ခွေးတစ်ကောင်ဟာ သင့်ရဲ့ သစ္စာအရှိဆုံး အချစ်တော်တစ်ယောက် ဖြစ်နိုင်ပါတယ်။ ကျန်းမာရေးအမြင်အရ ကြည့်မယ်ဆိုရင်လည်း ခွေးမွေးတာဟာ ခွေးပိုင်ရှင်အတွက် တကယ်ပဲ အကျိုးများပါတယ်။
တက်ကြွလန်းဆန်းစေတယ်

Photo: Freepik
ခွေးမွေးတာဟာ သင့်ကို လှုပ်လှုပ်ရှားရှား ပိုလုပ်ဖြစ်စေပါတယ်။ ခွေးတစ်ကောင်ရှိမယ်ဆိုရင် အနည်းဆုံးတော့ ခွေးနဲ့ ကစားဖြစ်လို့ စိတ်ပိုင်းရော ရုပ်ပိုင်းဆိုင်ရာပါ ပိုပြီး တက်ကြွမှု ဖြစ်စေပါတယ်။
စိတ်ဖိစီးမှု နည်းတယ်

Photo: Freepik
ခွေးတွေနဲ့ အတူ နေရတာဟာ စိတ်ဖိစီးမှုကို ပိုပြီး သက်သာအောင် အကူအညီပေးနိုင်ပါတယ်။ လေ့လာမှုတွေအရလည်း ခွေးပိုင်ရှင်တွေဟာ တစ်ခြားသူတွေထက် စိတ်ဖိစီးစရာအချိန်တွေမှာ နှလုံးခုန်နှုန်းနဲ့ သွေးဖိအားအတက်နည်းပြီး ပုံမှန်အခြေအနေကို အမြန်ရောက်လွယ်တယ်လို့ ဆိုပါတယ်။
စိတ်ပိုချမ်းသာတယ်

Photo: Freepik
ခွေးတွေဟာ ကမ္ဘာပေါ်က သစ္စာအရှိဆုံး သတ္တဝါတွေထဲမှာ ပါပါတယ်။ ခွေးဟာ အိမ်မွေးတိရစ္ဆာန်ဆိုတာထက် ပိုပါတယ်။ ခွေးတစ်ကောင်ဟာ သူ့ရဲ့ သခင်ကို စိတ်ချမ်းသာအောင် ထားပါတယ်။ ခွေးတစ်ကောင်နဲ့ နာရီဝက်လောက်ပဲ အချိန်ပေးလိုက်တာနဲ့ စိတ်ဟာ သိသိသာသာ ငြိမ်သက်အေးချမ်းသွားတာကို ခံစားရမှာပါ။
နှလုံးရောဂါ ကာကွယ်နိုင်တယ်

Photo: Freepik
ပုံမှန်လေ့ကျင့်ခန်း မလုပ်ဖြစ်သူတောင် ခွေးမွေးထားမယ်ဆိုရင် လမ်းလေးဘာလေး လျှောက်ဖြစ်ပါတယ်။ ခွေးနဲ့အတူ လိုက်ကစားနေတာနဲ့ပဲ လေ့ကျင့်ခန်းတွေ လုပ်ဖြစ်သွားနိုင်ပါတယ်။ စိတ်ခံစားချက်ကလည်း ငြိမ်းချမ်းနေတာကြောင့် နှလုံးရောဂါလို သေနိုင်လောက်တဲ့ ရောဂါတွေ အဖြစ် နည်းပါတယ်။
အိမ်မွေးတိရစ္ဆာန်မွေးခြင်းဟာ ကိုလက်စထရောနဲ့ သွေးဖိအား ကျဆင်းစေသလို Heart Attack လည်း အဖြစ်နည်းစေပါတယ်။
