ဦးခေါင်းခွံပေါ်မှာ တက်တူးထိုးတယ်ဆိုတာ တော်ရုံသတ္တိနဲ့တော့ မရနိုင်ပါဘူး။ သာမာန်ခန္ဓာကိုယ်အရေပြားပေါ်မှာ ထိုးရင်တောင် နာကျင်မှုခံစားရတာပါ။ ဒီလိုဦးရေပြားပေါ်မှာ အပ်နဲ့ အကြိမ်ကြိမ်ထိုးဖောက် ရေးထိုးရတဲ့ အရသာကတော့ ဆွေမျိုးမေ့လောက်အောင်ကို နာမယ်ဆိုတာသေချာပါတယ်။ ဒါပေမယ့် ဒီလိုဦးခေါင်းပေါ်မှာမှ တက်တူးရေးထိုးချင်တဲ့ အာဂသတ္တိတွေကလည်း ရှိနေပြန်တာကြောင့် ဒီနေ့မှာတော့ ဦးခေါင်းခွံပေါ်က အမိုက်စားတက်တူးဒီဇိုင်းတွေကို ဖော်ပြပေးချင်ပါတယ်။ စာရေးသူကတော့ ဒီပုံတွေ ကြည့်ပြီး ခေါင်းကြိမ်းနေပါတယ်။ ကဲ…ကွီးပရိသတ်ကြီးနဲ့ အတူတူ ဦးခေါင်းခွံပေါ်က အမိုက်စားတက်တူးပုံတွေကြည့်လိုက်ရအောင်။

Source : menhairdos.com

Source : askideas.com

Source : picturesboss.com

Source : Pinterest

Source : Off the Map Tattoo

Source : Pinterest

Source : Sake Tattoo Crew

Source : Pinterest

Source : Pinterest

လက်ရှိမြန်မာနိုင်ငံယဉ်ကျေးမှု အနေအထားအရ ဦးခေါင်းမှာတက်တူးထိုးမယ်ဆိုရင်တော့ အပြစ်တင်ဝေဖန်မှုတွေတော့ ခံရနိုင်ပါတယ်။ နိုင်ငံတကာမှာတော့ အနုပညာရှင်တွေ ဘောလုံးသမားတွေနဲ့ တခြားသော နာမည်ကြီး ပုဂ္ဂိုလ်တွေတောင်မှ ဦးခေါင်းတက်တူးတွေကို ရေးထိုးနေကြတာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာလည်း ရှိတော့ရှိပေမယ့် အနည်းငယ်သာရှိမယ်ထင်ပါတယ်။