ဟာဝိုင်အီရှပ်ကို နောက်တစ်မျိုးအနေနဲ့ Aloha ရှပ်လို့လည်း ခေါ်ပါတယ်။ သူ့သည် အခြားသောရှပ်အင်္ကျီများကဲ့သို့ပင် ကော်လံနှင့် ကြယ်သီးပါသော ရှပ်အင်္ကျီမျိုးဖြစ်ပြီး ပေါ့ပေါ့ပါးပါးနဲ့ ဝတ်ဆင်လို့ကောင်းတဲ့ ဖက်ရှင်အဝတ်အစားတစ်ခုပဲ ဖြစ်ပါတယ်။ အထူးသဖြင့် ကမ်းခြေသွားတဲ့အခါမျိုးမှာ ကမ်းခြေဖက်ရှင်အဖြစ် ရှိုးထုတ်ဖို့အတွက် အကောင်းဆုံးပါပဲ။

ဟာဝိုင်အီရှပ်လို့ ပြောလိုက်တာနဲ့ နာမည်အကြီးဆုံး ရှပ်အင်္ကျီဖက်ရှင်များ ရှိပါတယ်။ သင့်အနေနဲ့ အရည်အသွေးကောင်းကောင်းနဲ့ ဖက်ရှင်ကျတဲ့ ဟာဝိုင်အီရှပ်များကို ဝယ်ယူချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့်ဘရန်းများကို ရွေးချယ်နိုင်ပါတယ်။

Barney Cools

Hawaii shirt fashion for men

သြစတြေးလျနိုင်ငံထုတ် ဟာဝိုင်အီရှပ်အင်္ကျီဖြစ်ပြီး ၂၀၁၃ ခုနှစ်၊ ဇွန်လ ၁၃ ရက်နေ့တွင် Nat Taubman က စတင်တည်ထောင်ကာ ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။

KOYA

Hawaii shirt fashion for men

ဒီတံဆိပ်သည်လည်း သြစတြေးလျနိုင်ငံထုတ်ဖြစ်ပြီး ၂၀၁၆ ခုနှစ်တွင် Yema Akbar နဲ့ Omar Khan တို့က ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။

YP Threads

Hawaii shirt fashion for men

ဒီဘရန်းကိုတော့ ၂၀၁၆ ခုနှစ်တွင် Jake Kelder နဲ့ James Kelder တို့ ညီအစ်ကိုနှစ်ဦးက တည်ထောင်ခဲ့တာဖြစ်ပါတယ်။

Ksubi

Hawaii shirt fashion for men

ဒီတံဆိပ်ကတော့ တံဆိပ်အားလုံးထဲမှာ ဒုတိယသက်တမ်းအရင့်ဆုံးဖြစ်ပါတယ်။ Gareth Moody ၊ Dan Single ၊ Paul Wilson နဲ့ George Gorrow တို့က ၁၉၉၉ ခုနှစ်တွင် စတင်တည်ထောင်ခဲ့တာပါ။

The People Vs.

Hawaii shirt fashion for men

လူငယ်ဆန်တဲ့ ဒီဇိုင်းတွေသာမက လူလတ်ပိုင်းများပါ ဝတ်ဆင်နိုင်တဲ့ ဒီဇိုင်းတွေကို ထုတ်လုပ်နေတာကတော့ The People Vs. တံဆိပ်ပဲဖြစ်ပါတယ်။ သူ့ကိုတော့ ၂၀၁၂ ခုနှစ်က စတင်တည်ထောင်ခဲ့တာပါ။

Neuw Denim

Hawaii shirt fashion for men

တမူထူးခြားတဲ့ဒီဇိုင်းဆန်းများကို နှစ်သက်တယ်ဆိုရင်တော့ ၂၀၀၉ ခုနှစ်ကတည်းက စတင်ထွက်ရှိခဲ့တဲ့ Neuw Denim တံဆိပ်ကို ရွေးချယ်လိုက်ပါ။

Arvust

Hawaii shirt fashion for men

Arvust ကတော့ သဘာဝချည်ထည်များ၊ လန်းဆန်းတက်ကြွစေမယ့် အရောင်များ ထုတ်လုပ်တဲ့နေရာမှာ နာမည်ကြီးပါတယ်။

Double Rainbouu

Hawaii shirt fashion for men

ဒီဘရန်းကထုတ်တဲ့ ဟာဝိုင်အီရှပ်များကတော့ အရောင်နဲ့ ပတ်သက်လာရင် ပိုနာမည်ကြီးပါတယ်။ သူတို့ရဲ့အရောင်က ထူးခြားဆန်းသစ်တဲ့အရောင်တွေကို ရောစပ်အသုံးပြုထားတာဖြစ်ပါတယ်။

Insight

Hawaii shirt fashion for men

ဒီတံဆိပ်သည်လည်း သြစတြေးလျနိုင်ငံထုတ်ဖြစ်ပြီး ဒီဇိုင်းတွေက ရင့်ကျက်သောအမျိုးသားများနဲ့ ပိုမိုလိုက်ဖက်ပါတယ်။

Urban Outfitters

Hawaii shirt fashion for men

ဒီတံဆိပ်ကတော့ အားလုံးထဲမှာ သက်တမ်းအရင့်ဆုံးလို့ ဆိုရမှာပါပဲ။ သူ့ကိုတော့ Richard Hayne ၊ Judy Wicks နဲ့ Scott Belair တို့က ၁၉၇၀ ခုနှစ်တွင် စတင်ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။ အမေရိကန်နိုင်ငံထုတ်ဖြစ်ပါတယ်။

Source: Manofmany.com

Featured Image Source: Kenny Flowers