ဦးထုပ်တွေကို ဖက်ရှင်ကျတဲ့အမျိုသားတို့ရဲ့ မပါမဖြစ်အမြဲပါတဲ့အသုံးအဆောင်ပစ္စည်းအဖြစ် သတ်မှတ်ထားပါတယ်။ ဦးထုပ်တွေက ပုံစံအမျိုးအစားအလိုက် သင်ဝတ်မယ့် ဝတ်စုံပေါ်မူတည်ပြီးသင့်ရဲ့ စတိုင်လ်ကိုထပ်မံပေါ် လွင်အောင်ပေါင်းစပ်ပေးနိုင်ပါတယ်။ အခုဖော်ပြပေးပါမှာကတော့ အမျိုးသားများနဲ့ အလိုက်ဖက်ဆုံးဦးထုပ် စတိုင်လ်တွေကို ပြောပြပေးမှာဖြစ်ပါတယ်။

(၁) Fedora ဦးထုပ်

သင်ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ Fedora ဦးထုပ်ဆိုတာ ၁၉၂၀-၁၉၅၀ ဂန်းစတားတွေကနေ၂၀၀၀ ခုနှစ်ဝန်းကျင် နောက်ဆုံးပေါ်ဖက်ရှင်ဝတ်စားလေ့ရှိသူတွေအထိကို အမျိုးသားတွေရဲ့မပါမဖြစ်အသုံးအဆောင် တခုဖြစ်ခဲ့ပါတယ်။ အခုတော့ ဒီလိုအထာကျကျဦးထုပ်ဖက်ရှင်က ဖက်ရှင်ရေစီးကြောင်းမှာ တဖန်ပြန်ထွက်ပေါ်လာတဲ့ သင့်အဝတ်ဘီဒိုထဲကဆန်းပြားတအရာတခုဖြစ်နေပါပြီ။ Fedora က အရွယ်အစား အရောင်အသွေးအမျိုးမျိုးရှိပေမယ့် သဘာဝဆန်တဲ့အရောင်းမျိုးနဲ့ ပုံမှန်ဆိုဒ်လောက်ကိုပဲရွေးဖို့ အကြံပြုချင်ပါတယ်။

(၂) Panama ဦးထုပ်

ကမ်းခြေနောက်ခံနဲ့ ရှပ်အင်္ကျ ီအဖြူရောင်တို့ရဲ့လိုက်ဖက်မှုကတော့ Panama ဦးထုပ်ပါပဲ။ အရွက်တမျိုးနဲ့ ရက်လုပ်ထားတဲ့ဒီဦးထုပ်ဒီဇိုင်းက အပူပိုင်းဒေသနဲ့ပင်လယ်ကမ်းခြေဒေသတွေအတွက်လိုအပ်တဲ့ တွဲဘက် ဖက်ရှင်တခုဖြစ်လာပါတယ်။ Paname ဦးထုပ်ကို နေရောင်၊ ကောင်းကင်ပြာတို့နဲ့လိုက်ဖက်အောင်ပြုလုပ် ထားတာဖြစ်လို့ ဆောင်းရာသီနဲ့လုံးဝလိုက်ဖက်မှာမဟုတ်ပါဘူး။ ဆောင်းရတာ ပေါ့ပါပြီး ဝတ်ဆင်ရလွယ်ကူ အရောင်ကာလာလည်းလင်းတဲ့အတွက် ကမ်းခြေ Look အတွက်ကတော့ လုံးဝရွေးချယ်မှုမှားမှာမဟုတ်ပါဘူး။

(၃) Snapback ဦးထုပ်

Snapback ဦးထုပ်တွေကို အခုခေတ်မှာ ကမ္ဘာတဝှမ်းလုံးကဦးထုပ်ချစ်သူတွေ၊ ဒီဇိုင်နာတွေ၊ အားကစား သမားတွေနဲ့ ကလေးတွေကအစအကျွမ်းတဝင်ရှိကြပါတယ်။ အလျော့အတင်းလုပ်လို့ရပြီး ဘေ့စ်ဘောဦးထုပ် နဲ့ဆင်ပေမယ့် သူကလျှာပြားပိုကြီးပါတယ်။ ဒီဇိုင်းပိုင်းပိုတောင့်တင်းသလို ပုံစံလဲပိုကျပါတယ်။ Snapback ဦးထုပ်ဟာ ဘယ်ဝတ်စုံနဲ့မဆိုလိုက်ဖက်မှုရှိပြီး ဆောင်းလိုက်တာနဲ့ခပ်မိုက်မိုက်ဖက်ရှင်အသွင်ကိုရစေပါတယ်။

(၄) Bucket ဦးထုပ်

ရေပုံးပုံ ဦးထုပ်ဒီဇိုင်းတွေက ၉၀ ခုနှစ်ပြည့်လွန်နှစ်တွေဆီက တကျော့ပြန်ခေတ်စားလာတာဖြစ်ပြီး ဂီတ၊ ဖျော်ဖြေရေး နဲ့ စကိတ်ယဉ်ကျေးမှုတွေမှာလူကြိုက်များလာတဲ့ဦးထုပ်ဒီဇိုင်းတမျိုးပါ။ ရိုးသားတဲ့တံငါသည်တွေဆီကဆင်းသက်လာတဲ့ ဒီဦးထုပ်ဒီဇိုင်းက အခုချိန်မှာတော့အမိုက်စားဖက်ရှင်ဖြစ်နေပါပြီ။ ရေပုံးဦးထုပ်ရဲ့အနားတွေက ကျယ်ပြန့်ပြီး အောက်ဘက်ငိုက်နေတဲ့ပုံစံဖြစ်လို့ ရေပုံးကိုမှောက်ထားတဲ့ပုံနဲ့ဆင်တူပါတယ်။ အမိုက်စားဖက်ရှင် ရဖို့ Bucket ဦးထုပ်ကို Bomber ဂျက်ကတ်တထည် (ဒါမှမဟုတ်) ဂျာစီအင်္ကျ ီတထည်နဲ့တွဲဖက်ကြည့်ဖို့ အကြံပြုပါတယ်။