ဆံပင်တွေက ပြောင်းဖူးမွှေးတွေလို ဖွာလန်နေလို့ စိတ်ညစ်နေပါသလား။ ဒါမှမဟုတ် ဆံပင်တွေ အလွန်အမင်းကျွတ်ပြီး ဆံပင်ပါးသွားလို့ စိတ်ညစ်နေပါသလား။

ပုံမှန်ဆိုရင် အမျိုးသားများက ဆံပင်အတိုထားလေ့ရှိတာကြောင့် ဆံပင်ထိန်းသိမ်းစောင့်ရှောက်ဖို့ကို သိပ်ဂရုစိုက်လေ့မရှိပါဘူး။ ဒါပေမဲ့ သပ်သပ်ရပ်ရပ်နဲ့ ကြည့်ကောင်းတဲ့ဆံကေသာပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ ဒီနေ့ကစပြီး ဆံပင်ကို ထိန်းသိမ်းစောင့်ရှောက်သင့်နေပါပြီ။

ကြက်ဥနဲ့ တစ်လတစ်ခါပေါင်းတင်ပေးပါ။

Source: Healthline.com

သင့်ဆံကေသာ ကျန်းမာသန်စွမ်းဖို့အတွက်ဆိုရင်တော့ ကြက်ဥနဲ့ ဆံပင်ကို တစ်လတစ်ခါ ပေါင်းတင်ပေးဖို့ လိုပါတယ်။

ဆံပင်ညှပ်ဖို့ အချိန်ကောင်းကို စောင့်ပါ။

Source: Stagsfinemen.com

ဆံပင်ညှပ်ဆိုင်မှာ ဆံပင်သွားညှပ်တော့မယ်ဆိုရင် လူများနေတဲ့အချိန်မသွားပါနဲ့။ လူနည်းတဲ့ ဆိုင်စဖွင့်ချိန်နဲ့ ဆိုင်ပိတ်ခါနီးအချိန်တွေမှာ ရွေးသွားပါ။ ဒါမှ ဆံသဆရာက သင့်ဆံပင်ကို ဂရုစိုက်မှုအပြည့်အဝပေးနိုင်ပြီး သင့်မျက်နှာကျနဲ့လိုက်ဖက်တဲ့ဆံပင်စတိုင်လ် ညှပ်ပေးမှာပဲဖြစ်ပါတယ်။

ဆံပင်အတွက် ထုတ်ကုန်ပစ္စည်းများ အများအပြားအသုံးပြုခြင်း

Source: Hairmgrooming.com

ဆံပင်စတိုင်လ်ပြင်ဆင်ဖို့အတွက် ထုတ်လုပ်ထားတဲ့ကုန်ပစ္စည်းတွေကို ဓာတုဆေးဝါးများနဲ့ ထုတ်လုပ်ထားတာကြောင့် ထိုပစ္စည်းများ အလွန်အကျွံအသုံးပြုခြင်းကိုလည်း ရှောင်ကြဉ်သင့်ပါတယ်။

ရေစိုနေတဲ့ဆံပင်ကို ပွတ်သုတ်ခြင်း

Source: Rubieshair.com

ဆံပင်အမြန်ခြောက်ချင်ဇောနဲ့ ဆံပင်ကို ပွတ်တိုက်ပြီး သုတ်ခြင်းက ဆံပင်အားနည်းစေပြီး ဆံပင်တွေ ကျိုးကြေပျက်စီးသွားပါတယ်။ ပွတ်တိုက်မယ့်အစား ဖွဖွလေး ပုတ်ပြီးသုတ်ပေးလိုက်ပါ။

ခေါင်းခဏခဏလျှော်ခြင်း

Source: Birchbox.com

နေ့တိုင်းခေါင်းလျှော်ခြင်းက သင့်ဦးရေပြားရဲ့အစိုဓာတ်ကို ခမ်းခြောက်စေပြီး ဆံပင်တွေ ကြမ်းတမ်းသွားစေပါတယ်။ ဒါ့ကြောင့် တစ်ပတ်ကို တစ်ကြိမ် (သို့) နှစ်ကြိမ်ခန့်သာ လျှော်သင့်ပါတယ်။ ဒါ့အပြင် ခေါင်းလျှော်ပြီးတိုင်း Conditioner သုံးဖို့လည်း မမေ့ပါနဲ့။

ရေကူးတဲ့အခါ ဆံပင်ကို အကာအကွယ်ပေးပါ။

Source: Enjoy-swimming.com

ရေကူးကန်ထဲက ကလိုရင်းဓာတ်တွေက သင့်ဦးရေပြားကို ခြောက်သွေ့စေပြီး ပရိုတိန်းဓာတ်လျော့ကျသွားကာ ဆံပင်တွေကြမ်းတမ်းပြီး မွဲခြောက်ခြောက်ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် ရေမကူးခင်မှာ အရင်ဆုံးခေါင်းကို စိုအောင်ပြုလုပ်ပြီး Conditioner လေးလိမ်းပေးရပါမယ်။ ဒါမှ ဆံပင်တွေ ပျက်စီးကြမ်းတမ်းခြင်းမှ ကင်းဝေးမှာပဲဖြစ်ပါတယ်။