သရဲကားတွေ၊ လူသတ်ကားတွေကိုမှ ကြည့်ချင်ပါတယ်ဆိုတဲ့ သည်းထိတ်ရင်ဖိုရုပ်ရှင်ချစ်သူတို့ရေ… ဒီတစ်ပတ်မှာတော့ Happy Death Day 2U ဇာတ်ကား ရုံတင်နေပြီနော်။

သည်းထိတ်ရင်ဖိုဇာတ်ကားတွေကို ရုံမှာ သွားကြည့်ရတဲ့ ဖီးလ်လောက် မိုက်တာမရှိပါဘူး။ ပိတ်ကားကြီးကလည်း အကြီးကြီး၊ အသံကလည်း ဟည်းနေတာပါပဲ။ အရမ်းမိုက်ပါတယ်။

Source: theatlantic.com

ဒီရုပ်ရှင်ကားက ၂၀၁၇ ခုနှစ်မှာ ရုံတင်ခဲ့တဲ့ Happy Death Day ရဲ့ ဒုတိယပိုင်းပဲဖြစ်ပါတယ်။ ပထမပိုင်းမှာ ဇာတ်ကောင်မင်းသမီးက တူညီတဲ့နေ့ရက်ကို ထပ်တလဲလဲကြုံတွေ့နေရတဲ့အကြောင်း ပုံဖော်ရိုက်ကူးထားတာပါ။ ဇာတ်ကောင်မင်းသမီးရဲ့ နာမည်က Collegian Tree Gelbman ပါ။ သူမရဲ့ ဒုက္ခက အပိုင်း (၁) မှာတင် အဆုံးသတ်သွားပြီလို့ ပရိသတ်တွေထင်ထားခဲ့ရာမှ အခုလို ဒုတိယပိုင်း ရုံဆက်တင်တာကတော့ ပရိသတ်တွေ ထင်မထားတဲ့အရာပဲဖြစ်ပါတယ်။

ဒီဒုတိယပိုင်းထဲမှာတော့ သူမရဲ့ ချစ်သူကောင်လေး Carter ရဲ့ အခန်းဖော်က သူမလိုပဲ ထူးဆန်းတဲ့ဖြစ်ရပ်ကြုံတွေ့နေရကြောင်း သိရှိခဲ့ပြီးနောက် သူမလည်း အရင်တုန်းကအဖြစ်မျိုး ထပ်တလဲလဲ ပြန်လည်ကြုံတွေ့ရတော့တာပါပဲ။ မျက်နှာဖုံးအုပ်ထားတဲ့ လူသတ်သမားက သူမကို သတ်ဖို့ကြိုးစားလိုက် သူမက ထွက်ပြေးရလိုက်နဲ့ လုံးလည်ပတ်ချာလိုက်နေတာပါ။ အသတ်ခံလိုက်ရလို့လည်း မပြီးသွားပါဘူး။ နောက်တစ်နေ့မှာ သူမရဲ့ အခန်းထဲမှာ ပြန်လည်နိုးထလာပြီး တူညီတဲ့နေ့ရက်တစ်ရက်တည်းကိုပဲ ကြုံတွေ့ရရင်း ထပ်အသတ်ခံရတာပါ။ သူမသူငယ်ချင်းတွေကို ကယ်တင်ဖို့ဆိုရင် သူမက အခုလိုပဲ ခဏခဏ သေနေရမယ်ဆိုတာကို နောက်ပိုင်းကျမှ သူမ သိသွားတာပါ။

Source: the-avocado.org

ပုံမှန်လူတစ်ယောက်သာဆိုရင် ဇာတ်ကောင်မင်းသမီးလို လူသတ်သမားရဲ့ သားကောင်ဖြစ်လိုက်၊ ခဏခဏ အသတ်ခံရလိုက်နဲ့ဆို ရူးသွားလောက်ပါတယ်။ ဒီကားရဲ့ ကြာမြင့်ချိန်ကတော့ မိနစ် ၁၀၀ ဖြစ်ပြီး ဇာတ်ကားအမျိုးအစားကတော့ သိပ္ပံ စိတ်ကူးယဉ်ဇာတ်လမ်း၊ သည်းထိတ်ရင်ဖို၊ လျှို့ဝှက်သည်းဖိုဇာတ်လမ်းတစ်ခုလည်း ဖြစ်ပါတယ်။ သည်းထိတ်ရင်ဖိုဇာတ်ကားတွေရဲ့ ထုံးစံအတိုင်း ပရိသတ်ကို တစ်ချိန်လုံးခြောက်လှန့်နေလို့လည်း မဖြစ်ပါဘူး။ ဟာသခန်းလေး တစ်ခန်း၊ နှစ်ခန်းလောက်ထည့်မှ ရသမျိုးစုံခံစားရတာပါ။ Happy Death Day 2U မှာလည်း ဟာသခန်းလေးတွေ ပါတာကြောင့် အရမ်းကြောက်စရာကောင်းမှာဆိုပြီး အစိုးရိမ်မလွန်လိုက်ပါနဲ့။

Source: geekculture.co

သူမကို လိုက်သတ်နေတဲ့ မျက်နှာဖုံးအုပ်လူသတ်သမားက ဘယ်သူလဲ၊ ဘာ့ကြောင့် လိုက်သတ်နေတာလဲ စတဲ့ ပဟေဠိတွေကို ဖော်ထုတ်နိုင်မှ ခဏခဏသေနေရတဲ့ သံသရာကလွတ်မြောက်မှာပဲဖြစ်ပါတယ်။

ဒါ့ကြောင့် ပဟေဠိတွေနဲ့ပြည့်နှက်နေပြီး စိတ်ဝင်စားစရာကောင်းတဲ့ Happy Death Day 2U ကို ကြည့်ချင်တယ်ဆိုရင်တော့ Junction City နဲ့ City Mall (St.John) တို့မှာ အမြန်သာသွားကြည့်လိုက်တော့နော်။ Kwee ရဲ့ ရုပ်ရှင်ချစ်ပရိသတ်တွေ အမိုက်စားဖျော်ဖြေမှုကို ပေးစွမ်းနိုင်တဲ့ ဇာတ်ကားကောင်းတစ်ကား မကြည့်လိုက်ရဘဲ လက်လွှတ်သွားမှာစိုးလို့ အမြန်ဆုံးလက်တို့ပေးလိုက်တာပါ။

ရုပ်ရှင်ထွေလာလေးကို အမြည်းကြည့်ထားလိုက်ကြဦးနော်။