လူတစ်ယောက်ရဲ့Image မှာ အလွန်အရေးကြီးလှတဲ့အပိုင်းတစ်ခုက ဆံပင်ပုံစံပါပဲ။ ဆံပင်ပုံစံကို ကြည့်ရုံနဲ့ သူ့စရိုက်ကို နီးစပ်အောင် မှန်းဆကြည့်လို့ ရပါတယ်။ ဘယ်လိုပုံစံ ဆံပင်တွေက ဘယ်လိုစရိုက်တွေကို ဖော်ပြနေသလဲ ကြည့်ရအောင်ပါ။

(၁) ဆံပင်ရှည်

man long hairstyle

Photo: Brightside Me

ဆံပင်အရှည်ထားတဲ့ ယောင်္ကျားလေးတွေဟာ ဖန်တီးနိုင်စွမ်းရှိပြီး စူးစမ်းတတ်တယ်လို့ ဆိုပါတယ်။ အနည်းဆုံးတော့ ဆံပင်ရှည်နဲ့ အမျိုးသားတွေကို ကြည့်ရတာ လျှိူ့ဝှက်မှုတစ်ခုခု ရှိနေတယ်ဆိုတာ ခံစားမိပါလိမ့်မယ်။

(၂) ဆံပင်တိုကပ်

classic hairstyle

Photo: Brightside Me

တိုတိုကပ်ကပ် ဆံပင်ညှပ်တတ်တဲ့ အမျိုးသားတွေဟာ ယောင်္ကျားဆန်မှုကို ပြပါတယ်။ တစ်ဆက်တည်းမှာ ဝန်တိုတတ်တဲ့သူလို့လည်း ယူလို့ရပါတယ်။ လူတော်တွေမှာ တွေ့တတ်တဲ့ ဆံပင်ပုံစံဖြစ်ပြီး အဲ့ဒီလူတွေမှာ ဟာသဉာဏ်လည်း ကောင်းလေ့ရှိတတ်တယ်လို့ ဆိုပါတယ်။

(၃) ကတုံးပြောင်

The Rock and his iconic hairstyle

Photo: Brightside Me

တစ်ခေါင်းလုံး ပြောင်နေအောင် ရိတ်ထားတဲ့အမျိုးသားတွေဟာ ရှေ့ရေးအမြင်ကောင်းသူ ၊ ဉာဏ်ရည်ဉာဏ်သွေးကောင်းသူ ဖြစ်တတ်ပါတယ်။ နောက်ပြီး ဆုံးဖြတ်ချက်လည်း မှန်ကန်တတ်တယ်လို့ ဆိုပါတယ်။ ကတုံးထားတတ်တဲ့ အမျိုးသားတွေဟာ သစ္စာလည်း ကြီးလေ့ရှိပါတယ်။

(၄) အလယ်ခွဲကေ

Middle parting

Photo: Brightside Me

ဆံပင်အလယ်ခွဲထားသူတွေက ရည်မှန်းချက်နောက် ဇွဲနပဲနဲ့ လိုက်တတ်သူတွေ ဖြစ်လေ့ရှိပါတယ်။ ဘဝမှာ ပန်းတိုင်တစ်ခု ထားမိရင် မနားတမ်း တောက်လျှောက်လိုက်တတ်သူလည်း ဖြစ်နိုင်ပါတယ်။

(၅) အထောင်ကေ

robert pattison's hairstylePhoto: Brightside Me

ဆံပင်ကေကို ထောင်လိုက်အထောင်ထားတတ်သူဟာ စိတ်ကူးယဉ်ဆန်တတ်သူတွေ ဖြစ်ပြီး ခံစားလွယ်တတ်ပါတယ်။ ဒီလိုလူတွေဟာ လူအကြားမှာ ထင်ရှားတတ်သူတွေလည်း ဖြစ်လေ့ရှိပါတယ်။

(၆) ဘေးခွဲဆံပင်မတိုမရှည်ကေ

Mid-length hair with bangs on the side

Photo: Brightside Me

ရိုမန်းတစ်ဆန်တတ်ပါတယ်။ရုပ်ရည်လည်း ချောတတ်ပါတယ်။ အထူးသဖြင့် အမျိုးသမီးတွေ ကျလောက်တဲ့ လူမျိုး ဖြစ်ပါတယ်။ ဒီလိုလူတွေဟာ ဘဝကိုလည်း ကိုယ်တိုင်ကိုယ်ပိုင် ကောင်းကောင်း စီမံခန့်ခွဲနိုင်သူမျိုး ဖြစ်တတ်ပါတယ်။

(၇) ဘေးပြောင် အပေါ်လှန်

Fade hairstyle

Photo: Brightside Me

ဒီလို ဆံပင်မျိုးထားတတ်သူက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိတဲ့လူတစ်ယောက်မှာ တွေ့ရတတ်ပါတယ်။ ယောင်္ကျားလည်း ပီသပါတယ်။ အခုခေတ် ခေတ်စားနေတဲ့ Fade လို့ ခေါ်တဲ့ ဆံပင်ဘေးနှစ်ဘက်ကို အပြောင်ပါးထားပြီး အပေါ်ကို နောက်လှန်ထားတဲ့ ဒီဇိုင်းမျိုး ဖြစ်ပါတယ်။

(၈) ဘေးပါး အပေါ်ဆံပင်စည်း

Top Knot Hairstyle

Photo: Brightside Me

Top-Knot လို့ခေါ်တဲ့ ဆံပင်ကို ထုံးစည်းထားတတ်တဲ့ ပုံစံကိုလည်း ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ပြင်းထန်သူ ၊ ဝေဖန်ကဲ့ရဲ့တာမျိုး လုံးဝဂရုမစိုက်သူတွေမှာ မြင်ရတတ်ပါတယ်။ ခပ်ကြမ်းကြမ်း ရင်ဆိုင်တတ်တဲ့သူလို့လည်း ပြောနိုင်ပါတယ်။