သင့်အိမ်ထဲမှာ မလိုအပ်တော့တဲ့အသုံးအဆောင် ပစ္စည်းတွေ၊ မပြစ်ရသေးတဲ့အမှိုက်တွေနဲ့ ပြည့်နေတာက သင့်ကိုစိတ်ရှုပ်စေပါတယ်။ ဒါ့အပြင် ကျန်းမာရေးရှုထောင့်ကကြည့်ရင်လဲ အိမ်မှာလေဝင်လေထွက်မကောင်း ဖြစ်စေတဲ့အတွက် အခုလို Home Stay နေရင်း အပျင်းလည်းပြေ၊ နေလို့လဲကောင်းအောင် မလိုအပ်တာတွေ ရှင်းထုတ်လိုက်ပါ။ ဒီလို မလိုအပ်တဲ့ပစ္စည်းတွေရှင်းလိုက်ရင် ဘာတွေကောင်းကျိုးရမလဲဆိုတာ ဖတ်ကြည့်လိုက်ပါအုန်းနော်။

(၁) စိတ်ဖိစီးမှုတွေလျော့စေတယ်

Source : LegalFuel

ဖေ့စ်ဘုတ်ပေါ်က မလိုအပ်တဲ့သတင်းတွေကြည့်ဖို့ ခဏမေ့သွားတဲ့အတွက် စိုးရိမ်ကြောက်လန့်နေတဲ့ စိတ်တွေလဲလျော့ကျသွားမှာဖြစ်ပါတယ်။

(၂) ကောင်းကောင်းအိပ်ပျော်တယ်

Source : Shutterstock

ညအိပ်တဲ့အခါ သင့်အိပ်ခန်းထဲမှာပစ္စည်းတွေနဲ့ရှုပ်နေတာကို မျက်စိမှိတ်ထားလို့မမြင်ရပေမယ့် သင့်စိတ်ကတော့ ဒီအရှုပ်အထွေးတွေကိုခံစားမိပါတယ်။ သင်အိပ်ယာနဲ့အိပ်ခန်းကို သပ်သပ်ရပ်ရပ်ဖြစ်အောင်ရှင်းလင်း လိုက်တာက သင့်အတွက်ပိုမိုကောင်းမွန်စွာအိပ်ပျော်စေပါတယ်။

(၃) တီထွင်ဖန်တီမှုးစွမ်းအင်ကောင်းစေတယ်

Source : BrainMD

ရှုပ်ပွနေတဲ့ အလုပ်စားပွဲကသင့်ကိုအာရုံစူးစိုက်လို့မရဖြစ်စေပါတယ်။ လူတွေရှုပ်ထွေးနေတဲ့ပတ်ဝန်းမှာ အလုပ်လုပ်ဖို့ခက်ခဲသလိုပဲ သင့်ဘေးကမလိုအပ်တဲ့ပစ္စည်းတွေက သင့်ကိုအာရုံစူးစိုက်ဖို့ခက်ခဲစေတဲ့အတွက် ပိုပြီးစိတ် ပင်ပန်းရပါတယ်။ Work from Home လုပ်တဲ့သူတွေအတွက်လဲ အိမ်မှာအလုပ်လုပ်လို့ပိုကောင်းအောင် ကိုယ်အလုပ်လုပ်မယ့်နေရာကို သပ်သပ်ရပ်ရပ်ရှင်းလင်းထားသင့်ပါတယ်။

(၄) နေရာပိုကျယ်သွားမယ်

Source : The Telegraph

တကယ်လို့ သင့်အိမ်မှာကလေးတွေရှိနေရင် အိမ်မှာမလိုတဲ့ ပစ္စည်းရှင်းလိုက်တဲ့အခါ နေရာပိုကျယ်သွားတဲ့အတွက် ကလေးတွေအိမ်ပြင်ထွက်ဆော့မှာစိတ်ပူစရာမလိုဘဲ အိမ်ထဲမှာပဲကစားဖို့နေရာပိုကျယ်သွားပါမယ်။

(၅) စိတ်ပျော်ရွှင်စေတယ်

Source : Shutterstock

အိမ်ထဲက မလိုတော့တဲ့ပစ္စည်းတွေရှင်းသွားတဲ့အတွက် စိတ်ခံစားမှုပိုကောင်းစေပြီး သပ်သပ်ရပ်ရပ် ရှင်းရှင်းလင်းလင်းရှိနေတဲ့ သင့်အိမ်ရဲ့မြင်ကွင်းက သင့်စိတ်ကိုပျော်ရွှင်လာစေမှာသေချာပါတယ်။

တကယ်တော့ ကိုယ်နေထိုင်တဲ့အိမ်ကိုမလိုအပ်တဲ့ပစ္စည်းတွေနဲ့ပြည့်မနေအောင်ရှင်းလင်းခြင်းရဲ့ ကောင်းကျိုး တွေက အခုပြော ပြခဲ့တဲ့အချက်တွေထက်အများကြီးပိုပါတယ်။ ကဲဒါဆို Home Stay လုပ်ရင်း အကျိုးရှိအောင် အခုပဲအိမ်ရှင်းလိုက်ပါဦး။