ကွီးတို့ရေ….ဆံပင်ဆိုတာကလည်း ဖက်ရှင်လိုပဲ ရွေးချယ်ရတာအင်မတန်ခက်ပါတယ်နော်။ ကိုယ့်ရဲ့မျက်နှာကျပေါ်လိုက်ပြီးတော့ ဘယ်လိုဆံပင်စတိုင်လ်က လိုက်မလဲဆိုပြီး စဉ်းစားရတာကလည်း ဦးနှောက်စားစရာပါပဲ။

ကိုယ်ညှပ်လိုက်တဲ့ ဆံပင်ပုံစံပေါ်မူတည်ပြီး ကိုယ့်ရဲ့မျက်နှာပေါက်ကို ပိုပေါ်လွင်၊ သိသာထင်ရှားစေတဲ့အတွက်ကြောင့် ရွေးချယ်မှုမှန်ကန်ဖို့လည်းလိုပါတယ်။ ဒါကြောင့် ဒီတစ်ခါမှာတော့ သာမန်လူတွေထက် နဖူးလေး အတန်ငယ် ကျယ်ပြန့်တဲ့ ကွီးတို့အတွက် ဘယ်လိုဆံပင်စတိုင်လ်တွေက အလိုက်ဖက်ဆုံးဖြစ်မလဲဆိုတာ ဖော်ပြပေးလိုက်ရပါတယ်။

ကိုယ့်မှာလည်း ကျယ်ပြန့်တဲ့နဖူးလေးရှိတယ်ဆိုရင်တော့ အခုဖော်ပြပေးခဲ့တဲ့ ဆံပင်စတိုင်လ်လေးတွေ သိမ်းဆည်းထားပြီး ဆံပင်ညှပ်ဆိုင်ရောက်ရင် ဦးနှောက်မစားတော့ဘူးပေါ့။

Source: www.thetrendspotter.net