အမျိုးသမီးတွေနဲ့မတူဘဲ အမျိုးသားအများစုက ဆံပင်ဆေးဆိုးဖို့အရောင်ရွေးတဲ့အခါ သေချာလေးစဉ်းစားရွေးချယ်ရပါတယ်။ ဒါကြောင့် သင့်ဆံသားနဲ့ ဆံပင်စတိုင်လ်ပေါ်မူတည်ပြီး အလိုက်ဖက်ဆုံးရွေးချယ်လို့ရမယ် အရောင်တွေကို ပြောပြပေးလိုက်ပါတယ်။

(၁) ကြေးနီအညိုကာလာ

ကြေးနီအညိုရောင် ဆံပင်ကာလာက ဆံပင်အတိုထားတဲ့ အမျိုးသားရော အရှည်ထားတဲ့ အမျိုးသားအတွက်ပါ ကြည့်ကောင်းစေမယ့်အရောင်ပါ။ အရောင်တောက်တာပဲဖြစ်ဖြစ် ခပ်ဖျောဖျောဆိုးတာပဲဖြစ်ဖြစ် အမြဲတမ်းဆွဲဆောင်မှုရှိနေစေမယ့် အရောင်တမျိုးဖြစ်ပါတယ်။

(၂) အနက်ဖောက်ရွှေရောင်ဖျော့ကာလာ

ဆံပင်အနက်ကြားမှာ ရွှေရောင်ဖျော့ကာလာဖောက်ဆိုးတာကလည်း အမျိုးသားအများစုအတွက် အဆင်ပြေစေပါတယ်။ ဒီအရောင်က ဦးခေါင်းအပေါ်ထိပ်ကိုအရှည်ထားပြီး ဘေးနှစ်ဘက်ကိုတိုထားတဲ့ ဆံပင်ပုံနဲ့ဆို အလိုက်ဖက်ဆုံးပါ။

(၃) အနီရောင်ရင့်ကာလာ

ဒီအရောင်ကတော့ လူတိုင်းအတွက်မဟုတ်ပါဘူး ခပ်လတ်လတ်အသားအရောင်ရှိသူတွေအတွက်ပါ။ ဆံပင်မထူမပါး ဒါမှမဟုတ် ဆံပင်ထူတဲ့ဆံသားပိုင်ရှင်တွေဆိုးရင် ပိုမိုပေါ်လွင်ပါတယ်။ အနီရင့်ရောင်ကို တခြားအရောင်တွေနဲ့ရောစပ်ပြီး သင်နဲ့လိုက်ဖက်မယ့် အရာင်စပ်ကာလာကို စမ်းကြည့်လို့လည်းရပါတယ်။

(၄) ချောကလက်အညိုကာလာ

ချောကလက်အညိုရောင် ဆံပင်ကာလာကတော့ အသားအရောင်အမျိုးမျိုးနဲ့လိုက်ဖက်ပြီးတော့ ထူထည်းတဲ့ဆံသားနဲ့ဆို အလွန်ကြည့်ကောင်းစေမယ့်အရောင်ပါ။ ဒါမှမဟုတ် သင့်ဆံပင်ကိုထူသယောင်ဖြစ်စေဖို့ ပုံသွင်းဆေးရည် ( Hair Mousse) ကိုလည်းအသုံးပြုနိုင်ပါတယ်။

(၅) အနက်ရောင်

နောက်ဆုံးအကြံပေးချင်တဲ့ အလိုက်ဖက်ဆုံးအရောင်ကတော့ အနက်ရောင်ပါ။ ဆံပင်ကို ခပ်ပါးပါးတိုတိုညှပ်ထားတဲ့ပုံစံနဲ့ ခပ်လတ်လတ်အသားရောင်ကနေ အသားညိုသူတွေအထိလိုက်ဖက်တဲ့ ဆံပင်အရောင်ပဲဖြစ်ပါတယ်။ သင့်ရဲ့ လှိုင်းတွန့်ရေးရေးရှိတဲ့ခပ်ထူထူဆံပင်ပုံစံရယ် တောက်ပတဲ့မျက်လုံးတွေ ရယ်နဲ့ ပေါင်းစပ်လိုက်ရင် အနက်ရောင်ဆံပင်ဆိုတာ တကယ့်ကိုမှော်ဆန်ဆန်ဆွဲဆောင်နိုင်တဲ့အရောင်ပါပဲ။