အသင်းဖော် ဟာဇက်က ဟာလန်ဟာ ဂိုးအများကြီးသွင်းယူနေတဲ့အကြောင်း။ အသင်းဖော်တွေဂိုးရဖို ဖန်တီးပေးမူတွေ ပြုလုပ်သင့်ကြောင်း အရွှင်ဖောက်ပြောဆိုခဲ့တာပါ။

လက်ရှိအချိန်မှာ ဟာလန်ဟာ ဘွန်ဒက်စ်လီဂါမှာ (၇) ပွဲကစားထားပြီး (၉) ဂိုးအထိ သွင်းယူထားပါတယ်။

Source: TV2

Borussia Monchengladbach အသင်းကို (၂-၁) ဂိုးနဲ့အနိူင်ရခဲ့တဲ့ ပွဲစဉ်မှာ တော့အသင်းဖော် ဟာဇက်အဖွင့်ဂိုးသွင်းယူနိူင်အောင် ဟာလန်က ဖန်တီးပေးနိူင်ခဲ့ပါတယ်။ ဒါဟာ ဂျာမန်မြေမှာ ရောက်ပြီးကတည်းက ဟာလန်ရဲ့ ဒုတိယမြောက် ဂိုးဖန်တီးပေးမူလည်းဖြစ်ပါတယ်။

“ကျနော့အထင်ပြောရရင်တော့ ဟာလန်က ဂိုးဖန်တီးမူတွေ ပြုလုပ်သင့်တယ်။ ဘာလို့ဆို သူကဂိုးတွေ တရစပ် သွင်းနေတာ။ တစ်ခါတစ်လေ အသင်းဖော်တွေအတွက် ဂိုးတွေဖန်တီးပေးတာကောင်းတယ်။ ပြီးခဲ့တဲ့ပွဲတုံးက ကျနော်သူ့ကို တစ်ဂိုးဖန်တီးပေးဖူးတယ်။ အခု သူကျနော့ကို တစ်ဂိုးဖန်တီးပေးတယ်။ တစ်ယောက်တစ်ဂိုးစီပေါ့။ နောက်တစ်ခါကျရင် သူ့ကို နောက်တစ်ဂိုး ဖန်တီးပေးအုံးမယ်” ဆိုပြီး ဟာသအနေနဲ့ ပွဲအပြီးမှာ ပြောဆိုခဲ့ပါတယ်။

Source: Modern Ghana

သော်ဂန် ဟာဇက်ဟာ ၂၀၁၄-၂၀၁၉ အထိ Borussia Monchengladbach အသင်းထံ အငှားနဲ့သွားရောက်ကစားနေခဲ့တာပါ။ အသင်းဟောင်းနဲ့ ပြန်လည်ရင်ဆိုင်ရတဲ့ အချိန်မှာ အခုလိုပဲ ဂိုးသွင်းယူနိူင်ခဲ့တာပါ။

ယခုနိူင်ပွဲကြောင့် ဒေါ့မွန်အသင်းဟာ ဘေယန်မြူးနစ်နဲ့ တစ်မှတ်ကွာ အမှတ်ပေးဇယားရဲ့ ဒုတိယနေရာမှာ ရောက်ရှိလာခဲ့ပါတယ်။

Source: Reuters UK

ဟာဇက်အနေနဲ့ အသင်းအတွက် (၂၄) ပွဲကစားပေးထားပြီး (၅) ဂိုးသွင်းယူထားက (၁၀) ကြိမ်ဂိုးဖန်တီးမူပြုလုပ်ထားနိူင်ခဲ့ပါတယ်။ ဟာလန်သာ ဟာဇက်ပြောသလို ဂိုးဖန်တီးမူတွေ ပြုလုပ်ပေးမယ်ဆိုရင် ဂျာမန် အမှတ်ပေးဖလားကို ရယူနိူင်ဖို့ အခွင့်အရေး ပိုများပါတယ်။