ကော်ဖီဟာ ကမ္ဘာပေါ်မှာ အကျော်ကြာဆုံး အဖျော်ယမကာတစ်မျိုးဖြစ်ပါတယ်။ ကော်ဖီမှာပါဝင်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ နဲ့ အကျိုးပြအာဟာရတွေဟာ ကျန်းမာရေးအတွက် အကျိုးပြုစေနိုင်တယ်လို့ ကျွမ်းကျင်သူတွေက ပြောထားပါတယ်။ လေ့လာမှုအရ ကော်ဖီသောက်သုံးသူတွေမှာ ကြီးမားတဲ့ ကျန်းမာရေးပြဿနာ ဖြစ်နိုင်ခြေနည်းတယ်လို့ ဆိုထားပါတယ်။ ဒီနေ့ဆောင်းပါးမှာတော့ ကော်ဖီသောက်ခြင်းမှ ရရှိနိုင်တဲ့ အကျိုးကျေးဇူးတွေအကြောင်း ပြောပြပေးသွားမှာပါ။
အသက်ရှည်မယ်

Source: Riordan Clinic
လေ့လာမှုတစ်ခုအရ ကော်ဖီသောက်သုံးသူတွေဟာ နှလုံးရောဂါ၊ လေဖြတ်ခြင်း၊ ဆီးချိုနဲ့ ကျောက်ကပ်ရောဂါတွေကြောင့် အသက်သေဆုံးနိုင်ခြေ နည်းတယ်လို့ ဆိုထားပါတယ်။
အသည်း

Source: Redlife
ကော်ဖီမှာ အသည်းကို ကာကွယ်ပေးနိုင်တဲ့ ဂုဏ်သတ္တိရှိနေပါတယ်။ လေ့လာမှုအရ ကော်ဖီသောက်သုံးသူတွေမှာ ကော်ဖီမသောက်သူတွေထက် အသည်းအင်ဇိုင်း ပါဝင်မှုမြင့်မားနေတယ်လို့ ဆိုထားပါတယ်။
ကော်ဖီနဲ့ ဦးနှောက်

Source: Linkedyme
ကော်ဖီမှာပါဝင်တဲ့ အော်ဂဲနစ်ဓာတုပစ္စည်းတွေဟာ လူတွေရဲ့စိတ်ကိုလေးလံထိုင်းမှိုင်းစေတဲ့ (adenosine လို့ခေါ်တဲ့) ဓာတုပစ္စည်းရဲ့လုပ်ဆောင်မှုတွေကို ပိတ်ပင်ပေးတာကြောင့် တစ်နေ့တာတက်ကြွလန်းဆန်းစေပါတယ်။
ကော်ဖီဟာ လူတွေရဲ့ခန္ဓာကိုယ်ထဲက dopamine လို့ခေါ်တဲ့ အော်ဂဲနစ်ဓာတုပစ္စည်းထုတ်လုပ်မှုကို ပိုမိုမြန်ဆန်စေလို့ စိတ်ခံစားမှုကိုကောင်းမွန်စေပြီး အာရုံစူးစိုက်မှုကိုလည်း မြှင့်တင်ပေးပါတယ်။ သုတေသီတွေကတော့ ကော်ဖီရဲ့ ဦးနှောက်ပေါ်မှာရေရှည်အကျိုးသက်ရောက်နိုင်စွမ်းတွေကို လေ့လာနေဆဲပါပဲ။
ကော်ဖီနဲ့ခန္ဓာကိုယ်

Source: Healthline
လူအများစုကတော့ ကော်ဖီကို ဦးနှောက်လုပ်ဆောင်မှုတွေကို မြန်ဆန်ကောင်းမွန်စေလို့ သောက်သုံးကြပေမယ့်လည်း ကော်ဖီက ခန္ဓာကိုယ်ရဲ့တခြားလုပ်ဆောင်မှုတွေကိုလည်း အကျိုးပြုနိုင်ပါသေးတယ်။ ကော်ဖီက လူတွေခန္ဓာကိုယ်ရဲ့ဇီဝကမ္မဖြစ်စဉ်တွေကို မြန်ဆန်စေပါတယ်။ အကျိုးဆက်အားဖြင့် အဆီတွေကို ပိုမိုမြန်ဆန်စွာလောင်ကျွမ်းစေပါတယ်။
ကော်ဖီတစ်ခွက်မှာဆိုရင် လူတစ်ယောက်နေ့စဉ် စားသုံးသင့်တဲ့ ဗိုက်တာမင်ပမာဏတွေဖြစ်တဲ့ ဗိုက်တာမင် B2 (၁၁%)၊ ဗိုက်တာမင် B3 (၂%) နဲ့ ဗိုက်တာမင် B5 (၆%) ပါဝင်နေပါတယ်။ ကော်ဖီမှာပါဝင်တဲ့ဂုဏ်သတ္တိတွေဟာ အသည်းကိုလည်း ကောင်းမွန်စေပါတယ်။
တန်ဆေးလွန်ဘေးဆိုတဲ့ စကားအတိုင်း ကော်ဖီကိုလည်း အကန့်အသက်နဲ့သာ သောက်သုံးသင့်ပါတယ်။ အရွယ်ရောက်ပြီး လူတစ်ယောက်ဟာ တစ်ရက်ကို ကော်ဖီ (၄၀၀) မီလီဂရမ်သာ သောက်သုံးသင့်တယ်လို့ ကျွင်းကျင်သူတွေက ပြောထားပါတယ်။
