မနေ့ကယှဉ်ပြိုင်ကစားခဲ့တဲ့ စပါးအသင်းနဲ့ မန်စီးတီးအသင်း ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပွဲစဉ်တွင် စပါးအသင်း တိုက်စစ်မှူးဟာရီကိန်းဟာ ခြေချင်းဝတ်ဒဏ်ရာ အပြင်းအထန် ရရှိခဲ့တယ်လို့သိရပါတယ်။ အသက်(၂၅) နှစ်သာ ရှိသေးတဲ့ ဟာရီကိန်းဟာပထမပိုင်းပွဲချိန်တွင် မန်စီးတီးနောက်ခံကစားသမား အော်တာမန်ဒီနဲ့ (၂) ကြိမ်တိတိ မတော်တဆ ထိခိုက်မှုဖြစ်ပွားခဲ့ပြီး ဒုတိယပိုင်းပွဲစဉ်ပြန်လည်စတင်ချိန်တွင် မန်စီးတီးကစားသမား ဖာဘီယန်ဒဲ့လ်ဖ်ရဲ့ ပိတ်ဆို့တားဆီးမှုမှ တစ်ဆင့် အဆိုပါ ခြေချင်းဝတ် ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။ နည်းပြ ပိုချက်တီနိုကတော့ အဆိုပါဒဏ်ရာကြောင့် ဟာရီကိန်းဟာ ခြေရာသီကုန်အထိ အနားယူရနိုင်တယ်လို့ ဖွင့်ဟပြောကြားခဲ့ပါတယ်။

Source : TEAMtalk

ဟာရီကိန်းဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလကလည်း အခုလို ခြေချင်းဝတ်နေရာတွင် အရွတ်ဒဏ်ရာရရှိခဲ့ဖူးတာဖြစ်ပြီး (၂) လခန့် အနားယူခဲ့ရကာ ပြီးခဲ့တဲ့ဘောလုံးရာသီ (၂) ရာသီဆက်တိုက်မှာအခုလို ခြေချင်းဝတ်ဒဏ်ရာမျိုးတွေ ရရှိခဲ့တာပဲ ဖြစ်ပါတယ်။ လက်ရှိမှာလည်း ထပ်မံပြီး ခြေချင်းဝတ်ဒဏ်ရာရရှိခဲ့တာကြောင့် ဟာရီကိန်းအနေနဲ့ ပရီး မီးယားလိဂ်နှင့် ချန်ပီယံလိဂ်အတွက် အရေးကြီးတဲ့လက်ကျန် ပွဲစဉ်များနဲ့ လွဲချော်နိုင်ဖွယ်ရှိလာခဲ့တာပဲဖြစ်ပါတယ်။ ဘောလုံးသမားဟောင်းများနှင့် ဘောလုံးကျွမ်းကျင် ပညာရှင်များကတော့ ဟာရီကိန်းရဲ့ ဒဏ်ရာဟာ တကယ့်ကို ဆိုးရွားတာကြောင့် ရာသီမကုန်ခင် ပြန်လည်ကစားနိုင်ခဲ့ရင်တော့ အံ့အားသင့်ဖွယ်ဖြစ်လာမှာပါလို့ သုံးသပ်ခဲ့ကြပါတယ်။

Source : Metro

နည်းပြပိုချက်တီနိုကတော့ ဟာရီကိန်းရရှိခဲ့တဲ့ ဒဏ်ရာဟာ ယခင်ဖြစ်ခဲ့တဲ့ ခြေချင်းဝတ်နေရာမှာပဲ အလားတူ ဒဏ်ရာမျိုး ရရှိခဲ့တာဖြစ်တာကြောင့် စိုးရိမ်စရာကောင်းပါတယ်။ ဟာရီကန်းရဲ့ ဒဏ်ရာကို ကြီးကြီးမားမားမဖြစ်ဖို့တော့ မျှော်လင့်နေပေမယ့် ရာသီကုန်ခါနီကာလလည်းဖြစ်တာကြောင့် ဒဏ်ရာက ပြန်သက်သာလာဖို့ အချိန်အများကြီးမရှိဘူး။ ခြေချင်းဝတ်လည်သွားတာဖြစ်တဲ့အတွက် ကျွန်တော်တို့ သေချာစမ်းသပ်စစ်ဆေး စောင့်ကြည့်ဖို့တော့ လိုပါတယ် လို့ ညည်းတွားပြောဆိုသွားခဲ့ပါတယ်။ အဆိုပါပွဲစဉ်မှာတော့ ဒုတိယပိုင်းပွဲစဉ် (၇၈) မိနစ်တွင် စပါးအသင်းကစားသမား ဆွန်ဟောင်မင်မှ လှလှပပသွားယူသွားခဲ့ပြီး မန်စီးတီးအသင်းကို (၁ – ၀) နဲ့ အနိုင်ရရှိခဲ့ပါတယ်။

Source : 101 Great Goals