နေ့စဉ်လူတွေဟာ မနက်မိုးလင်းတာနဲ့ မျက်နှာသစ်ရပါတယ်။ ဒါပေမယ့် မျက်နှာသစ်တဲ့ပုံစံဟာ နည်းစနစ်တကျဟုတ်ရဲ့လားဆိုတာကို မသိသူများပါတယ်။ ဒီတော့ နည်းစနစ်တကျ မျက်နှာသစ်တယ်ဆိုတာ ဘယ်လိုပုံစံလဲ။ ဘယ်လိုအသားအရေအတွက် ဘယ်လို မျက်နှာသစ်ဆေးကို အသုံးပြုရမယ်ဆိုတာ နည်းနည်းလေးပြောပြပေးချင်ပါတယ်။
မလိုလားအပ်တဲ့ အသားအရေပြဿနာတွေ

Source: BP Guide India
မလိုလားအပ်တဲ့ အသားအရေပြဿနာတွေကို ရှောင်ရှားနိုင်ဖို့အတွက် နေ့စဉ်ပုံမှန် မျက်နှာကို သန့်စင်ပေးဖို့ လိုအပ်ပါတယ်။ မျက်နှာပေါ်က အဆိပ်အတောက်တွေကို ဖယ်ရှားနိုင်ဖို့အတွက်လည်း မျက်နှာသန့်စင်ပေးဖို့လိုပါတယ်။ ချွေးနဲ့ ပတ်ဝန်းကျင်က ဖုန်မှုန့်နဲ့ အညစ်အကြေးတွေ ပေါင်းစပ်ပြီး အရေပြားရဲ့ အပေါ်ယံလွှာမှာ မသန့်စင်မှုနဲ့ အဆိပ်အတောက်တွေ ဖြစ်ပေါ်လာတတ်ပါတယ်။ ဒီတော့ နည်းစနစ်တကျ မျက်နှာသန့်စင်ပေးဖို့ အထူးလိုအပ်ပါတယ်။
ခြောက်သွေ့အသားအရေပိုင်ရှင်တွေအတွက်

Source: Tiege Hanley
မျက်နှာပြင်ခြောက်သွေ့နေတဲ့သူတွေဟာ အသားအရေထဲကို ရေဓာတ်ဖြည့်ပေးနေဖို့ လိုအပ်ပါတယ်။ မျက်နှာပြင်အတွင်း ခြောက်သွေ့အက်ကွဲမှုတွေကို စိုပြေစေဖို့ အရေးကြီးပါတယ်။ ဒါ့ကြောင့် စိုပြေဝင်းပမှုကို ရရှိစေဖို့အတွက် Moisturizing Face Wash ကို အသုံးပြုဖို့လိုပါတယ်။
အဆီပြန်အသားအရေပိုင်ရှင်တွေအတွက်

Source: Tiege Hanley
အဆီပြန်အသားအရေပိုင်ရှင်တွေအတွက်ကတော့ အလွန်ပျော့တဲ့ မျက်နှာသစ်ဆေး Very Mild Cleanser သုံးဖို့လိုပါတယ်။ မျက်နှာသစ်ဆေးပျော့တာတွေက ဆဲလ်သေတွေနဲ့ အညစ်အကြေးတွေကို သေချာမဖယ်ရှင်းပေးနိုင်မှာကို စိုးရိမ်နေကြသူတွေအတွက်လည်း နည်းလမ်းလေးမျှပေးပါဦးမယ်။ အုတ်ဂျုံ (Pure Oatmeal) နဲ့ သဘောၤသီးမှည့်ကို သမအောင်မွှေပြီး Scrub လုပ်ပေးနိုင်ပါတယ်။
ထပ်မံသန့်စင်ခြင်း

Source: The Fit Gentlemen
မျက်နှာသစ်ရုံနဲ့ မသန့်စင်နိုင်တဲ့ အညစ်အကြေးတွေကိုတော့ တိုနာနဲ့ သန့်စင်ပေးနိုင်ပါတယ်။ တိုနာကို မနက်တစ်ကြိမ် ည အိပ်ယာဝင်ခါနီးတစ်ကြိမ် သန့်စင်ပေးနိုင်ပါတယ်။
