Harrington ဂျက်ကတ် ဆိုတာကတော့ ပေါ့ပေါ့ပါးပါးနဲ့ ဝတ်ဆင်နိုင်တဲ့ ဂျက်ကတ်အမျိုးအစားတစ်ခုဖြစ်ပြီး ချည်သား၊ မိုးကာသား၊ သိုးမွှေးထည် (သို့) ကတ္တီပါသားနှင့် ချုပ်လုပ်ထားလေ့ရှိပါတယ်။ သူ့ရဲ့ဂျက်ကတ်အရှည်ကတော့ ခါးအထိသာ ရှည်လျားအောင် ချုပ်လုပ်ထားတာပါ။
ပထမဦးဆုံး Harrington ဂျက်ကတ်ကို စတင်ထုတ်လုပ်ခဲ့တာကတော့ ၁၉၃၀ အစောပိုင်းကာလများကဖြစ်ပြီး ဗြိတိသျှ အဝတ်အထည်ကုမ္ပဏီတစ်ခုဖြစ်တဲ့ Baracuta က စတင်ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။
ဖက်ရှင်ရေစီးကြောင်းက တဖြည်းဖြည်း ကူးပြောင်းလာတာနဲ့အမျှ Harrington ဂျက်ကတ် ဖက်ရှင်များသည်လည်း ပုံစံအမျိုးမျိုး ဆန်းသစ်လာခဲ့ပြန်ပါတယ်။ တဖြည်းဖြည်းနဲ့လည်း နိုင်ငံပေါင်းများစွာသို့ တင်သွင်းလာခဲ့ရာမှ ဒီဇိုင်းအမျိုးအစားလည်း အမျိုးမျိုး စုံလင်လာခဲ့ပြန်ပါတယ်။
ကမ္ဘာပေါ်တွင် နာမည်အကြီးဆုံး Harrington ဂျက်ကတ်များကို ထုတ်လုပ်လျက်ရှိတဲ့ ကုမ္ပဏီများကတော့ …
Baracuta

ဒီတံဆိပ်လေးကတော့ စောစောတုန်းက ဖော်ပြထားတဲ့ တံဆိပ်လေးပဲ ဖြစ်ပါတယ်။ ပထမဦးဆုံး Harrington ဂျက်ကတ် ကို စတင်ချုပ်လုပ်ခဲ့တဲ့ ကုမ္ပဏီတစ်ခုပါ။
Fred Perry

အင်္ဂလန်နိုင်ငံထုတ် တံဆိပ်တစ်ခုဖြစ်ပြီး သူ့ရဲ့ဂျက်ကတ်တွေသည် ရေစိုခံပြီး အကြမ်းလည်း ခံတဲ့အပြင် ပေါ့ပါးပြီး ဖက်ရှင်လည်း ကျပါသေးတယ်။
Schott

ကတ္တီပါသားနဲ့ ချုပ်လုပ်ထားတဲ့ တံဆိပ်လေးကို ဝယ်ယူချင်တယ်ဆိုရင်တော့ ဒီအမျိုးအစားကို ဝယ်ယူနိုင်ပါတယ်။ နှစ်ပေါင်း ၁၀၀ ကျော်နေပြီဖြစ်တဲ့ နာမည်ကြီး တံဆိပ်တစ်ခုပါ။
Ben Sherman

ဈေးနှုန်းလည်း သက်သာရမယ်၊ ဂျက်ကတ် ဒီဇိုင်းကလည်း လှပမှုရှိရမယ်ဆိုရင်တော့ Ben Sherman တံဆိပ်ကို ရွေးချယ်သင့်ပါတယ်။
BDG

Classic ဆန်တဲ့ ဒီဇိုင်းများကို တီထွင်ဖန်တီးရာမှာ BDG က နာမည်ကြီးပါတယ်။ ဒါတင်မကသေးပါဘူး။ လူငယ်တွေအကြား ရေပန်းစားတဲ့ Streetwear စတိုင်လ်မျိုးကိုလည်း ချုပ်လုပ်ကြပါသေးတယ်။
Albam

၂၀၀၆ ခုနှစ်က ဖက်ရှင်လောကထဲသို့ ဝင်ရောက်လာတဲ့ ဖက်ရှင်တံဆိပ်တစ်ခုပဲ ဖြစ်ပါတယ်။ ဈေးနှုန်းလည်း သက်သာပြီး အဝတ်အစားဒီဇိုင်းကလည်း ခေတ်မီဆန်းပြား လှပပါတယ်။
Marks And Spencer

တည်ငြိမ်ခန့်ညားတဲ့အသွင်ကို ဖန်တီးချင်တဲ့ ကွီးတို့အတွက် ရွေးချယ်သင့်တဲ့ တံဆိပ်တစ်ခု ဖြစ်ပါတယ်။
Carhartt

Carhartt သည်လည်း ရေစိုခံ ဂျက်ကတ် ဒီဇိုင်းဖြစ်ပြီး ပေါ့ပေါ့ပါးပါးနှင့် ဝတ်ဆင်လို့ကောင်းပါတယ်။ Carhartt သည် စစချင်းမှာတော့ မိုးကာဂျက်ကတ်ဒီဇိုင်းကို တီထွင်ခဲ့တာပါ။ နောက်ပိုင်းမှာတော့ ဖက်ရှင်ရေစီးကြောင်းပေါ် လိုက်ပြီး ပြောင်းလဲဖန်တီးလိုက်ကြတာ ဖြစ်ပါတယ်။
Source: Fashionbeans
Featured Image: Fashionbeans
