ဆန်လုံးညိုဆိုတာ ပြုပြင်ထားခြင်းမရှိဘဲ သဘာဝဆန်စေ့အတိုင်းထုတ်လုပ်ထားပြီး အဟာရဓါတ်များစွာပါဝင်တဲ့ အညိုရောင်ဆန်ဖြစ်ပါတယ်။ ဆန်ဖြူ၊ ဆန်အနက်၊ စေးကပ်တဲ့ဆန် ကောက်ညင်းဆန်) ဆန်အမျိုးမျိုးရှိတဲ့အနက်မှ ကျန်းမာရေးလေ့လာမှုတွေအရ ဆန်လုံးညိုဟာ အကျိုးကျေးဇူးအများဆုံးဖြစ်ပါတယ်။ အခုပြောပြပေးမှာက ဆန်လုံးညိုစားခြင်းကနေ ဘယ်လိုကောင်းကျိုးတွေရနိုင်ဆိုတာပြောပြပေးမှာဖြစ်ပါတယ်။

(၁) နှလုံးကျန်းမာရေးကိုမြှင့်တင်ပေးတယ်

Source : Medical News Today

ဆန်လုံးညိုမှာ ဆန်ဖြူမှာပါဝင်တဲ့ဖိုင်ဘာဓါတ်ထက် ၅ ဆ ပိုပါဝင်ပါတယ်။ ဖိုင်ဘာဆိုတာ သွေးလွှတ်ကြောတွေမှာ စုပုံနေတတ်တဲ့ အဆီတွေကိုဖယ်ရှားပေးနိုင်ပြီး နှလုံးသွေးကြောဆိုင်ရာ အန္တရာယ်ကိုလျော့နည်းစေပါတယ်။ လေ့လာမှုတခုအရ ဒီလိုသဘာဝအတိုင်းပြုပြင်မထားတဲ့ ကောက်ပဲသီးနှံတွေစားပေးတာက နှလုံးရောဂါ၊ ကင် ဆာနဲ့ဆီးချိုရောဂါလို နာတာရှည်ရောဂါဖြစ်ပွားနိုင်ခြေကိုပါလျှော့ချပေးနိုင်ပါတယ်။

(၂) သွေးတွင်းသကြားဓါတ်ကိုထိန်းချုပ်ရန် ကူညီပေးတယ်

Source : Yahoo News Canada

ဆန်လုံးညိုဟာ glycemic အညွှန်းကိန်းနိမ့်ကျ ပြီးအစားကြေညှက်မှုနှေးတဲ့အတွက် ဆန်ဖြူနဲ့ယှဉ်ရင် သွေးတွင်းသကြားဓါတ်အနည်းငယ်သာ ဖြစ်စေပါတယ်။ လေ့လာမှုအမျိုးမျိုးအရ ဆန်လုံးညိုစားသုံးခြင်းက ဆီးချိုရောဂါရှိသူတွေအတွက် ဆီးချိုရောဂါအဆင့် ၂ ဖြစ်နိုင်ခြေကို လျှောချနိုင်တဲ့အပြင် အင်ဆူလင်ထုတ်လုပ်မှုကိုလည်း လျော့ကျစေပါတယ်။ သို့ပေမယ့် ဆီးချိုရောဂါရှင်တွေအနေနဲ့ ဆရာဝန်ဖြစ်စေ၊ အဟာရပညာရှင်နဲ့ဖြစ်စေ၊ တိုင်ပင်ပြီးမှ စားသုံးဖို့အကြံပြုလိုပါတယ်။

(၃) အာရုံကြောစနစ်ကိုကောင်းစေတယ်

Source : SOS Cuisine

ခန္ဓာကိုယ်တွင်းက ကျန်းမာသောအာရုံကြောစနစ်ကိုအထောက်အကူပြုတဲ့ fatty acid နဲ့ ဟော်မုန်းတွေထုတ် လုပ်ဖို့လိုအပ်တဲ့ မန်းဂနိစ်အရင်းအမြစ်ကဆန်လုံးညိုပဲဖြစ်ပါတယ်။ ဆန်လုံးညိုမှာတွေ့ရတဲ့ မဂ္ဂနီစီယမ်ဓါတ်က အာရုံကြောနဲ့ကြွက်သားတွေကိုထိန်းညှိပေးတဲ့ ကယ်စီယမ်ဓါတ်ကို ဟန်ချက်ညီစေပါတယ်။ ဒါ့အပြင် ဆန်လုံးညိုမှာပါဝင်တဲ့ဗီတာမင်တွေက ဓါတ်တိုးပျက်စီခြင်းတွေကြောင့်ဖြစ်တဲ့ဦးနှောက်ရောဂါတွေကိုလည်း ကာကွယ်ပေးပါတယ်။

(၄) ဝိတ်တက်ခြင်းကို ကာကွယ်ပေးတယ်

Source : Live Science

ဆန်လုံးညိုဟာ ကိုယ်အလေးချိန်လျှော့ချဖို့ ကြိုးစားနေသူတွေအတွက်လဲ ကူညီပေးနိုင်ပါတယ်။ မန်းဂနိစ်ပါဝင်တဲ့အတွက် ခန္ဓာကိုယ်အဆီတွေကိုစုစည်းပေးနိုင်ပြီး အဆီပိုတွေကိုလောင်ကျွမ်းစေတဲ့အတွက် အဝလွန်ခြင်းကိုကာကွယ်ပေးပါတယ်။ လေ့လာမှုတစ်ခုမှာလဲ ကယ်လိုရီနည်းသောအစားအစာစားသူတွေနဲ့ ဆန်လုံးညိုစားသူတွေနှိုင်းယှဉ်ပါက ဝမ်းဗိုက်အဆီပိုနည်းတာကိုတွေ့ရပါတယ်။ ဒါ့အပြင် ဆန်လုံးညိုရောင်ဆန်မှာ သံဓါတ်၊ ပိုတက်ဆီယမ်၊ ဗီတာမင်နဲ့တခြားမရှိမဖြစ်လိုအပ်တဲ့အဟာရတွေပါဝင်တဲ့အတွက် ရွေးချယ်စားသုံးသင့်ပါတယ်။

Featured Image Source: Medical News Today