တနင်္လာနေ့ညက အင်္ဂလန်အသင်းနဲ့ ဆမ်မာရီနိုအသင်းတို့ယှဉ်ပြိုင်ကစားတဲ့ ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်မှာ အင်္ဂလန်အသင်းက ဆမ်မာရီနိုကို အဝေးကွင်းမှာ ၁၀ ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။

harry-kane-breaks-record-for-most-england-goals-in-a-calendar-year

Photo : Eurosport

အဆိုပါပွဲစဉ်မှာ တိုက်စစ်မှူး ဟယ်ရီကိန်းက ပထမပိုင်းပွဲကစားချိန်အတွင်း ပင်နယ်တီ နှစ်ဂိုးအပါအဝင် တစ်ဦးတည်း စုစုပေါင်း ၄ ဂိုး သွင်းယူပေးခဲ့ပြီး ဘောလုံးပြက္ခဒိန်တစ်နှစ်တာအတွင်း အင်္ဂလန်အတွက် သွင်းဂိုးအများဆုံးစံချိန်သစ်ကို စိုက်ထူနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

ထိုပွဲစဉ်မတိုင်ခင်က ကိန်းဟာ တစ်နှစ်အတွင်း အင်္ဂလန်အတွက်စုစုပေါင်း ၁၂ ဂိုးအထိ သွင်းယူပေးထားပြီး အင်္ဂလန်အသင်းသမိုင်းမှာ တစ်နှစ်အတွင်း ၁၂ ဂိုးအထိ ဂိုးအများဆုံးသွင်းထားတဲ့ ဂျော့ဟေ့စ်ဒန် (၁၉၀၈) နဲ့ ဒစ်ဆီဒန်း (၁၉၇၂) တို့ရဲ့ သွင်းဂိုးအရေအတွက်ချင်း တူညီနေခဲ့တာ ဖြစ်ပါတယ်။

လက်ရှိ ဆမ်မာရီနိုနဲ့ပွဲစဉ်မှာ သွင်းဂိုး ၄ ဂိုးထပ်မံသွင်းယူခဲ့တာကြောင့် အင်္ဂလန်အသင်းအတွက် စုစုပေါင်း ၁၆ ဂိုးအထိသွင်းယူထားနိုင်ခဲ့ပြီး ၉၄ နှစ်ကြာ စံချိန်ဟောင်းကိုကျော်ဖြတ်ကာ တစ်နှစ်အတွင်းမှာ ဂိုးအများဆုံး သွင်းနိုင်ခဲ့သူအဖြစ် မှတ်တမ်းသစ်တင်နိုင်ခဲ့တာဖြစ်ပါတယ်။

harry-kane-breaks-record-for-most-england-goals-in-a-calendar-year
Photo : Eurosport

ဒါ့အပြင် အင်္ဂလန်အတွက် ဟက်ထရစ်သွင်းယူပေးခဲ့ကြတဲ့ ဗီဗီယန် ဝုဒ်ဝက် (၁၉၀၉) ၊ ဒင်း (၁၉၂၇) နဲ့ တင်မီတေလာ (၁၉၅၇) တို့ပြီးနောက် စတုတ္ထမြောက် ဟက်ထရစ်သွင်းယူပေးခဲ့တဲ့ကစားသမားလည်း ဖြစ်လာခဲ့ပါတယ်။ တိုက်စစ်မှူး ဟယ်ရီကိန်းဟာ လက်ရှိမှာ ၂၀၂၁ ခုနှစ်အတွင်း အင်္ဂလန်ရွေးလက်စင် အသင်းအတွက် စုစုပေါင်း ၄၈ ဂိုးသွင်းယူပေးထားပြီး ဂိုးအများဆုံးသွင်းယူထားကြတဲ့ ရွန်းနီ( ၅၃ ဂိုး)၊ ဘော်ဘီချာလ်တန်(၄၉ ဂိုး) တို့ရဲ့နောက် ဂယ်ရီလိုင်နီကာနဲ့အတူ သမိုင်းတစ်လျောက် တတိယမြောက်သွင်းဂိုး အများဆုံးသွင်းထားသူ ဖြစ်လာခဲ့ပြီ ဖြစ်ပါတယ်။

Featured Photo : talkSPORT