မန်ယူအသင်းခေါင်းဆောင် မက်ဂွိုင်းရားသည် ဂရိနိုင်ငံတွင်းရှိ Mykonos ကျွန်းတွင် အပန်းဖြေခရီးထွက်ခွာစဉ် ဂရိရဲများနှင့် အချင်းများခဲ့ကြောင်းသိရပါတယ်။
ဒီလိုအချင်းများခဲ့တာကြောင့် မက်ဂွိုင်းရားနှင့် အခြားလူ (၂) ဦးကို တာဝန်ရှိသူများကို အကြမ်းဖက်တိုက်ခိုက်ခြင်း၊ အမိန့်ကို ဖီဆန်ခြင်း၊ တစ်ဖက်သားကို ထိခိုက်ဒဏ်ရာရအောင် ကျူးလွန်ခြင်းနှင့် ရဲတပ်ဖွဲ့အားလာဘ်ထိုးရန် ကြိုးစားမှုတို့ကြောင့် စွဲချက်တင်ကာ ဂရိတရားရုံးတွင် သြဂုတ်လ (၂၅) ရက်က ကြားနာစစ်ဆေးခဲ့သည်။

Source: Bangkok Post
ယင်းစစ်ဆေးမှုတွင် မက်ဂွိုင်းရားမှာ အပြစ်ရှိကြောင်း တရားရုံးက ဆုံးဖြတ်ကာ ၎င်းအား ဆိုင်းငံ့ထောင်ဒဏ် (၂၁) လနှင့် အခြားနှစ်ဦးကိုလည်း ဆိုင်းငံ့ထောင်ဒဏ် (၁၃) လစီ ချမှတ်ခဲ့ကြောင်း သတင်းများအရ သိရပါတယ်။

Source: Sky News
မန်ယူအသင်းကတော့ မက်ဂွိုင်းရားကို အပြည့်အဝ ထောက်ခံကြောင်း ပြစ်ဒဏ်အတွက် အယူခံဝင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားပါတယ်။ “မန်ယူအသင်းအနေနဲ့ ဂရိတရားရုံးရဲ့ ဆုံးဖြတ်ချက် အပေါ် အယူခံဝင်သွားမည်ဖြစ်ကြောင်း၊ မက်ဂွိုင်းရားတွင် အပြစ်ကင်းတယ်လို့လည်း ယုံကြည်ကြောင်း” မန်ယူအသင်းရဲ့ ဝက်ဆိုဒ်က ထုတ်ပြန်ထားပါတယ်။

Source: Sky News
ဆိုင်းငံ့ထောင်ဒဏ် (၂၁) လ ချမှတ်ခံထားရတဲ့ မက်ဂွိုင်းရားကို စက်တင်ဘာလအတွင်း ကစားရမည့် (၂၀၂၀) ယူအီးအက်ဖ်အေ နေရှင်း လိဂ် အုပ်စုပွဲစဉ်များအဖြစ် အိုက်စလန်၊ ဒိန်းမတ်ခ် တို့နှင့် ကစားမည့် အင်္ဂလန်အသင်းရဲ့လူစာရင်းမှ ချန်လှပ်လိုက်ပြီဖြစ်ကြောင်း အသင်းနည်းပြ Gareth Southgate မှပြောကြားခဲ့ပါတယ်။
