ဆံကေသာကျန်းမာရေးဆိုတာလည်း မေ့မထားသင့်တဲ့အရာတွေထဲမှာပါပါတယ်။ အမျိုးသားအများစုက ဆံကေသာကျန်းမာရေးနဲ့ ပတ်သတ်ပြီးလျစ်လျူရှုမိတက်ကြပါတယ်။ ဆံပင်ဆိုတာ လူတစ်ယောက်ရဲ့ ဒုတိယမျက်နှာလို့ ဆိုရင်မမှားနိုင်တာကြောင့် ကောင်းစွာထိန်းသိမ်းဂရုစိုက်မှသာသပ်သပ်ရပ်ရပ်နဲ့ကြည့်ကောင်းတဲ့သူတစ်ယောက်ဖြစ်နိုင်မှာပါ။ဒါကြောင့်ဒီတစ်ခေါက်မှာတော့ ဆံကေသာကျန်းမာသန်စွမ်းဖို့ သိထားသင့်တဲ့ဆောင်ရန်ရှောင်ရန်အချက်တွေကိုပြောပြပေးချင်ပါတယ်။

(၁) ခေါင်းလျော်ရည်ကို သေချာရွေးချယ်ပါ

Source : wikihow

အမျိုးသားအများစုက ခေါင်းလျော်ရည်ကိုသေချာရွေးချယ်တာမျိုးမရှိပဲ ကြုံတဲ့ခေါင်းလျော်ရည်နဲ့ လျော်တက်ကြပါတယ်။ တကယ်တော့ ကျန်းမာတဲ့ဆံကေသာရဖို့ ခေါင်းလျော်ရည်ကိုသေချာစီစဉ်ရွေးချယ်သင့်ပါတယ်။ ဓာတုပစ္စည်းတွေပါဝင်တဲ့ ခေါင်းလျော်ရည်တွေကိုရှောင်ပြီး hydrolyzed wheat protein အမိုင်နိုအက်ဆစ်နှင့် ဗီတာမင်အီး စတဲ့ပစ္စည်းတွေပါဝင်တဲ့ခေါင်းလျော်ရည်ကိုရွေးသင့်ပါတယ်။

(၂) နေ့တိုင်းခေါင်းလျော်ခြင်းကို ရှောင်ကျဉ်ပါ

Source : Balding Beards

ယောကျာ်းလေးတွေဟာ များသောအားဖြင့် ရေချိုးတဲ့အခါခေါင်းပါလျော်လေ့ရှိကြပါတယ်။ တကယ်တော့ နေ့တိုင်းခေါင်းလျော်ဖို့မလိုအပ်ပါဘူး။ နေ့တိုင်းခေါင်းလျော်မယ်ဆိုရင် ဦးရေပြားအဆီတွေကို ခြောက်သွေ့စေပြီး ဆံသားကြမ်းတမ်းမှုကိုဖြစ်စေပါတယ်။ဒါကြောင့်တစ်ပတ်ကို ၂ ကြိမ် (သို့) ၃ ကြိမ်လောက်ခေါင်းလျော်ပေးရုံလုံလောက်ပါတယ်။

(၃) ပေါင်းဆေးသုံးပါ

Source : Dapper Confidential

ဆံသားပေါင်းဆေးက ခေါင်းလျော်နဲ့ မတူပါဘူး။ ပေါင်းဆေးဟာ ဆံသားအတွက်လိုအပ်တဲ့ အာဟာရဓာတ်တွေကိုပေးစွမ်းနိုင်တာကြောင့် ပျက်စီးနေတဲ့ ဆံသားကိုပြန်လည်ကျန်းမာစေပြီး ဦးရေပြားနှင့် ဆံပင်ကိုနူးညံ့ပျော့ပြောင်းစေပါတယ်။ ခေါင်းလျော်ပြီးတဲ့အခါ ပေါင်းဆေးကို ဦးခေါင်းအနှံ့လိမ်းပေးပြီး (၁၅) မိနစ်လောက်နေရင်ရေဆေးချလိုက်လို့ရပါပြီ။ ပေါင်းဆေးကိုလည်း တစ်ပတ်ကို (၂) ကြိမ်လောက်သုံးပေးရင်လုံလောက်ပါတယ်။

(၄) ခေါင်းလိမ်းဆီသုံးပါ

Source : Shuttersrock

ခေါင်းလျော်ပြီတဲ့အခါ ဆံကေသာကိုပုံကျလှပနေစေဖို့ ခေါင်းလိမ်းဆီလိမ်းပေးဖို့လိုအပ်ပါတယ်။ ယောကျာ်းလေးဆံပင်သုံးထုတ်ကုန်အများစုက ဓာတုပစ္စည်းတွေပါဝင်တာများပြီး ဆံပင်ကိုခြောက်သွေ့ကြမ်းစေတာကြောင့် သေချာရွေးချယ်ဝယ်ယူသင့်ပါတယ်။ အကောင်းဆုံးကတော့ သဘာဝပစ္စည်းများပါဝင်တဲ့ ခေါင်းလိမ်းဆီကိုရွေးချယ်အသုံးပြုဖို့ အကြံပြုချင်ပါတယ်။

(၅) ရေခြောက်အောင်သုတ်တဲ့အခါ သတိထားပါ

Source: Beardoholic

ခေါင်းလျော်ပြီးဆံပင်အခြောက်ခံတဲ့အခါ Hair Dryer ကိုတက်နိုင်သလောက်မသုံးသင့်ပါဘူး။ Hair Dryer သုံးခြင်းက ဆံသားကိုပျက်စီးကိုစေနိုင်ပါတယ်။ နောက်တစ်ခုက တဘက်နဲ့ သုတ်တဲ့အခါမှာလည်း ခပ်ကြမ်းကြမ်းဖိပွတ်ပြီးရေသုတ်တာမျိုးကိုရှောင်ကျဉ်ပါ။ ဆံပင်ရေခြောက်ဖို့အတွက်ဆိုရင် စိတ်ရှည်ရှည်နဲ့ ခပ်ဖွဖွလေးသုတ်ပေးနိုင်ပါတယ်။