အကျင့်တခုပါ။ အောင်မြင်နေကြတဲ့သူတွေဟာ အချိန်ကို လေးစားတန်ဖိုးထားကြတဲ့သူတွေပါ။ သင်ဟာအမြဲတမ်းနောက်ကျနေတတ်တဲ့သူဆိုရင် လူတွေကသင့်ကို အထင်ကြီးလေးစားတော့မှာမဟုတ်ပါဘူး။ ဒါကြောင့် ဘာပဲလုပ်လုပ် ဘယ်သူတွေနဲ့ပဲ ချိန်းထားချိန်းထား အချိန်မှန်သွားပေးဖို့ လိုအပ်ပါတယ်။

အသုံးအဖြုန်းကြီးခြင်း

Source: ElCrema

ပိုက်ဆံအိတ်က အမြဲတမ်းပိန်နေလား။ ဒါမှမဟုတ် အကြွေးတွေ ဝိုင်းနေလား။ ဒါက သင့်ရဲ့လာမယ့် အနာဂတ် ငွေးကြေးအခတ်အခဲ ဖြစ်မယ်ဆိုတဲ့ ရှေ့ပြေးနိမိတ်တွေပါပဲ။ ပိုက်ဆံစုဖို့က အလွန်အရေးကြီးပါတယ်။ စုပြီးတာနဲ့ မပြီးသေးပါဘူး။ စီမံခန့်ခွဲတတ်ဖို့ကလည်းလိုအပ်ပါသေးတယ်။ ပိုက်ဆံကို မလိုအပ်တဲ့နေရာမှာ မသုံးမိပါစေနဲ့။ အသုံးအဖြုန်းကြီးရင် ပိုက်ဆံစုဖို့ဆိုတာ မဖြစ်နိူင်ပါဘူး။

မရိုးသားခြင်း

Source: Kalibrr

လိမ်တာဟာ မထင်မှတ်ထားပဲ လူတစ်ယောက်ကို အကျင့်ဖြစ်သွားစေတတ်ပါတယ်။ မကြာခဏလိမ်တတ်တဲ့ သူတွေဟာ မလိမ်ရပဲနဲ့ကို မနေနိူင်တော့အောင် ဖြစ်သွားတတ်ပါတယ်။ ဒါကြောင့် အစကတည်းက ရိုးသားပါ။ ကြိုးစားပါ။ တစ်ချို့ လိမ်ညာပြီး ချမ်းသာသွားတဲ့ လူတွေရှိပါတယ်။ ဒါဟာ အလွန်ကို စိတ်ပျက်စရာကောင်းပါတယ်။ ဒါပေမယ့် လိပ်ပြာသန့်သန့်နဲ့ ချမ်းသာသွားတာက တစ်သက်လုံး စိတ်ချမ်းသာ ကိုယ်ချမ်းသာ နေရပါတယ်။

အမြဲတမ်းအပြစ်တင်နေတာ

Source: Beat 102-103

ကိုယ်မကြိုက်တဲ့အရာတစ်ခုအတွက် မကြိုက်နှစ်သက်ကြောင်းပြောပိုင်ခွင့် ကိုယ့်မှာရှိပါတယ်။ ဒါပေမယ် ပုံကြီးချဲ့ ပြီး မပြောဖို့တော့ လိုပါတယ်။ တခုခုဆိုရင် အမြဲတမ်းအပြစ်တင်နေတတ်တဲ့သူကို လူတွေက ရှောင်ဖယ်သွားတတ်ကြတယ်။ အောင်မြင်တဲ့သူတစ်ယောက်ဖြစ်ဖို့ဆိုရင် သင်ဟာ သံလိုက်လိုလူစားဖြစ်နေမှရပါမယ်။

လူတွေကို မိမိအနားကနေ တွန်းထုတ်နေခြင်း

Source: Framepool

ကျနော်တို့တွေဟာ လူသားတွေပါ။ လူမူပတ်ဝန်းကျင်မှာ ကျင်လည်နေရတဲ့ သူတွေပါ။ ကျနော်တို့တွေဟာ မိတ်ဆွေသူငယ်ချင်းအပေါင်းအသင်းတွေ လိုအပ်ပါတယ်။ အောင်မြင်မူရဲ့အဓိကသော့ချက်ဟာ ကိုယ့်ဆီမှာ အဆက်အသွယ် ကောင်းကောင်း ရှိခြင်းပါပဲ။ ဒါမှလည်း ကိုယ်လိုအပ်တဲ့အချိန်မှာ အလွယ်တကူ ဆက်သွယ် လှုပ်ရှားနိူင်မှာပါ။ အောင်မြင်မူလမ်းကြောင်းက ခတ်ခဲပါလိမ့်မယ်။ ဒီခတ်ခဲတဲ့ လမ်းကြောင်းကို ကိုယ့်ရဲ့ကြိုးစားအားထုတ်မူနှင့်အတူ အခြားသူတွေရဲ့ အကူအညီတွေနဲ့ ပေါင်းပြီး ရင်ဆိုင်ကျော်ဖြတ်မယ်ဆိုရင် ပိုမိုလွယ်ကူနိူင်ပါလိမ့်မယ်။

နောက်အရေးကြီးဆုံးအချက်ကတော့ ကျန်းမာရေးပါပဲ။ ကျန်းမာရေးကောင်းမွန်နေဖို့ အလွန်အရေးကြီးပါတယ်။ ကျန်းမာနေမှ အပေါ်က အချက်တွေအကောင်အထည်ဖော်နိူင်မှာပါ။ ဒါကြောင့် မိမိရဲ့ ကျန်းမာရေးကို အထူးဂရုစိုက်ဖို့ လိုအပ်ပါတယ်။