ရော်နယ်ဒိုဟာ ဝိုင်အကောင်းစားလိုပဲ ကြာလေ ပိုကောင်းလေဆိုတဲ့ ကစားသမားမျိုးဖြစ်ပါတယ်။ ဖေဖော်ဝါရီ ၅ ရက်နေ့မှာ အသက် ၃၆ နှစ်ပြည့်ခဲ့တဲ့ ရော်နယ်ဒိုဟာ အသက်အရွယ်ဆိုတာ ကိန်းဂဏန်းသာဖြစ်တယ်ဆိုတာကို ဆက်လက်သက်သေပြနေဆဲဖြစ်ပါတယ်။
ဂျူဗင်တပ်ကြယ်ပွင့်တိုက်စစ်မှူး ရော်နယ်ဒိုဟာ အသက် ၃၀ ကျော်အရွယ်နှောင်းပိုင်းကို ရောက်နေပြီဖြစ်ပေမယ့်လည်း နိုင်ငံနဲ့ ကလပ်အသင်းအတွက် အရေးအကြီးဆုံးကစားသမားအဖြစ် ရှိနေဆဲဖြစ်ပြီး အံ့အားသင့်ဖွယ်ကစားသမားဘဝတလျှောက်လုံး မတူညီတဲ့ လိဂ် ၄ ခုမှာ မယုံနိုင်ဖွယ် ဆုဖလားတွေ ရယူနိုင်ခဲ့သူဖြစ်ပါတယ်။ ပေါ်တူဂီလက်ရွေးစင်ကြယ်ပွင့်ဟာ ဆယ်စုနှစ်တစ်ခုခွဲကျော် အလွန်ကောင်းမွန်တဲ့စွမ်းဆောင်ရည်ကို မြဲမြဲမြံမြံထိန်းသိမ်းထားနိုင်ခဲ့တာဖြစ်ပြီး ရော်နယ်ဒိုနဲ့ပတ်သက်တဲ့ အံ့အားသင့်ဖွယ် အချက် ၁၀ ချက်ကို ဖော်ပြပေးလိုက်ပါတယ်။

Photo: scorum
၁။ ရော်နယ်ဒိုဟာ အခြားကစားသမားတွေ အပျော်အပါးနဲ့ အလှအပအတွက် ဆေးမင်ကြောင်ထိုးနေကြတဲ့အချိန်မှာ ပုံမှန် သွေးလှူဒါန်းဖို့အတွက် ဆေးမင်ကြောင်ထိုးခြင်းကို ရှောင်ကြဉ်ပြီး ဆေးလိပ်၊ အရက်တွေလည်း သုံးစွဲမှုမရှိပါဘူး။
၂။ ရော်နယ်ဒိုရဲ့ မွေးရပ်ဇာတိဖြစ်တဲ့ ပေါ်တူဂီနိုင်ငံ၊ မဒေရာကျွန်းမှာ ခရစ္စတီယာနိုရော်နယ်ဒို ရရှိခဲ့တဲ့ ဆုဖလားတွေ၊ အောင်မြင်မှုတွေအားလုံးကို သမိုင်းမှတ်တမ်းတစ်ခုအနေနဲ့ ပြသထားတဲ့ ပြတိုက်ကြီး တည်ရှိပါတယ်။
၃။ ရော်နယ်ဒိုဟာ ယနေ့လို ကမ္ဘာ့ထိပ်တန်းအဆင့် ဘောလုံးသမားတစ်ယောက်ဖြစ်လာဖို့အတွက် ငယ်စဉ်တုန်းက ကြီးမားတဲ့အတားအဆီးတစ်ခုကို ကျော်ဖြတ်ခဲ့ရပြီး အဲဒါကတော့ နှလုံးခုန်မြန်မှုကြောင့် အသက် ၁၅ နှစ်အရွယ်မှာ နှလုံးခွဲစိတ်ကုသမှု ခံယူခဲ့ရတာဖြစ်ပါတယ်။

Photo: thestatesman
၄။ ရော်နယ်ဒိုဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ လုံးဝ ရပ်တန့်လို့မရနိုင်တဲ့ကစားသမားဖြစ်ပြီး မန်ချက်စတာယူနိုက်တက်နဲ့ ချန်ပီယံလိဂ်ဖလားတစ်ကြိမ်၊ ရီးရဲလ်မက်ဒရစ်နဲ့ ၄ ကြိမ်အထိ ရရှိခဲ့သလို ပြိုင်ပွဲမှာလည်း စံချိန်မှတ်တမ်းများစွာ တင်ရှိထားပါတယ်။
၅။ ခရစ္စတီယာနို ရော်နယ်ဒိုဟာ ရီးရဲလ်မက်ဒရစ်အသင်းသမိုင်းကြောင်းတလျှောက်မှာ ထိပ်တန်းဂိုးသွင်းရှင်ဖြစ်သလို လက်ရှိမှာလည်း ကမ္ဘာ့ဘောလုံးသမိုင်းမှာ ဂိုးအများဆုံးသွင်းယူထားတဲ့ကစားသမားအဖြစ် စံချိန်တင်ရှိထားပါတယ်။
၆။ ဂျူဗင်တပ်အသင်းကို ရော်နယ်ဒို မပြောင်းရွှေ့မီနဲ့ ပြောင်းရွှေ့ပြီး အခြေအနေဟာ မိုးနဲ့မြေလို ကွာခြားသွားခဲ့ပြီး စပွန်ဆာကြေးတွေ၊ ပရိသတ်တွေ အဆပေါင်းများစွာ တိုးမြင့်လာတဲ့အထိ အကျိုးသက်ရောက်မှု ရှိခဲ့တာဖြစ်ပါတယ်။

Photo: highsnobiety
၇။ ရော်နယ်ဒိုဟာ လက်ရှိအချိန်မှာ မတူညီတဲ့ ပြိုင်ပွဲ ၃ ခု(ပရီးမီးယားလိဂ်၊ လာလီဂါ၊ စီးရီးအေ)မှာ ၁၁ ပွဲဆက်တိုက် ဂိုးသွင်းယူနိုင်တဲ့ ကစားသမားအဖြစ် ရပ်တည်နေတာဖြစ်ပါတယ်။
၈။ ရော်နယ်ဒိုရဲ့ အလုပ်ပြင်းပြင်းထန်ထန်ကြိုးစားမှုနဲ့ ဇွဲနဘဲရှိမှုက အကန့်အသတ်မရှိဘူးဆိုတာကို ၎င်းရဲ့ အဆိုးရွားဆုံးနေ့မှာတောင် မဖြစ်နိုင်တာတွေကို လုပ်ပြပြီး ပြသနိုင်ခဲ့သူဖြစ်ပြီး ၎င်းရဲ့ အားနည်းတဲ့ခြေထောက်နဲ့ စုစုပေါင်း ၁၃၉ ဂိုးအထိ သွင်းယူထားပါတယ်။
