ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းဟာ ခန္ဓာကိုယ်အတွက်ကောင်းကျိုးတွေများစွာရှိတယ်ဆိုတာ လူတိုင်းသိထားပြီဖြစ်မှာပါ။ ဒီလိုမျိုးကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းများစွာထဲမှာ မနက်ခင်းအပြေးလေ့ကျင့်ခြင်းဟာလည်း အကောင်းဆုံးသော အားကစားနည်းတစ်ခုဖြစ်ပါတယ်။ဒီတစ်ခေါက်မှာတော့ မနက်ခင်းအပြေးလေ့ကျင့်ခြင်းဖြင့် ရရှိနိုင်မယ့်အကျိုးကျေးဇူးတွေကိုမျှဝေပေးခြင်ပါတယ်။
(၁) ကယ်လိုရီပိုမိုလောင်ကျွမ်းစေတယ်
Source : Aaptiv
မနက်ခင်းအပြေးလေ့ကျင့်ခန်းပြုလုပ်ခြင်းဟာ ခန္ဓာကိုယ်ကြွက်သားတွေအပေါ်အကျိုးသက်ရောက်မှုအရှိဆုံး လေ့ကျင့်ခန်းတစ်ခုဖြစ်ပြီး အချိန်တိုအတွင်း ကယ်လိုရီများများလောင်ကျွမ်းစေဖို့ ကူညီပေးပါတယ်။အပြေးလေ့ကျင့်ခန်းဟာ လေ့ကျင့်ခန်းလုပ်ပြီး ၄၈ နာရီအထိတောင် ကယ်လိုရီဆက်လက်လောင်ကျွမ်းစေမှာဖြစ်ပါတယ်။
(၂) စိတ်ဖိစီးမှုလျော့ကျစေတယ်
Source : PodiumRunner
မနက်ခင်းအပြေးလေ့ကျင့်ခန်းပြုလုပ်တဲ့အခါ ခန္ဓာကိုယ်တွင်းက Endorphins ခေါ်တဲ့ ဟော်မုန်းတစ်မျိုးထွက်ရှိပြီး အဆိုပါဟော်မုန်းက စိတ်ဖိစီးမှုတွေကိုလျော့ချပေးမှာဖြစ်ပါတယ်။ဒါ့ကြောင့် စိတ်ဖိစီးမှုများတဲ့ ဝန်ထမ်းတွေ ကျောင်းသားကျောင်းသူတွေအတွက် သဘာဝအတိုငး စိတ်ဖိစီးမှုလျော့ပြီး ပျော်ရွှင်တဲ့စိတ်ခံစားမှုရရှိစေဖို့ မနက်ခင်းအပြေးလေ့ကျင့်ခန်းပြုလုပ်သင့်ပါတယ်။
(၃) လန်းဆန်းတက်ကြွမှုကိုပေးတယ်
Source : Runtastic
မနက်ခင်းစောစောအချိန်ဟာ ရာသီဥတုအနေအထားအရရော ပတ်ဝန်းကျင်အနေအထားကပါ စိတ်ကြည်လင်လန်းဆန်းစေတဲ့ အခြေအနေတစ်ခုမှာရှိပါတယ်။ မနက်စောစောအိပ်ယာထပြီး အပြေးလေ့ကျင့်ခန်းလုပ်မယ်ဆိုရင် လက်ဆတ်တဲ့ မနက်ခင်းရဲ့ သဘာဝတရားကြီးကိုခံစားရမှာဖြစ်သလို စိတ်ခံစားမှုလည်းကောင်းစေတာကြောင့် တစ်နေ့တာလုံးလန်းဆန်းတက်ကြွနေစေမှာဖြစ်ပါတယ်။
(၄) ဦးနှောက်နဲ့ မှတ်ဉာဏ်စွမ်းရည်တိုးတက်စေတယ်
Source : Runtastic
မနက်ခင်းတိုင်းကို ကိုယ်လက်လှုပ်ရှားအားကစားတစ်ခုဖြစ်တဲ့ အပြေးလေ့ကျင်းခန်းနဲ့ စတင်မယ်ဆိုရင် ဦးနှောက်ရဲ့လုပ်ဆောင်ချက်တွေကို ပိုမိုကောင်းမွန်စေပြီး အသက်အရွှယ်ကြီးရင့်လာတဲ့အထိမှတ်ဉာဏ်မော့လျော့တာမျိုးတွေ မဖြစ်နိုင်ပါဘူး။ဒါ့အပြင် အာရုံစူးစိုက်မှုလည်းပိုကောင်းလာစေမှာဖြစ်ပြီး စဉ်းစားတွေးခေါ်နိုင်စွမ်းတွေကို တိုးတက်စေမှာဖြစ်ပါတယ်။